၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့ မှ ဇန်နဝါရီလ ၇ ရက်နေ့အထိ တစ်ပတ်စာ ၁၂ ရာသီခွင်အလိုက် ဟောစာတမ်းများ

Astrology
၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့ မှ ဇန်နဝါရီလ ၇ ရက်နေ့အထိ တစ်ပတ်စာ ၁၂ ရာသီခွင်အလိုက် ဟောစာတမ်းများ

ရာသီခွင်အလိုက် ယေဘူယျ အကျဉ်းချုပ် ဟောစာတမ်းများဖြစ်ပါသည် ။ အကောင်းအဆိုး ၊ အကြောင်းအကျိုးကို ဆင်ခြင်ပြုမူဆောင်ရွက်နိုင်ရန်အတွက်သာဖြစ်သည်။

မိဿရာသီခွင် – Aries ( January 1 to January 7 )
===============================================

ယခုအပတ်တွင် Aries ရာသီခွင်တို့သည် ကျန်းကျန်းမာမာ နေထိုင်နိုင်ပါမယ်။ ကြီးကြိးမားမား ပြဿနာများ ကြုံတွေ့ရမည် မဟုတ်ပေ။ သို့သော် ကိုယ်လက်လှုပ်ရှားမှုများကို နေ့စဉ် ပြုလုပ်ပေးပါ။ အစားအသောက်ကို ဂရုတစိုက် စားသုံးပေးပါ။

ငွေကြေးအရ ကံတရားသည် ကောင်းမွန်နေမည့် အနေအထားတွင် ရှိနေပါတယ်။ ငွေကြေး အခွင့်အလမ်းများနှင့် အတူ ဝင်ငွေ တိုးပွားနေပါမယ်။ သို့သော် တခါတရံ လွှဲချော်နိုင်ခြေ ရှိနေသောကြောင့် ဂရုစိုက်ပေးရန် လိုအပ်ပါလိမ့်မယ်။

ဤကာလအတွင်း Aries ရာသီခွင်တို့၏ မိသားစု ဘဝသည် ပိုမိုသာယာလာဖွယ် ရှိနေပါတယ်။ စိတ်ပိုင်းဆိုင်ရာ ပြဿနာများမှ လွတ်မြောက်ကာ နားလည်မှု အားကောင်းနေပါမယ်။ ဒါ့အပြင် ပတ်ဝန်းကျင် အသိုင်းအဝိုင်းများကြား ပျော်ရွှင်မှုများ ပိုင်ဆိုင်နိုင်ပါမယ်။

ပြိဿရာသီခွင် – Taurus ( January 1 to January 7 )
===============================================

ယခုအပတ်တွင် Taurus ရာသီခွင် တို့သည် စိတ်ပိုင်းဆိုင်ရာအရ အားနည်းနေတတ်ပါတယ်။ အထူးသဖြင့် စိတ်တို၊ ဒေါသ ဖြစ်လွယ်နေပါမယ်။ နေ့စဉ် တတ်နိုင်သမျှ တရားထိုင်ခြင်းကို ပြုလုပ်ပေးပါ။

ငွေရေးကြေးရေး အရ တိုးတက်မှု ရှိနေပေမယ့်လို့ အသုံးမလိုသော အရာများ အတွက်သာ ကုန်ဆုံးတတ်ပါတယ်။ ဒါကြောင့် ငွေကြေး အစီအစဉ်များကို မဖြစ်မနေ ပြုလုပ်ပေးပါ။ မိမိအတွက် အမှန်အကန် လိုအပ်သော အရာများကိုသာ ငွေကြေး သုံးစွဲပေးပါ။

ဤကာလအတွင်း Taurus ရာသီခွင် တို့၏ မိသားစုဘဝသည် ပုံမှန် အနေအထားတွင် ရှိနေပါမယ်။ အကယ်၍ ငွေကြေး ပြဿနာနှင့် ကြုံတွေ့နေရပါက ကျော်လွှားနိုင်ပါမယ်။ ညီအကို မောင်နှမများထံမှ ပံ့ပိုး ကူညီမှုများ ရှိနေပါမယ်။

