အိမ်ထောင်ရေးပေါင်းဖက်မှုကံဇာတာဖတ်ခြင်း

Astrology
အိမ်ထောင်ရေးပေါင်းဖက်မှုကံဇာတာဖတ်ခြင်း

တူနှစ်ကိုယ်ပေါင်းဖက်မဲ့ဘဝမှာ အိမ်ထောင်ရေး ကံဇာတာ ဘယ်လိုရှိမလဲဆိုတာအတွက် ဇာတာတိုက်ဆိုင်စစ်ဆေးနည်း များစွာရှိပါတယ်။ အရှေ့တိုင်း အနောက်တိုင်း နက္ခတ်ဗေဒင်ပညာဖြင့် ဇာတာတိုက်ဆိုင်စစ်ဆေးခြင်း၊ ဂဏန်းဗေဒင်ဇာတာတိုက်ဆိုင်စစ်ဆေးခြင်း ၊ မြန်မာ့ရိုးရာမဟာဘုတ်ဗေဒင်ပညာ ဆန်းကျမ်းဗေဒင်ပညာ စသည်တို့ဖြင့် တိုက်ဆိုင်စစ်ဆေးခြင်းများစွာထဲမှ ရှေးပညာရှင်ကြီးများ အသုံးပြုခဲ့သော နေ့နံကို သိရုံဖြင့် ဇာတာတိုက်ဆိုင်စစ်ဆေးနည်းကို စာဖတ်သူများ လက်တွေ့တွက်စစ်ကြည့်နိုင်ဖို့ ဖော်ပြပေးလိုက်ပါတယ်…

ဦးစွာ အမျိုးသားနေ့နံ နဲ့ အမျိုးသမီးနေ့နံ ၂ခုကို သိဖို့လိုပါတယ်။ တွက်စစ်နည်းကတော့ အမျိုးသားရဲ့ နေ့နံ နဲ့ အမျိုးသမီးရဲ့ နေ့နံ ၂ခုကို ပေါင်းပြီး ၅ နဲ့မြှောက်ရမှာဖြစ်ပါတယ်။ မြှောက်လို့ရလာတဲ့ မြှောက်လဒ်ကို ၇ နဲ့စားပြီး အကြွင်းကို မှတ်သားပြီး အကြွင်းလိုက် နှစ်ဦးပေါင်းကံဇာတာ အနေအထားကို သိနိုင်ပါပြီ။

ဥပမာ – တနင်္ဂနွေသား နှင့် သောကြာသမီးဆိုပါစို့ ။တနင်္ဂနွေသည် ၁ ဂဏန်းကိုယ်စားပြုပြီး သောကြာသည် ၆ဂဏန်းကိုယ်စားပြုတာကြောင့် ၁ နဲ့ ၆ ပေါင်းရင် ၇ ဂဏန်းရပါမယ် ။ ၎င်း ၇ ဂဏန်းကို ၅နဲ့မြှောက်လိုက်ရင် ၃၅ ရပါမယ်။ ၎င်း ၃၅ ကို ၇နဲ့စားတဲ့အခါ အကြွင်း (ဝ) ရပါမယ်။ ဒ့ါကြောင့် (ဝ) ကြွင်းရတဲ့ နှစ်ဦးဘဝပေးကံကို ဖက်ရှုရပါမယ်။ ဒီလောက်ဆို တွက်စစ်နည်းကို နားလည်လောက်ပါပြီ။ အကြွင်းလိုက် နှစ်ဦးပေါင်းဖက်မှု ကံအနေအထားများကတော့ …

(၁)ကြွင်းစုံတွဲများသည် ဘဝတွင် စီးပွားကံဘက်အားနည်းတတ်သည်။ နှစ်သီးပေါင်း စီးပွားလုပ်ငန်းရေးရာကိစ္စများတွင် ထင်သလိုမဖြစ်တတ်ခြင်း၊ အကျိုးအမြတ်နည်းခြင်း တို့ကြောင့် ဘဝတွင် လုပ်ငန်းစီးပွားကို ခွဲပြီးလုပ်ကိုင်ဆောင်ရွက်ခြင်းက ပိုမိုအဆင်ပြေစေပါလိမ့်မည်။

