ဥမင်လိုဏ်ခေါင်းထဲ ၉ ရက်ကြာ ပိတ်မိနေတဲ့ အိန္ဒိယဆောက်လုပ်ရေးအလုပ်သမားများရဲ့ ပထမဆုံး ရုပ်သံမှတ်တမ်း ထွက်ပေါ်လာ
မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ဥမင်လိုဏ်ခေါင်းထဲ ၉ ရက်ကြာ ပိတ်မိနေတဲ့ အိန္ဒိယဆောက်လုပ်ရေးအလုပ်သမားများရဲ့ ပထမဆုံး ရုပ်သံမှတ်တမ်း ထွက်ပေါ်လာ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။
ဥမင်လိုဏ်ခေါင်းထဲ ၉ ရက်ကြာ ပိတ်မိနေတဲ့ အိန္ဒိယဆောက်လုပ်ရေးအလုပ်သမားများရဲ့ ပထမဆုံး ရုပ်သံမှတ်တမ်း ထွက်ပေါ်လာ
လွန်ခဲ့တဲ့ ၉ ရက်အကြာက အိန္ဒိယနိုင်ငံမှ ဥမင်လိုဏ်ခေါင်းထဲ ပိတ်မိနေတဲ့ အလုပ်သမား ၄၁ ယောက်ရဲ့ ပထမဆုံး ရုပ်သံမှတ်တမ်း ထွက်ပေါ်လာခဲ့ပါတယ်။ နိုဝင်ဘာလ ၁၂ ရက် နံနက်ပိုင်းက အိန္ဒိယနိုင်ငံ ဥတ္တရာခန်းပြည်နယ်မှာ မြေပြိုမှုဖြစ်ပွားပြီး ဆောက်လုပ်စ မြေအောက်ဥမင်လိုဏ်ခေါင်းတစ်ခု ပြိုကျခဲ့တာပါ။
ဥမင်လိုဏ်ခေါင်း ပြိုကျပြီး သိပ်မကြာခင်မှာပဲ မြေအောက်ထဲကို တူးပြီး အချင်း ၄ လက်မ ပိုက်တစ်ချောင်း ထည့်သွင်းကာ ပိတ်မိနေတဲ့ အလုပ်သမားတွေနဲ့ အဆက်အသွယ် လုပ်နိုင်ခဲ့ပါတယ်။ ပိတ်မိနေသူတွေကို အောက်ဆီဂျင်၊ ရေနဲ့ အစားအစာ ပေးပို့နိုင်ခဲ့ပါတယ်။
ပြီးခဲ့တဲ့ တနင်္လာနေ့ညနေပိုင်းမှာတော့ ကယ်ဆယ်ရေးအဖွဲ့တွေက အကျိုးအပဲ့ အပျက်အစီးတွေကြားထဲကနေ အချင်း ၆ လက်မရှိတဲ့ ပိုက်တစ်ချောင်းကို ဥမင်လိုဏ်ခေါင်းထဲ ထပ်မံထည့်သွင်းနိုင်ခဲ့ပါတယ်။ အဲဒီပိုက်သစ်ထဲကို ကင်မရာထည့်ပြီး ပိတ်မိနေသူတွေရဲ့ အခြေအနေကို ရုပ်သံမှတ်တမ်း ရိုက်ကူးနိုင်ခဲ့တာပါ။
အဲဒီဗီဒီယိုထဲမှာ ပိတ်မိနေသူတွေက ပြုံးပြ၊ လက် ဝှေ့ယမ်းပြပြီး သူတို့ရဲ့ အမည်နာမတွေကို တစ်ဦးချင်း ပြောပြခဲ့ကြပါတယ်။
ပိတ်မိနေသူတွေကို သိပ်မကြာခင် ကယ်ထုတ်နိုင်မယ်လို့ သက်ဆိုင်ရာအရာရှိတွေက ဆိုပါတယ်။ လာမယ့် ၂ ရက်၊ ၃ ရက်အတွင်း ကယ်ဆယ်ရေးလုပ်ငန်းတွေ စတင်လုပ်ဆောင်သွားမယ်လို့ အမြန်လမ်းနဲ့ လမ်းပိုင်းဆိုင်ရာ ပြည်ထောင်စုဝန်ကြီး နီတင်ဂါဒကာရီက ပြောပါတယ်။
ရေးသားသူ –Yoyarlay
မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။
မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။