သင်ဘယ်အလုပ်နဲ့အကျိုးပေးမှာလဲ

Astrology
သင်ဘယ်အလုပ်နဲ့အကျိုးပေးမှာလဲ

အခုတခါ ကျွန်တော်ပြောပြပေးမှာကတော့ မြန်မာ့ရိုးရာ ရှေးဟောင်း ဗေဒင်တွက်နည်းလေးတစ်ခုပဲဖြစ်ပါတယ် ။ သစ်ပင်တွေကိုကိုယ်စားပြုပြီး မိမိကဘာပင်ဖွားလဲဆိုတာသိရင် အဖြေရှာကြည့်နိုင်ပါပြီ ။ ကျွန်တော်တို့အဘဆရာကြီး ဒေါက်တာမင်းသိင်္ခရဲ့ တွက်စစ်နည်း မဟုတ်ပါကြောင်း ကြိုတင် ပြောကြားလိုပါတယ် ။ ရှေးဟောင်း ဗေဒင်ကျမ်းအဆိုသာ ဖြစ်ပါတယ် ခင်ဗျာ ။

ပထမဆုံး မိမိရဲ့ မြန်မာမွေးသက္ကရာဇ်ကို တည်ပြီး(၁){-}ပါ ။ ပြီးရင် (၁၂)နဲ့ {÷}ပေးပါ ။
အကြွင်းကိုကြည့်ရင် မိမိဘာပင်ဖွားလဲဆိုတာ
သိနိုင်ပါပြီ ။
ဥပမာ ၁၃၃၃ခုနှစ်ဖွားကို တွက်ပြပါမယ် ။
၁၃၃၃
_ ၁
_______
၁၃၃၂ ÷ ၁၂ ဆိုရင် (၀)ကြွင်းပါတယ် ။
အကြွင်းဟောကိန်းကို ဖတ်ကြည့်ပါ ။

၁ကြွင်း(ထန်းပင်ဖွား)။

စိတ်ဓာတ်ဖြောင့်မတ်ရိုးသားပြီး ရိုးရိုးအေးအေး
နေထိုင်လုပ်ကိုင်လိုသူမျိုးဖြစ်သည်။ လယ်ယာကုန်ထုတ်လုပ်ငန်းမျိုးနှင့်အကျိုးပေးသူဖြစ်၍ ဥယျာဥ်ခြံမြေ စိုက်ပျိုးရေးလုပ်သင့်ပါသည် ။

၂ကြွင်း(အုန်းပင်ဖွား) ။

လွတ်လပ်စွာ နေထိုင်လုပ်ကိုင်တတ်သူ ၊ အစိုးရဝန်ထမ်းနှင့်မသင့်လျော်ပါ ။ကိုယ်ပိုင်စီးပွားရေးကိုဦးစားပေးလုပ်ကိုင်ပါက နာမည်ကျော်ကြားအောင်မြင် ကြီးပွားတတ်ပါသည် ။ အနုပညာအလုပ် ၊ ကုန်သည်အလုပ်များဖြင့်အကျိုးပေးသည် ။

၃ကြွင်း(ကညင်ပင်ဖွား)။

ဝန်ထမ်းလခစားအလုပ်အကျိုးပေးပါသည်။
ငယ်နာမည်ပျောက်ပြီးကြီးနာမည်နှင့်ကျော်ကြား
တတ်ပါသည်။ အကြီးအကဲဖြစ်မည် ။ တန်ခိုးအာဏာကြီးမားတတ်သည် ။ ဒေါသကြီးတတ်ခြင်းကိုတော့ ဆင်ခြင်ထိန်းသိမ်းပါ ။

၄ကြွင်း(လက်ပံပင်ဖွား)။

ပင်ပမ်းးခက်ခဲစွာ ရှာဖွေစားသောက်စရာ မလိုအောင် အတိတ်ကံ ကောင်းပါသည် ။ကြိုးစားလုပ်ကိုင်ရင်း တစ်နေ့ထက်တစ်နေ့ ကြွယ်ဝလာတတ်သူဖြစ်သည် ။ ကိုယ့်ကိုကိုယ် အထင်ကြီးတတ်ပြီး ကိုယ့်ကိုမှီခိုသူများလည်း ပေါတတ်ပါသည် ။
ပြီးလျှင် ထိုသို့မှီခိုသူများသည် ကိုယ့်ကျေးဇူးကို ပြန်မသိတတ်သူမျိုးနှင့် ကြုံရတတ်သည် ။လူယုံ အကျိုးမပေးတတ်ပါ ။ သရုပ်ဆောင်အတတ်မျိုးဖြင့် အကျိုးပေးတတ်ပါသည် ။