မေထုန်ရာသီခွင် – Gemini ( January 1 to January 7 )
===============================================

ယခုအပတ်တွင် Gemini ရာသီခွင်တို့၏ ကျန်းမာရေးသည် အပြုသဘောဆောင်သော အပြောင်းအလဲများ ရှိနေပါမယ်။ လူမှုဘဝ တိုးတက်ကာ ဆုံးဖြတ်ချက်တိုင်းကို ယုံကြည်မှုရှိရှိ ချမှတ်နိုင်ပါမယ်။

ငွေရေးကြေးရေး အရ ရုတ်တရက် အမြတ်အစွန်းများ ရရှိတတ်ပါတယ်။ ဘဏ္ဍာရေး အခြေအနေကို အတိုင်းအတာ တခုအထိ အားကောင်းအောင် လုပ်ဆောင်နိုင်ပါမယ်။ ငွေကြေး ထောက်ပံ့မှုများ လုပ်ဆောင်နိုင်ပါမယ်။

ဤကာလအတွင်း Gemini ရာသီခွင်တို့သည် မိသားစု ရေးရာ ကိစ္စရပ်များကို အာရုံစိုက်ပေးပါ။ ဒါ့အပြင် ကောင်းမွန်သော သတင်းကောင်းကြောင့် ပျော်ရွှင်ရမည့် အနေအထားတွင် ရှိနေပါတယ်။

ကရကဋ်ရာသီခွင် – Cancer ( January 1 to January 7 )
===============================================

ယခုအပတ်တွင် Cancer ရာသီခွင်တို့သည် ကျန်းမာရေးကို ဂရုစိုက်ပေး ရပါမယ်။ ကျန်းမာရေးအရ ညံ့ဖျင်းနေတတ်ပါတယ်။ အထူးသဖြင့် အလုပ်တာဝန်တို့ကြောင့် စိတ်ဖိစီးမှု များပြားလာနိုင်ပါမယ်။

ငွေရေးကြေးရေး အရ ကံတရား၏ ထောက်ပံ့မှုကို ရရှိနိုင်ပါမယ်။ ဒါ့ကြောင့် မိမိတတ်စွမ်းသမျှ ငွေကြေး အစီအစဉ်များကို အကောင်အထည် ဖော်ဆောင်ပေးပါ။ ငွေကြေး အကျိုးအမြတ်များနှင့် အတူ အတိုင်းအတာ တခုအထိ စုဆောင်းနိုင်ပါမယ်။

ဤကာလအတွင်း Cancer ရာသီခွင်တို့၏ မိသားစုဘဝသည် မတည်ငြိမ်နိုင်ပေ။ မိသားစုဝင် အချို့နှင့် စကားအခြေအတင် ပြောဆိုရဖွယ် ရှိနေပါတယ်။

သိဟ်ရာသီခွင် – Leo ( January 1 to January 7 )
===============================================

ယခုအပတ်တွင် Leo ရာသီခွင်တို့၏ ကျန်းမာရေးသည် ပုံမှန်ထက် အားနည်းနေတတ်ပါတယ်။ အထူးသဖြင့် အစားအသောက်များကို ဂရုစိုက်ပေး ရပါမယ်။ အစပ်များသော အစားအစာများကို ရှောင်ကြဉ်ပေးပါ။

ငွေရေးကြေးရေးအားဖြင့် အဆင်ပြေနေမည့် အနေအထားတွင် ရှိနေပါမယ်။ ပိုင်ဆိုင်မှု သို့မဟုတ် မြေယာ ကိစ္စများနှင့် ရင်ဆိုင်နေရပါက အောင်မြင်စွာ ဆောင်ရွက်နိုင်ပါမယ်။

