ရန်ကုန်လေဆိပ်မှာ နောက်ဆုံးပေါ် အိုင်ဖုန်းအလုံးရေရာချီ၊ ဒေါ်လာနဲ့ ရွှေတွေ ဖမ်းမိ
မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ရန်ကုန်လေဆိပ်မှာ နောက်ဆုံးပေါ် အိုင်ဖုန်းအလုံးရေရာချီ၊ ဒေါ်လာနဲ့ ရွှေတွေ ဖမ်းမိဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။
ရန်ကုန်လေဆိပ်မှာ နောက်ဆုံးပေါ် အိုင်ဖုန်းအလုံးရေရာချီ၊ ဒေါ်လာနဲ့ ရွှေတွေ ဖမ်းမိ
ရန်ကုန်အပြည်အပြည်ဆိုင်ရာလေဆိပ်မှာ နောက်ဆုံးပေါ် အိုင်ဖုန်း (15 Pro Max) အလုံးရေ ၂၅၀ ကျော်၊ အမေရိကန်ဒေါ်လာ တစ်သိန်းကျော်နဲ့ အလေးချိန် ၁ ကီလိုရှိတဲ့ ရွှေတုံး ၁၆ တုံးကို နိုဝင်ဘာလ ၄ ရက်မှာ ဖမ်းဆီးရမိတယ်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ပါတယ်။
တရားဝင် စာရွက်စာတမ်း အထောက်အထား မတင်ပြနိုင်တဲ့အဲဒီပစ္စည်းတွေကို ခရီးသည် ၃ ဦးရဲ့ သွင်းကုန်တွေထဲကနေ ဖမ်းဆီးမိတာဖြစ်ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းတွေနဲ့ အရေးယူဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။
အဲဒီနေ့ တစ်နေ့တည်းမှာပဲ ပဲခူးတိုင်း၊ ဝေါမြို့နယ်ထဲမှာ ကျိုက်ထိုကနေ ဒိုက်ဦးကို မောင်းလာတဲ့ ကားတစ်စီးပေါ်မှာ အထောက်အထားစာရွက်စာတမ်းမပြနိုင်တဲ့ စားအုန်းဆီ လီတာ ၅,၀၀၀ ကျော်နဲ့ ကားတစ်စီး၊ ဘုရားကြီးမြို့နားမှာ သွင်းကုန်ကြေညာထားခြင်းမရှိတဲ့ ကားတာယာ ၁၈ လုံး၊ အဲဒီပစ္စည်းတွေကို တင်လာတဲ့ကားတစ်စီးနဲ့နောက်တွဲယာဥ်တစ်စီးကို တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့ရဲ့ စီမံခန့်ခွဲမှုနဲ့ ဖမ်းမိခဲ့တယ်လို့လည်း ဆိုပါတယ်။
ဒါ့အပြင် နိုဝင်ဘာလ ၃ ရက်မှာ အေးရှားဝေါလ် ကုန်သေတ္တာ စစ်ဆေးရေး စခန်းထဲကနေ Wellman အားဆေးဘူး ၁၀,၀၀၀ ကျော်နဲ့ တနင်္သာရီတိုင်း၊ မြိတ်မြို့၊ ထားဝယ်စုရပ်မှာ အကောက်ခွန်မဲ့ ဖဲထုပ် ၄,၆၀၀ ကျော်ကို ဖမ်းဆီးမိခဲ့တယ်လို့ လည်း ဆိုပါတယ်။
နိုဝင်ဘာလ ၃ ရက်နဲ့ ၄ ရက်မှာ ဖမ်းဆီးမှု ၁၂ ခုမှာ ဖမ်းမိတဲ့ပစ္စည်းတန်ဖိုးဟာ မြန်မာကျပ်ငွေ သန်း ၄,၃၀၀ ကျော်ရှိတယ်လို့လည်း သိရပါတယ်။
ရေးသားသူ –BBC Burmese
မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။
မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။