အသက် ၁၁၆ နှစ်မှာ ကမ္ဘာ့ဒုတိယအသက်ကြီးဆုံးအမျိုးသမီးthayဆုံး

International News
အသက် ၁၁၆ နှစ်မှာ ကမ္ဘာ့ဒုတိယအသက်ကြီးဆုံးအမျိုးသမီးthayဆုံး

ကမ္ဘာ့ဒုတိယအသက်ကြီးဆုံးအမျိုးသမီးဟာ ဂျပန်နိုင်ငံက ဘိုးဘွားရိပ်သာတစ်ခုမှာ သေဆုံးသွားခဲ့ပါပြီ။ သူ မthayဆုံးခင် သူ အနှစ်သက်ဆုံးအစားအစာ ပဲနီဂျယ်လီကို စားသွားခဲ့ရပါတယ်။ ဖူဆာ တာဆုမီက ဒီဇင်ဘာ ၁၂ ရက်နေ့မှာ သေဆုံးခဲ့တာပါ။ သူ thayဆုံးချိန်မှာ အသက် ၁၁၆ နှစ်ရှိပါပြီ။

သူ့ဘဝနောက်ဆုံးဆယ်နှစ်ကို ခါရှီဝါရာက ဘိုးဘွားစောင့်ရှောက်ရေးဂေဟာတစ်ခုမှာ ကုန်ဆုံးခဲ့ပါတယ်။ အသက် ၁၁၀ နှစ်အထိ မိတ်ကပ်လိမ်းခြယ်ရတာကို နှစ်သက်ခဲ့ပြီး ဘိုးဘွားစောင့်ရှောက်ရေးဝန်ထမ်းတွေကိုလည်း စကားစမြည်ပြောရင်း ပျော်ရွှင်ခဲ့ရပါတယ်။

သူက တစ်နေ့ကို ၃ နပ်စားပြီး ဟင်းသီးဟင်းရွက်၊ ငါး၊ အသားအနည်းငယ်ပါဝင်တဲ့ ကျန်းမာရေးနဲ့ညီညွှတ်တဲ့အစားအစာတွေကို မှီဝဲပါတယ်။ အသက်ရှည်ရှည်နေနိုင်ခဲ့တဲ့ သူ့ရဲ့လျှို့ဝှက်ချက်တွေထဲကတစ်ခုကတော့ ရေဓာတ်ပြည့်ဝနေအောင်နေတာပါပဲ။ နေ့တိုင်း ရေ ၁ လီတာ သောက်လေ့ရှိပါတယ်။ သူ့အိပ်ရာဘေးမှာလည်း ရေဆာတိုင်း သောက်လို့ရအောင် ရေဘူးနဲ့ခွက်ထား ထားပါတယ်။

၁၉၀၇ ခုနှစ် ဧပြီ ၂၅ ရက်နေ့မှာ မွေးဖွားခဲ့တဲ့ ဖုဆာက ဂျပန်နိုင်ငံရဲ့အသက်ကြီးဆုံးပုဂ္ဂိုလ်ဖြစ်တဲ့အပြင် ကမ္ဘာ့ဒုတိယအသက်ကြီးဆုံးအမျိုးသမီးလည်းဖြစ်ပါတယ်။ ဖုဆာက အသက် ၃၂ နှစ်မှာ အိမ်ထောင်ကျပြီး သားသမီး ၃ ယောက်ထွန်းကားခဲ့ပါတယ်။ ခင်ပွန်းဖြစ်သူကတော့ အသက် ၅၅ နှစ်မှာ ကွယ်လွန်ခဲ့ပါတယ်။

ဖုဆာက အသက် ၁၁၉ နှစ်အရွယ် ခါနယ် တာနာခါ ကွယ်လွန်ပြီးနောက် ပြီးခဲ့တဲ့ ဧပြီလမှာ ဂျပန်နိုင်ငံရဲ့အသက်ကြီးဆုံးပုဂ္ဂိုလ်ဖြစ်ခဲ့တာပါ။ အခုဆို အသက် ၁၁၅ နှစ်အရွယ် အက်ဒစ်သ် ဆီကာရီလီက ကမ္ဘာ့အသက်ကြီးဆုံးအမျိုးသမီးဖြစ်သွားပါပြီ။

ရေးသားသူ –Yoyarlay

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

 

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...