သိူ့သော် ဤကာလအတွင်း Leo ရာသီခွင်တို့၏ မိသားစု ဘဝတွင် အတက်အကျ အချို့နှင့် ကြုံတွေ့ရတတ်ပါတယ်။ မိသားစုဝင် တစ်ဦးဦး သို့မဟုတ် လက်တွဲဖော်ကြောင့် စိတ်ဖိစီးရတတ်ပါတယ်။ ဒါ့အပြင် ဝင်ငွေ၏ တစ်စိတ်တစ်ပိုင်းကို တောင်းဆိုမှုအတွက် ဖြည့်ဆည်းရဖွယ် ရှိနေပါတယ်။

ကန်ရာသီခွင် – Virgo ( January 1 to January 7 )
===============================================

ယခုအပတ်တွင် Virgo ရာသီခွင်တို့သည် ကျန်းမာရေးအရ အထူးစိုးရိမ်စရာ မလိုအပ်ပေ။ ကျန်းကျန်းမာမာ ဖြတ်သန်းနိုင်ပါမယ်။ ဒါ့အပြင် အားကစားများ၊ ပြင်ပလှုပ်ရှားမှုများတွင် ပါဝင် ဆောင်ရွက်ပေးပါ။ အထူးသဖြင့် အိမ်ထောင်သည် ရာသီခွင်များ အနေနှင့် အစောပိုင်း ကာလတွင် မိမိတို့၏ သားသမီးများကို ဂရုစိုက်ပေးပါ။

ကျန်းမာရေး ညံ့ဖျင်းမှုကြောင့် ငွေကြေးများစွာ သုံးစွဲရတတ်ပါတယ်။ ဘဏ္ဍာရေးအရ ပိုမိုအားထုတ်ရမည့် အနေအထားတွင် ရှိနေပါတယ်။

ဤကာလအတွင်း မိသားစုဝင်များကြားတွင် နွေးထွေးမှု ပျောက်ဆုံးနေတတ်ပါတယ်။ ဒါကြောင့် မိမိ၏ မိသားစုဘဝအတွက် အချိန်ပေးကာ လိုအပ်ချက်များ သိရှိအောင် ကြိုးစားပေးပါ။

တူရာသီခွင် – Libra ( January 1 to January 7 )
===============================================

ယခုအပတ်တွင် Libra ရာသီခွင်တို့သည် စိတ်ပိုင်းဆိုင်ရာအားဖြင့် ပိုမိုကောင်းမွန်လာပါမယ်။ သို့သော် အခြားသူများနှင့် ပြောဆိုဆက်ဆံရာတွင် အနည်းငယ် ချိတုံချတုံ ခံစားရရတတ်ပါတယ်။ မိမိကိုယ် မိမိ ဖိစီးမှုကင်းအောင် နေထိုင်ပေးပါ။

ငွေရေးကြေးရေးအားဖြင့် မှန်မှန်ကန်ကန် ကြိုးစားနိုင်ပါက တိုးတက်မှုများ ရှိလာပါမယ်။ ငွေကြေးနှင့် ပက်သက်၍ ခြေလှမ်းတိုင်းကို စေ့စေ့စပ်စပ် တွေးတောပေးပါ။

ဤကာလအတွင်း Libra ရာသီခွင်တို့၏ မိသားစုအသိုင်းအဝိုင်းတွင် ပွဲတော် အခမ်းအနား ကျင်းပဖွယ် ရှိနေပါတယ်။

ဗြိစ္ဆာရာသီခွင် – Scorpio ( January 1 to January 7 )
===============================================

ယခုအပတ်တွင် Scorpio ရာသီခွင်တို့သည် ကျန်းမာရေးအရ ရလာဒ်ကောင်းများ ထွက်ပေါ်လာပါမယ်။ အသေးအမွှား ပြဿနာများ ဖြစ်ပေါ်နိုင်သော်လည်း ကြီးကြီးမားမား ဝေဒနာများနှင့် ရင်ဆိုင်ရမည် မဟုတ်ပေ။ ရုပ်ပိုင်းဆိုင်ရာအားဖြင့် ယခင်ထက် ပိုမို ကျန်းမာလာပါမယ်။

