အမျိုးသမီးဆေး မီးယပ်ရောဂါကိုနိုင်နင်းတဲ့ ဘဲဥပုပ်
အမျိုးသမီးများ ဓမ္မတာမလာတော့သည့် (သွေးဆုံးချိန်)သည် အလွန်အရေးကြီးပါသည်။
ဓမ္မတာမလာသော အမျိုးသမီးများသည် မီးယပ် ရောဂါကို စတင်ခံစားရတတ်ပါသည်။
မီးယပ်ကို ပေါရာဏကထာ အဘိဓာန်က မိန်းတို့၏ညောင်းညာမှု(မိန်းမဒူလာ)ဟုဆိုပါသည်။
မိးယပ်ရောဂါဖြစ်ပါလျှင်ညောင်းညာမည်၊ဖျားမည် ၊ကိုက်ခဲမည်၊နှာစေးချောင်းဆိုး၊ ဘာမှစားချင်စိတ်မရှိ စသည်တို့ဖြစ်တတ်ကြပြီး လူတဖြည်းဖြည်း ပိန်ကျကာ ရင်မရှိ၊တင်မရှိဖြစ်သွားတတ်သည်။ ထိုအမျိုးသမီးများကို မီးယပ်ပိန်၊မီးယပ် ခြောက်ဟု လူအများကခေါ်တတ်ကြသည်။
သွေးဆုံးချိန်မှာ သွေးဟာမဆင်းဘဲသားအိမ်ထဲအိမ်နေတတ်ပြီးထိုသွေးများသွေးပုပ်များဖြစ်သွား တော့သည်။ထိုသွေးပုပ်များကြောင့်အမျိုးသမီးများအမျိုးမျိုးသောမီးယပ်၏ ဝေဒနာကိုခံစားရခြင်းဖြစ် လေသည်။
မီးယပ်ရောဂါကိုပျောက်စေသောဘဲဥပုပ်
မီးယပ်ရောဂါကို သက်သာပျောက်ကင်းစေနိုင် သည်ကဘဲဥပုပ်ဖြစ်သည်။
ဘယ်လိုဘဲဥပုပ်လည်း ဆိုပါလျှင် ဘဲမကြီးအကောင်ပေါက်ရန် ဝပ်ကျင်းထဲ ဝပ်သော်လည်းအကောင်မပေါက်သော ဘဲဥပုပ်ကို ဆိုလိုခြင်းဖြစ်ပါသည်။
ဆေးနည်းမှာ
ဘဲဥပုပ်(၁၀)လုံးလောက်အားတစ်နေ့လျှင်(၃)လုံးလောက်ပြုတ်၍စားခြင်းဖြစ်ပါသည်။ဘဲဥပုပ်မရှိပါလျှင်ဘဲဥကောင်းကိုအပ်ဖြင့်ထိပ်ကိုဖေါက်ပြီးနှစ်ညလောက်ထားလိုက်ပါက ဘဲဥပုပ်သွားပါသည်။ထိုဘဲဥပုပ်ကိုပြုတ်ပြီးစားရန်သာဖြစ်ပေမည်။
မီးယပ်ရောဂါဖြစ်ကြသော အမျိုးသမီးများဘဲဥပုပ်စားပါလျှင် ကောင်းသွားတာချည်း ပဲဟုညွှန်းဆိုထားပါသည်။
စာရေးသူရေးသားထားမှုမှာဖေ့ဘုတ်စာမျှက်နှာပေါ်တွင် ရေးပါက ရှည်လျားမည်ဖြစ်၍ ပြန်လည်ကောက်နုတ် တင်ပြလိုက်ခြင်းဖြစ်ပါသည်။
စာရေးသူတင်ပြလိုသည်မှာ အမျိုးသမီးများ ဓမ္မတာမလာတော့သည့် အချိန် သွေးဆုံးချိန်မှာ မီးယပ်ရောဂါမဖြစ်ရလေအောင် ဘဲဥပြုတ်ကို ပြုတ်စားကြပါလို့ တိုက်တွန်းထားပါတယ်။
သူရဇ္ဇမဂ္ဂဇင်း အတွဲ(၁၇) အမှတ်(၁၂)
ဗန်းမော်ညိုသူ(ဘဲဥပုပ်ဟာဘာကြောင့် မီးယပ်ရောဂါကိုနိင်တာလဲ) စာမူမှ
လိုသူတို့သုံးစေဖို့ စေရန်ပြန်လည်တင်ပြပေးခြင်းသာဖြစ်ပါ၏။
ရေးသားသူ –ရဲမျိုးသူ(ဗောဓိမြိုင်)
မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။
မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။