(၂)ကြွင်းစုံတွဲများသည် သားသမီး မထွန်းကားမီ ခက်ခဲသော အနေအထားအချို့ရင်ဆိုင်ဖြတ်သန်းရတတ်ပြီး သားသမီးတစ်ဦးထွန်းကားပြီးပါက ချမ်းသာကြွယ်ဝခြင်း ငွေကြေးစီးပွားတိုးတက်ဖြစ်ထွန်းလာပေမည်။

(၃)ကြွင်းစုံတွဲများသည် စားရေး ရိက္ခာပေါကြွယ်ဝခြင်း၊ ဥစ္စာပစ္စည်း ပြည့်စုံခြင်း တို့ဖြစ်ထွန်းလာမည်။ နှစ်ဦးပေါင်းဖက်လုပ်ကိုင်သည်များမှ အကျိုးအမြတ်ရရှိခံစားရပေမည်။

(၄)ကြွင်းစုံတွဲများသည် လူပုံအလယ်တွင် ဂုဏ်သတင်းကျော်ဇောခြင်း စီးပွားဥစ္စာဖြစ်ထွန်းခြင်းများ ရရှိခံစားရပေမည်။ သို့သော် သားသမီး ၂ဦး ထွန်းကားပြီးချိန်တွင် အိမ်ထောင်ရေး ခွဲခွာ ကွဲကွာနေရတတ်ခြင်းမျိုးကံ သတိပြုရပါမည်။

(၅)ကြွင်းစုံတွဲများသည် ယဉ် ကား ပိုင်ဆိုင်မှုကံအားကောင်းတတ်သည်။ အိမ်ထောင်ဦးစပိုင်း အခက်အခဲများကျော်ဖြတ်ပြီး အဆုံးပိုင်းတွင် ပြန်လည်ဆုံစည်း ဦးမော့လာတတ်သောကံမျိုးဖြစ်သည်။

(၆)ကြွင်းစုံတွဲများသည် ဘေးစကား သွေးသားအနှောင့်အယှက်များ အစပိုင်းတွင် ကြုံတွေ့ရပြီး နှောင်းပိုင်းတွင် ပြန်လည်အဆင်ပြေသင့်မြတ်မည်။ လုပ်ငန်းစီးပွား အိမ်ထောင်သက်ရှည်လေ ဖြစ်ထွန်းလေဖြစ်မည်။

(ဝ)ကြွင်းစုံတွဲများသည် အခက်အခဲ များရင်ဆိုင်ရတတ်ပြီး နှောင်းပိုင်းတွင် သားသမီးတစ်ဦးထွန်းကားပြီး ခွဲခွနေရတတ်ခြင်း ကြုံရတတ်သည်။

အထက်ပါ အကြွင်းလိုက် နှစ်ဦးပေါင်းဖက်မှုကံအနေထားများသည် ရှေးနှစ်ပေါင်း ရာကျော်ခန့်မှ ပညာရှင်ကြီးများ ရေးသားခဲ့သော ကျမ်းလာ ဟောကိန်းများဖြစ်ပါသည်။
နှစ်ဦးပေါင်းဖက်မှုကံ အနေအထားအရ မည်သို့ပင်ဖြစ်စေကာမူ အရာရာ ကံ ဉာဏ် ဝီရိယ ၃ ဌာနပေါင်းမှ အောင်မြင်ကြောင်းကို သိမြင်တွေးဆပြီး ကံကောင်းသော စုံတွဲများသည်လည်း ဉာဏ်ဝီရိယ စိုက်ထုတ်ပြီးပိုချမ်းသာကြွယ်ဝမှုကို ရှာဖွေနိုင်ပါမည်။

ကံအာနည်းသော စုံတွဲများသည်လည်း ဉာဏ် ဝီရိယ ပိုမိုအားစိုက်ထုတ်ပြီး နားလည်မှု ကြီးစွာဖြင့် ခိုင်မာသောအိမ်ထောင်ရေး တစ်ခုကို ထူထောင်သွားရပေမည်။
ကိုယ်စိတ်နှစ်ပါးချမ်းမြေ့ပါစေ

ရေးသားသူ –ဆရာလင်းဝေအောင်

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

 

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...