ငွေရေးကြေးရေးအရ ကံတရားသည် ကောင်းမွန်နေပါမယ်။ မိမိကြိုးစား အားထုတ်သလောက် အကျိုးခံစားခွင့် ရရှိနိုင်ပါမယ်။ ဒါ့အပြင် ငွေကြေး ကူညီထောက်ပံ့မှုများလည်း ရှိနေပါမယ်။

ဤကာလအတွင်း Scorpio ရာသီခွင်တို့၏ မိသားစု ဘဝတွင် အတက်အကျများ ရှိနေတတ်ပါတယ်။ အထူးသဖြင့် မိမိချစ်ခင်ရသူနှင့် မိသားစုဝင်များ အကြား အငြင်းပွားမှု အချို့ ဖြစ်ပေါ်စေနိုင်ပါတယ်။ ပြဿနာများကြားတွင် ‌ညှိနှိုင်းဖြေရှင်းရတတ်ပါတယ်။

ဓနုရာသီခွင် – Sagittarius ( January 1 to January 7 )
===============================================

ယခုအပတ်တွင် Sagittarius ရာသီခွင်တို့သည် ကျန်းမာရေးအတွက် လေ့ကျင့်ခန်းများကို ပြုလုပ်ပေးရပါမယ်။ မိမိ၏ ကိုယ်အလေးချိန်ကို ထိန်းသိမ်းပါ။ အထူးသဖြင့် အဆီများသော အစားအစာများကို ရှောင်ကြဉ်ရပါမယ်။

ဤကာလအတွင်း စီးပွားရေးနှင့် ပက်သက်၍ ဂရုစိုက်ပေးရပါမယ်။ သံသယဖြစ်ဖွယ် ငွေပေးငွေယူ အမျိုးမျိုးမှ ရှောင်ရှားပေးပါ။ မိတ်သစ်ဆွေသစ် လုပ်ငန်းများ တိုးချဲ့လုပ်ဆောင်ရဖွယ် ရှိနေပါတယ်။

ဤကာလအတွင်း Sagittarius ရာသီခွင်တို့၏ မိသားစု ဘဝတွင် ချစ်ခြင်းမေတ္တာ၊ ခင်မင်ရင်းနှီးမှုများ တိုးလာနိုင်ပါမယ်။ သတင်းကောင်းများကြောင့် ပျော်ပွဲရွှင်ပွဲများ ကျင်းပရတတ်ပါတယ်။

မကာရရာသီခွင် – Capricorn ( January 1 to January 7 )
===============================================

May be an image of text that says 'မကာရရာသီ ጥ ဒီဇင်ဘာလ (၂၂) မှ ဇန်နဝါရီလ (၁၉) အတွင်း မွေးဖွားသူများ'

ယခုအပတ်တွင် Capricorn ရာသီခွင်တို့သည် စိုးရိမ်မှုများ ဖြစ်ပေါ် ခံစားရနိုင်ပါတယ်။ စိတ်ပူပန်မှု အမျိုးမျိုးမှ ကင်းကင်းဝေးဝေး နေထိုင်နိုင်အောင် ကြိုးစားပါ။ လိုအပ်သော ကျန်းမားရေး လှုပ်ရှားမှုများကို ပြုလုပ်ပေးရပါမယ်။

ငွေရေးကြေးရေးအားဖြင့် အစောပိုင်းကာလတွင် အားကောင်းနေနိုင်သော်လည်း ရက်သတ္တပတ် အကုန်တွင် အကြောင်းအမျိုးမျိုးကြောင့် ကုန်ဆုံးရတတ်ပါတယ်။ အထူးသဖြင့် ဝင်ငွေနှင့် အသုံးစရိတ်များကြား မျှတအောင် ပြုလုပ်ပေးရန် လိုအပ်ပါမယ်။ ငွေကြေး ချေးငှားမှုများမှ တတ်နိုင်သမျှ ရှောင်ရှားပေးပါ။

