ကမ္ဘာ့တန်ကြေးအမြင့်ဆုံး ဝီစကီအဖြစ် ပေါင် ၂.၁ သန်းနဲ့ လေလံအောင်ခဲ့တဲ့ ဝီစကီပုလင်း

International News
ကမ္ဘာ့တန်ကြေးအမြင့်ဆုံး ဝီစကီအဖြစ် ပေါင် ၂.၁ သန်းနဲ့ လေလံအောင်ခဲ့တဲ့ ဝီစကီပုလင်း

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ကမ္ဘာ့တန်ကြေးအမြင့်ဆုံး ဝီစကီအဖြစ် ပေါင် ၂.၁ သန်းနဲ့ လေလံအောင်ခဲ့တဲ့ ဝီစကီပုလင်း ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ကမ္ဘာ့တန်ကြေးအမြင့်ဆုံး ဝီစကီအဖြစ် ပေါင် ၂.၁ သန်းနဲ့ လေလံအောင်ခဲ့တဲ့ ဝီစကီပုလင်း

ကမ္ဘာ့ဝယ်လိုအား အမြင့်ဆုံး ဝီစကီတစ်ပုလင်းဟာ လေလံပြပွဲမှာ ပေါင် ၂.၁ သန်း ( မြန်ာမငွေ သန်း ၉၀၀၀ နီးပါး) နဲ့ လေလံအောင်ခဲ့ပါတယ်။ အခုလေလံအောင်ခဲ့တဲ့ The Macallan 1926 ဝီစကီဟာ ဝက်သစ်ချစည်ထဲမှာ နှစ် ၆၀ ကြာ စိမ်ပြီး ၁၉၈၆ ခုနှစ်မှာ ထုတ်လုပ်ခဲ့တဲ့ ဝီစကီပုလင်း ၄၀ အနက် တစ်ပုလင်းဖြစ်ပြီး Macallan ရဲ့ သက်တမ်းအရင့်ဆုံးဝီစကီ ဖြစ်ပါတယ်။

အဲဒီဝီစကီပုလင်း ၄၀ ကို ဈေးကွက်တင် ရောင်းချခဲ့ခြင်းမရှိဘဲ Macallan ရဲ့ ထိပ်တန်းဖောက်သည်တွေကိုပဲ ဝယ်ယူခွင့်ပေးခဲ့တာပါ။ ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၃ ရက်က လန်ဒန်မြို့မှာ ကျင်းပခဲ့တဲ့ Sotheby လေလံပွဲမှာ ပေါင် ၂.၁ သန်းနဲ့ လေလံအောင်ခဲ့တာဖြစ်ပြီး ကမ္ဘာ့တန်ဖိုးအကြီးဆုံး ဝီစကီအဖြစ် စံချိန်တင်နိုင်ခဲ့တာပါ။


ဝီစကီပုလင်းရဲ့ စက္ကူပတ်ဒီဇိုင်းကိုတော့ အီတလီပန်းချီဆရာ ဗယ်လာရီယိုအဒါမီက ရေးဆွဲပေးခဲ့တာဖြစ်ပါတယ်။

ရေးသားသူ –Yoyarlay

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

 

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...