Ballon d’Or ဆုပေးပွဲမှာ ရုပ်ဆိုးအကျည်းတန်စေတဲ့ အဖြစ်အပျက်တစ်ခု

Ballon d’Or ဆုပေးပွဲမှာ ရုပ်ဆိုးအကျည်းတန်စေတဲ့ အဖြစ်အပျက်တစ်ခု

International News Sports
Ballon d’Or ဆုပေးပွဲမှာ ရုပ်ဆိုးအကျည်းတန်စေတဲ့ အဖြစ်အပျက်တစ်ခု

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ Ballon d’Or ဆုပေးပွဲမှာ ရုပ်ဆိုးအကျည်းတန်စေတဲ့ အဖြစ်အပျက်တစ်ခု ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

Ballon d’Or ဆုပေးပွဲမှာ ရုပ်ဆိုးအကျည်းတန်စေတဲ့ အဖြစ်အပျက်တစ်ခု

ပြီးခဲ့တဲ့ရက်ပိုင်းက ကျင်းပခဲ့တဲ့ Ballon d’Or ဆုပေးပွဲမှာ အာဂျင်တီးနားဂိုးသမား အမ်မီလီယာနို မာတီနက်ဇ်ဟာ (၂၀၂၃)ခုနှစ်အတွက် အကောင်းဆုံးဂိုးသမားဆု(လက်ဗ်ယာရှင်ဆု)ကို ရရှိခဲ့ပါတယ်။

ဒီဆုကို ချီးမြှင့်ပေးခဲ့သူကတော့ ချယ်လ်ဆီးနဲ့ အိုင်ဗရီကို့စ်အသင်းတွေရဲ့ ဂန္ထဝင်တိုက်စစ်မှူး ဒီဒီယာ ဒရော့ဘာပါ။

ဆုချီးမြှင့်ချိန်မှာတော့ စင်မြင့်ထက်မှာ မာတီနက်ဇ်ရဲ့ ဂိုးပေါက်ကာကွယ်မှုတချို့ကို Highligth ပြန်ပြခဲ့ပါတယ်။ အဲဒီထဲမှာ (၂၀၂၂)ကမ္ဘာ့ဖလား ဗိုလ်လုပွဲတုန်းက ပြင်သစ်အသင်းက ကိုလိုမူအာနီရဲ့ နောက်ဆုံးမိနစ်ကန်ချက်ကို မာတီနက်ဇ်ကာကွယ်ခဲ့တဲ့ ပုံရိပ်တွေလည်း ပါခဲ့ပါတယ်။

Ballon d’Or ဆုပေးပွဲဟာ ပြင်သစ်နိုင်ငံ ပါရီမြို့မှာ ကျင်းပတာပါ။ အဲဒါကြောင့် ပွဲတက်ပရိသတ်အများစုဟာ ပြင်သစ်နိုင်ငံသားတွေ ဖြစ်နေတာ မဆန်းပေမယ့် အဲဒီပရိသတ်တွေကပဲ မာတီနက်ဇ်ကို ဆုချီးမြှင့်ချိန်မှာ စင်အောက်ကနေ ဝိုင်းဝန်းလှောင်ပြောင်ခဲ့ကြတာတော့ ထူးဆန်းနေပါတယ်။

ပြောရမယ်ဆိုရင် ဘောလုံးဆိုတာ အားကစားနည်းတစ်ခုပါ။ ဆုချီးမြှင့်ချိန်မှာတော့ ကိုယ့်အသင်း ၊ သူ့အသင်း ၊ ကိုယ့်နိုင်ငံ ၊ သူ့နိုင်ငံ ခွဲခြားမနေဘဲ စွမ်းဆောင်ရည်တစ်ခုတည်းကိုသာကြည့်ပြီး အားပေးသင့်တာပါ။

ဆုပေးပွဲကျင်းပမယ့် Theatre du Chatelet ကို လာရာလမ်းတစ်လျှောက်မှာလည်း ပြင်သစ်ပရိသတ်တ​ွေဟာ မာတီနက်ဇ်နဲ့ သူ့ဇနီး အာမန်ဒါ ဂါမာ(Amanda Gama)တို့ကို ဝိုင်းဝန်းလှောင်ပြောင်ခဲ့ကြပါတယ်။

Emi Martinez has last laugh after “Mbappe” chants and boos at Ballon d'Or  ceremony - Mirror Online

ကာယကံရှင် မာတီနက်ဇ်ကိုယ်တိုင်က ပြင်သစ်ပရိသတ်တွေရဲ့ အကျည်းတန်လွန်းတဲ့ အပြုအမူကြောင့် မျက်စိမျက်နှာပျက်နေခဲ့ပေမယ့် လုံးဝငြိမ်ခံမနေဘဲ မာတီနက်ဇ်ဘက်ကနေ ရပ်တည်ပေးခဲ့သူကတော့ ဒရော့ဘာပါ။

ဒရော့ဘာဟာ စင်မြင့်ပေါ်ကနေပြီး ပြင်သစ်ပရိသတ်တွေကို တိုးတိုးနေဖို့နဲ့ ကမ္ဘာ့ဖလားချန်ပီယံအသင်းသားတစ်ယောက်ကို လေးစားမှုရှိဖို့အတွက် မာတီနက်ဇ်ကိုယ်စား ဒေါသတကြီးနဲ့ ပြောခဲ့တာပါ။ ဆုပေးပွဲအပြီး အင်တာဗျူးမှာလည်း ဒရော့ဘာက ပြင်သစ်ပရိသတ်တွေကို ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ပြီး အားကစားစိတ်ဓာတ်မရှိသူတွေဆိုပြီး အပြစ်တင်ခဲ့ပါတယ်။

ရေးသားသူ –Vidya Sports

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

 

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...