မျက်စိအတွင်းတိမ်ကြောင့် စာဖတ်ရခက်ခဲခဲ့ပေမဲ့ PhD ဘွဲ့ရအောင်ယူနိုင်ခဲ့တဲ့ အသက် ၇၉ နှစ်အရွယ်အဘိုးအို
အသက် ၇၉ နှစ်အရွယ် မလေးရှားအဘိုးအို မူဟာရမ် အာဝမ်ဟာ စိန်ခေါ်မှုတွေများစွာရင်ဆိုင်ခဲ့ရပေမဲ့ National University of Malaysia ကနေ မလေးစာပေဆိုင်ရာ Ph.D ဘွဲ့ရရှိခဲ့ပါတယ်။ သူ့ရဲ့အကြောင်းကို တက္ကသိုလ်ရဲ့ ဖေ့စ်ဘွတ်ခ်ပေ့ချ်မှာ နိုဝင်ဘာ ၂၈ ရက်နေ့က တင်ခဲ့တာပါ။
မျက်စိအတွင်းတိမ်ခွဲစိတ်ကုသမှုခံယူဖို့ လိုအပ်တာအပါအဝင် Ph.D ဘွဲ့ရဖို့ ရင်ဆိုင်ခဲ့ရတဲ့အခက်အခဲတွေကို မူဟာရမ်က ပြောပြပေးထားပါတယ်။ မလက်ကာမြို့မှာ နေထိုင်ပြီး အငြိမ်းစားဆရာဖြစ်တဲ့ မူဟာရမ်က တက္ကသိုလ်ရဲ့ကျောင်းဝင်းတည်ရှိရာ ဘန်ဂီမြို့ဆီ ခေါက်တုံ့ခေါက်ပြန်သွားခဲ့ရတာပါ။ သုတေသနစာတမ်းအတွက် စာရိုက်ပေးဖို့ သူ့ကလေးတွေထဲက တစ်ဦးကိုလည်း အကူအညီတောင်းခဲ့ရတာပါ။ အတွင်းတိမ်ကြောင့် အမြင်အာရုံမှုန်ဝါးနေတာကြောင့် စာဖတ်ရမှာလည်း အခက်အခဲဖြစ်ခဲ့ပါတယ်။
“ကျွန်တော်ရဲ့မျက်လုံးတွေ ဝါးနေပြီး စာကောင်းကောင်းမဖတ်နိုင်ပါဘူး။ စာတမ်းပြီးချင်ခဲ့တယ်”လို့ သူက ဆိုပါတယ်။ ဒါပေမဲ့ သူက စာလေ့လာတာကိုတော့ ရပ်တန့်မပစ်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။
အခုနှစ်အစောပိုင်း မေလတုန်းကတော့ မူဟာရမ်က အတွင်းတိမ်ခွဲစိတ်ကုသမှုခံယူခဲ့ပြီး သူ့အမြင်အာရုံပြန်လည်ကောင်းမွန်လာပြီးတဲ့နောက်မှာ သူ့ရဲ့စာတမ်းကို အပြီးသတ်နိုင်ခဲ့ပါတယ်။ အခုဆို ဇွဲမလျော့ဘဲ ကြိုးစားအားထုတ်မှုကြောင့် မူဟာရမ်က Ph.D ဘွဲ့ကို ရယူနိုင်ခဲ့ပါပြီ။ မူဟာရမ်က လူငယ်ကျောင်းသူ/သားတွေအတွက် လှုံ့ဆော်မှုဖြစ်စေမယ်လို့ တက္ကသိုလ်က မျှော်လင့်နေပါတယ်။
ရေးသားသူ –Yoyarlay
မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။
မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။