နေ့အလိုက်စိုက်သင့်သောအပင်များ
တနင်္ဂနွေနေ့မှာအမွှေးနံ့သာအပင်များကိုစိုက်ပျိုးသင့်ပါတယ်။
တနင်္လာနေ့မှာလည်းအမွှေးနံ့သာအပင်များကိုစိုက်ပျိုးသင့်ပါတယ်။
အင်္ဂါနေ့မှာပူစပ်ခါးဆူးပါသောအပင်များကိုစိုက်ပျိုးသင့်ပါတယ်။
ဗုဒ္ဓဟူးနေ့မှာအပွင့်ပဲပွင့်ပြီးအသီးမသီးသောအပင်များကိုစိုက်ပျိုးသင့်ပါတယ်။
ကြာသပတေးနေ့မှာအသီးသီးသောအပင်များကိုစိုက်ပျိုးသင့်ပါတယ်။
သောကြာနေ့မှာအပွင့်နှင့်အသီးစားသုံးရသောအပင်များကိုစိုက်ပျိုးသင့်ပါတယ်။
စနေနေ့မှာအကာအရံရှိသောအပင်နှင့်အရွက်အရိပ်ရသောအပင်များကိုစိုက်ပျိုးသင့်ပါတယ်။
အိမ်မှာအပင်စိုက်ဝါသနာပါသူများသိထားသင့်တဲ့အပင်နိမိတ်များ
“အပင်နိမိတ်”
၁ ။ ကိုယ့်ခြံထဲက အပင်တွေ အလွယ်တကူ မခုတ်ပါနဲ့။ တချို့ အပင်တွေက အိမ်သား တစ်ယောက်ယောက်နဲ့ ဆက်နွယ်နေတတ်လို့ လူသွားထိပါတယ် ။
၂ ။ အိမ်ပေါက်တည့်တည့် ဝါးပင် မစိုက်ပါနဲ့ ။ အလုပ်အကိုင် အဆင်မပြေ ဖြစ်တတ်ပါတယ်။
၃။ ပင်စိမ်းပင် ခြံထဲစိုက်ပါ ။ အိမ်သားတွေ တော်ရုံမဖျားနာပါဘူး။
၄။ စံပါယ်ပင် အိမ်ရှေ့စိုက်ပါ ။ အပွင့်ပွင့်ရင် ငွေဝင်တတ်ပါတယ် ။
၅။ နှစ်တစ်ရာ ကျောက်စိမ်းပင် အိမ်ခေါင်းရင်း စိုက်ပါ ။ အလုပ်အကိုင် အဆင်ပြေပါတယ် ။ အနံ့မရှိပန်းမရှိအရွက်တွေဘုရားမကပ်ရပါဘူး။
၆။ သရက်ပင် ခြံထဲစိုက်ပါ ။ အိမ် အေးချမ်းတတ်ပါတယ် ။
၇ ။ မှို့ပင် ခြံထဲ မစိုက်ပါနဲ့ ။ လုံးပတ် သစ်ခွဲလို့ရရင် လူthayတတ်ပါတယ် ။
၈ ။ ဗန်ဒါပင် ခြံထဲ မစိုက်ပါနဲ့။ လုံးပတ် သစ်ခွဲလို့ရရင် လူthayတတ်ပါတယ် ။ (ခြံရှေ့ စိုက်ပါ) ။ သူ့ ဘာသာ ပေါက်ရင် ထားလို့ ရပါတယ် ။ နဂိုပါ ထားလို့ ရပါတယ် ။
၉ ။ ညောင်ပင် ခြံထဲ မစိုက်ပါနဲ့ ။ ဘာသာရေး မမြဲတဲ့ မိသားစုဆို ဒုက္ခရောက်တတ်ပါတယ် ။
၁၀ ။ လူမမာရဲ့ လက်သည်း ၊ ခြေသည်း ၊ ဆံပင် စတာတွေကို သစ်ပင် အပေါက်ဖေါက်ပြီး ထည့်လိုက်ပါ။သစ်ပင် ညှိုးသေ ၊ ကျိုးကျ တစ်ခုခုဖြစ်ရင် သူ နေကောင်းတတ်ပါတယ် ။ (လုပ်သင့် မလုပ်သင့်တော့ ကိုယ်တိုင်သာ စဉ်းစားကြပါ ။)
Credit မူရင်းဆရာသို့
ရေးသားသူ –စာရေးဆရာ သာထက်ဇော်(မကွေး)တဲရော့ ၊ ဗေဒ ၊ လက္ခဏာ
မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။
မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။