ဤကာလအတွင်း မည်သည့် အိမ်တွင်းရေးရာ ကိစ္စရပ်တွင်မဆို ဆုံးဖြတ်ချက်မချခင် မိသားစုဝင်တို့၏ သဘောထားကို သိရှိအောင် ပြုလုပ်ပေးပါ။ အိမ်ရှိ သက်ကြီးရွယ်အိုများ၏ အကြံပြချက်များကို ရယူပေးပါ။

ကုမ်ရာသီခွင် – Aquarius ( January 1 to January 7 )
===============================================

May be an image of text that says 'ကုမ်ရာသီ ဇန်နဝါရီလ (၂၀) မှ ဖေဖော်ဝါရီလ (၁၈) အတွင်း မွေးဖွားသူများ'

ယခုအပတ်တွင် Aquarius ရာသီခွင်တို့၏ ကျန်းမာရေးသည် တိုးတက် ကောင်းမွန်နေပါမယ်။ စိတ်ပိုင်းဆိုင်ရာရော ရုပ်ပိုင်းဆိုင်ရာပါ အားကောင်းနေပါမယ်။ မိမိကိုယ် မိမိ ယုံကြည်မှုရှိစွာ ဆုံးဖြတ်ချက်များ ချမှတ်နိုင်ပါမယ်။

သို့သော် Aquarius ရာသီခွင် အမျိုးသမီးများ အနေနှင့် ငွေရေးကြေးရေးကိစ္စများပြုလုပ်ရာတွင် ဂရုစိုက်ပေးရပါမယ်။ ငွေကြေး တောင်းဆိုမှုများနှင့် ကြုံတွေ့နိုင်ခြေ ရှိနေပါတယ်။

ဤကာလအတွင်း မိသားစုဘဝတွင် ပျော်ရွှင်မှုများ၊ ငြိမ်းချမ်းမှုများနှင့် ပြည့်နှက်နေပါမယ်။ မိသားစုဝင်များနှင့် အတူ ဘာသာရေးဆိုင်ရာနေရာ သို့မဟုတ် ဆွေမျိုးများ၏ နေရာဒေသကို သွားရောက် လည်ပတ်နိုင်ပါမယ်။

မိန်ရာသီခွင် – Pisces ( January 1 to January 7 )
===============================================

May be an image of text that says 'မိန်ရာသီ H ဖေဖော်ဝါရီလ (၁၉) မှ မတ်လ (၂၀) အတွင်း မွေးဖွားသူများ'

ယခုအပတ်တွင် Pisces ရာသီခွင်တို့သည် ကျန်းမာရေး ကောင်းမွန်နေပါမယ်။ ကြီးကြီးမားမား ရောဂါ ဝေဒနာများ ခံစားရမည် မဟုတ်ပါ။ သို့သော် ကိုယ်လက်လေ့ကျင့်ခန်းများ ပြုလုပ်ပေးရန် လိုအပ်ပါလိမ့်မယ်။

ငွေရေးကြေးရေးနှင့် ပတ်သက်၍ ယခုတစ်ပတ်တွင် ခြေလှမ်းတိုင်းကို စေ့စေ့စပ်စပ် တွေးတောပေးရပါလိမ့်မယ်။ ယခင်ပြုလုပ်ခဲ့သော ရင်းနှီးမြုပ်နှံမှုများမှ ငွေကြေး အကျိုးအမြတ် ရရှိနိုင်သလို မလိုအပ်သော တောင်းဆိုချက်များကို ဖြည့်ဆည်းပေးရခြင်းကြောင့် ငွေကြေး ဆုံးရှုံးရတတ်ပါတယ်။

မိသားစု စီးပွားရေး လုပ်ကိုင်ကြသူများ အနေနှင့် ဤကာလအတွင်း ရလာဒ်ကောင်းများ ရရှိနိုင်ပါမယ်။ မိသားစုဝင်များနှင့် ဆက်ဆံရေး တိုးတက်ကောင်းမွန်နေပါမယ်။

ရေးသားသူ –Care Your Future – ဗေဒင်

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

 

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...