ဂါဇာ အပစ်ရက် ငါးရက်ဆက်

ဂါဇာ အပစ်ရက် ငါးရက်ဆက်

International News
ဂါဇာ အပစ်ရက် ငါးရက်ဆက်

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ဂါဇာ အပစ်ရက် ငါးရက်ဆက် ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ဂါဇာ အပစ်ရက် ငါးရက်ဆက်

အပြိုအပျက်ကြားက ဂါဇာ

ဂါဇာမှာ ငါးရက်ဆက် အပစ်ရပ်စဲရေး ယူနေချိန်မှာပဲ လူသားချင်း စာနာရေး အကူအညီတွေ ပိုပေးဖို့လိုတယ်လို့ ကူညီရေးအဖွဲ့တွေက ဆိုပါတယ်။

နောက်ထပ် နယ်စပ်ဂိတ်တွေ ပိုဖွင့်ပေးဖို့လည်း သူတို့က တောင်းဆိုကြပါတယ်။

အပစ်ရပ် ပထမ လေးရက်အတွင်း ကူညီရေး ထရပ်ကား ရှစ်ရာ ဂါဇာထဲကို အီဂျစ်ကနေ ဝင်ခဲ့တယ်လို့ အမေရိကန် အာဏာပိုင်တွေက ပြောပါတယ်။

ဒါပေမဲ့ ဂါဇာမှာ ကျန်းမာရေးစနစ် ပြန်မရပ်တည်နိုင်ရင် ရောဂါတွေဖြစ်ပြီး လူအများကြီး သေနိုင်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က သတိပေးထားပါတယ်။

ကြောက်စရာ စစ်ဒဏ်ရာကြီးတွေနဲ့ ကလေးအများအပြား ဆေးမကုနိုင်ဘဲ ပန်းခြံနဲ့ ကားကွင်းတွေထဲ လဲနေကြတာ တွေ့ရတယ်လို့ ဂါဇာမြောက်ပိုင်းက ယူနီဆက် အဖွဲ့က ပြောပါတယ်။

နောက်ထပ် အစ္စရေးနဲ့ ပါလက်စတိုင်း ဓားစာခံတွေလည်း ဒီနေ့ လွှတ်ပေးဖို့ ရှိပါတယ်။

ရေးသားသူ –BBC Burmese

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

 

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...