၅ကြွင်း(သင်္ကန်းပင်ဖွား) ။

မင်းစိုးရာဇာအား ခစားခြင်းဖြင့် မကြာမီအကြီးအကဲ ဖြစ်တတ်သူ ၊ ကုန်သည် ၊ လယ်လုပ် ၊ အကျိုးမပေးတတ်ပါ ။ လောဘနှင့် ဒေါသကိုလျှော့ပါ ။ တီထွင်ဖန်တီးတတ်သူ ၊ ကျော်စောတတ်သူ ။

၆ကြွင်း(ဗောဓိပင်ဖွား) ။

ကုန်သည်လုပ်ငန်း ၊ စိုက်ပျိုးရေးစသည့်
ကိုယ်ပိုင်အရောင်းအဝယ်လုပ်ငန်းများဖြင့်
ကြွယ်ဝတတ်သည် ။ ဘာသာတရားရိုသေကိုင်းရှိုင်းတတ်သူ ၊ စိတ်စေတနာကောင်းတတ်သူဖြစ်ပါသည် ။

၇ကြွင်း ၀ကြွင်း (ငှက်ပျောပင်ဖွား) ။

သူများကို အထင်မကြီးတတ်သလို မည်သူအားကိုးမှလည်း မရတတ်ပါ ။ ကိုယ့်ဒူးကိုယ်ချွန်ရင်း တိုးတက်တတ်သူပါ ။ ပေးကမ်းစွန့်ကြဲခြင်း အားကောင်းတတ်သူ ၊ ကိုယ်ပိုင်လုပ်ငန်းမှန်သမျှအကျိုးပေးပါသည် ။

၈ကြွင်း(ကသစ်ပင်ဖွား) ။

ကိုယ်ပိုင် စီးပွားကုန်သည်လုပ် လုပ် ၊အစိုးရဝန်ထမ်းလုပ် လုပ် အကျိုးပေးတတ်သူပါ ။စိတ်ထားကောင်းသူ ၊ တည်ကြည်ရဲရင့်ပြီး သူ့တပါးကျေးဇူး သိတတ်သူမျိုးဖြစ်ပါသည် ။

၉ကြွင်း(ပိန္နဲ ပင်ဖွား) ။

ဘာပဲလုပ်လုပ်ကိုယ်ကဦးဆောင်ရမှ
ကျေနပ်သူ ၊ လူ့ရိပ် လူကဲလွန်စွာ သိသူ ၊ အစိုးရဝန်ထမ်းလုပ်သင့်သည် ။

၁၀ကြွင်း(သင်္ဘောပင်ဖွား) ။

ဘဝမှာငယ်စဥ်အခါကဒုက္ခရောက်တတ်သော်
လည်း အသက်ကြီးပိုင်းရောက်လေ ကောင်းတတ်ပါသည် ။ ကုန်သွယ်လျှင်ကြီးပွား ၊ ဆေးဆရာဆိုကျော်ဇော ၊ ဗေဒင်ဆရာဆို ဟောတိုင်းမှန်၍ ဝန်ထမ်းလုပ်လျှင်လည်း အကြီးအကဲဖြစ်တတ်ပါသည် ။

၁၁ကြွင်း(ကြာပင်ဖွား) ။

စိတ်ကောင်းရှိသူ ၊ ရိုးသားသူ ၊ လူ့အရိပ်အကဲ
သိပြီး ကြင်နာသနားတတ်သူ ၊ အရာရှိကြီး ၊ ဗေဒင် ၊ ဆေးဝါး ၊ဆရာသမားတော်ကြီးမျိုး ဖြစ်တတ်ပါသည် ။

၀ကြွင်း(ပလ္လင်ပင်ဖွား)။

မဟုတ်မမှန် မလုပ်တတ် ၊ အေးဆေးစွာ နေလိုသူဖြစ်ပါသည် ။ မင်း၊အစိုးရတို့နှင့် မပတ်သက်သည့်
ကုန်သည် ၊ လယ်လုပ် ၊ စိုက်ပျိုးရေးတို့ဖြင့်သာ
အကျိုးပြုပါသည် ။

ရေးသားသူ –သာထက်ဇော်(မကွေး)

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

 

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...