အလုပ်စဝင်တဲ့ ပထမဆုံးနေ့မှာပဲ iPhones ၅၃ လုံး ခိုးယူခဲ့သူ

International News
အလုပ်စဝင်တဲ့ ပထမဆုံးနေ့မှာပဲ iPhones ၅၃ လုံး ခိုးယူခဲ့သူ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ အလုပ်စဝင်တဲ့ ပထမဆုံးနေ့မှာပဲ iPhones ၅၃ လုံး ခိုးယူခဲ့သူ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

အလုပ်စဝင်တဲ့ ပထမဆုံးနေ့မှာပဲ iPhones ၅၃ လုံး ခိုးယူခဲ့သူ

ရုရှားအမျိုးသားတစ်ယောက်ဟာ မော်စကိုမြို့ အီလက်ထရောနစ်စတိုးမှာ ပထမဆုံး အလုပ်စဝင်တဲ့နေ့မှာပဲ iPhones အသစ် ၅၃ လုံး ခိုးယူခဲ့လို့ ဖမ်းဆီးခံခဲ့ရပါတယ်။ အခုလအစောပိုင်းမှာ ရုရှားပြည်ထဲရေးဝန်ကြီးဌာနက လွှင့်တင်ခဲ့တဲ့ ဗီဒီယိုဖိုင်အရ အမျိုးသားတစ်ယောက်ဟာ မော်စကိုမြို့ အီလက်ထရောနစ် စတိုးဆိုင်တစ်ခုမှာ ခရီးဆောင် လက်ဆွဲအိတ်နဲ့ တခြားအိတ်တွေထဲကို iPhone တွေ ထည့်နေတာ တွေ့ရပါတယ်။

သူဟာ စောင့်ကြည့်ကင်မရာရှေ့ တည့်တည့်မှာ iPhone တွေကို အိတ်ထဲ ခိုးထည့်နေတာ ဖြစ်ပြီး iPhone ၅၃ လုံးနဲ့ ရူဘယ်ငွေ ၅၃၀၀၀ ကို ယူပြီး စတိုးဆိုင် ရှေ့တံခါးကနေ ထွက်သွားခဲ့တာပါ။

အသက် ၄၄ နှစ်အရွယ်ရှိတဲ့ အဲဒီအမျိုးသားဟာ အဲဒီနေ့ကမှ အီလက်ထရောနစ်စတိုးမှာ အရောင်းမန်နေဂျာအဖြစ် အလုပ်စဝင်ခဲ့တာ ဖြစ်ပါတယ်။ သူဟာ စာရွက်စာတမ်းအတုတွေလုပ်ပြီး အရောင်းမန်နေဂျာရာထူး ရယူခဲ့တာလို့ ရဲတပ်ဖွဲ့ သတင်းရင်းမြစ်တွေက ဆိုပါတယ်။ သူဟာ iPhone တွေနဲ့ ပိုက်ဆံတွေ ခိုးယူသွားပြီးနောက် သူ့ရဲ့ဇာတိမြေ ဆီဗာစတိုပေါမြို့ကို ပြန်သွားခဲ့ပေမဲ့ စောင့်ကြည့်ကင်မရာ မှတ်တမ်းမှာ သူ့ရဲ့လှုပ်ရှားမှုကို မြင်တွေ့ရပြီးနောက် ရဲတပ်ဖွဲ့က အချိန်တိုအတွင်း ဖမ်းဆီးနိုင်ခဲ့တာပါ။

ခိုးရာပါပစ္စည်းတွေကိုလည်း သူ့အိမ်မှာ သိမ်းဆည်းရမိခဲ့ပါတယ်။ ဒါပေမဲ့ သူကတော့ အိမ်အပြန်ခရီးမှာတင် ဖုန်းဒါဇင်နဲ့ချီ ရောင်းစားခဲ့ပြီးပြီလို့ ဆိုပါတယ်။ ဒီဖြစ်ရပ်မှာ ဆုံးရှုံးနစ်နာမှုတန်ဖိုးက ရူဘယ် ၃ သန်းနီးပါး ရှိတယ်လို့ စတိုးဆိုင်က ပြောပါတယ်။

ရေးသားသူ –Yoyarlay

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

 

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...