မြန်မာ့ဆေးဖက်ဝင် ထိကရုံး ပင်
မြန်မာနိုင်ငံ အနှံ့အပြားတွင်ပေါက်ရောက်သည်။သဘာ၀အလျောက်ပေါက်ရောက်သည်။
အပင်
ပင်ပျော့ ပင်ငယ်မျိုး ဖြစ်၏။အရိုင်းပေါက်ပင်ဖြစ်၍ဆူးရှိ၏။ အခက်အလက်များတွင်အမွေးကြမ်းများ ရှိ၏။ရိုးတံနီ၏။
အရွက်
ရှားရွက်ကဲ့သို့ သေးငယ်သည်။ ၃-၄ ခါ ငှက်မွေး ရွက်ပေါင်း ဖြစ်၍ ထိခဲ့သော် တွန့်ရှုံ့သွား၏။ရွက်ညှာမရှိသလောက် ဖြစ်၏။ရွက်မြွာများသည်ကျဉ်းမြောင်း၍ရှည်မျောမျောပုံဖြစ်ပြီးရွက်ပြားပြောင်ချော၏။
အပွင့်
အပွင့်သေး၍ပန်းရောင်ရှိသည်။ပန်းခိုင်ထီးတည်းထွက်၏။
ပန်းခိုင်ထိပ်တွင်ပန်းပွင့်များ ဘောလုံးသဏ္ဌာန်စုပြုံပွင့်၏။
နန်းလုံးကြိုင်ပွင့်နှင့်တူသည်။ဝါခေါင်၊တော်သလင်းလတွင် ပွင့်သည်။
အသီး
၁/၂ လက်မခန့် ရှည်၍ ပြား၏။ အနည်းငယ် အပေါ်သို့ ကွေး၏။ အသီးတွင် အစေ့ ၃-၄ စေ့ ပါ၏။တန်ဆောင်မုန်း၊ နတ်တော်လများတွင်သီးသည်။
အသုံးဝင်ပုံ
အရွက်၊ အမြစ်၊ ပဉ္စငါးပါး။
အာနိသင်
မြန်မာဆေးကျမ်းများ အလိုအရ ထိကရုံးသည် ခါး ဖန်သော အရသာ ရှိ၏။အေးသော သတ္တိရှိ၏။သလိပ်သည်းခြေတို့ကိုငြိမ်းစေ၏။
အရွက်အသုံးပြုပုံ
၁။အရွက်ကိုကြိတ်၍ ဆီးခုံ၌ အုံပေးလျှင် ဆီးလွန်ရောဂါ ပျောက်၏။
၂။မြင်းသရိုက်လိပ်ခေါင်းရောဂါအတွက်အရွက်ကိုအမှုန့်ပြု၍နို့နှင့်သောက်လျှင် ပျောက်၏။
အမြစ်အသုံးပြုပုံ
၁။အမြစ်ကို သွေး၍ လိမ်းသော် အနာမှ အမြစ်များ ထွက်လာစေသည်။
၂။အမြစ်ကိုပြုတ်သောက်သော်ဆီးအိမ်၌တည်သောကျောက်ကိုပျော်၍ကွဲကျစေပြီးဆီးကောင်းစေသည်။
ပဉ္စငါးပါးအသုံးပြုပုံ
၁။ပဉ္စငါးပါးကိုကြိတ်၍ရေနှင့်ဖျော်လူးပါကဖောရောင်ခြင်းကိုကျစေသည်။
၂။ရောင်အမ်းသော အနာ ဖြစ်ကထိကရုံးပဉ္စငါးပါးကြိတ်၍ရသောအရည်ကိုရောင်အမ်းသော နေရာတွင် ကြက်တောင်နှင့် သုတ်လိမ်းသော် ပျောက်၏။
၃။ သွေးအန်၊သွေးကျ၊ဝမ်းရောဂါပျောက်ဆေး၊ပန်းနာ ကာကွယ်ဆေး၊ အားတိုးဆေး အဖြစ် ဖော်စပ် အသုံးပြု၏။
ရေးသားသူ –Shweu
မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။
မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။