နာမည်ကျော်အဆိုတော် မာမာအေးကွယ်လွန်

Celebrity Local News
နာမည်ကျော်အဆိုတော် မာမာအေးကွယ်လွန်

ထင်ရှားကျော်ကြားတဲ့ အဆိုတော် မာမာအေး ဟာ အမေရိကန်ပြည်ထောင်စု အင်ဒီယားနားပြည်နယ် ဖို့ဒ်ဝိန်းမြို့က နေအိမ်မှာ ဇန်နဝါရီလ ၉ ရက် ဒီနေ့ မနက် ၆ နာရီဝန်းကျင်က ကွယ်လွန်သွားပါတယ်။

သူ့စျာပနကျင်းပမယ့်ရက်ကိုကြေညာမယ် လို့ ဖို့ဒ်ဝိန်းမြို့ မှာနေထိုင်တဲ့ဒေါ်မာမာအေးရဲ့ အရင်းနှီးဆုံးသားတပည့်တွေကပြောပါတယ်။
ဒေါ်မာမာအေးဟာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေစစ်အစိုးရလက်ထက် ၁၉၉၈ ခုနှစ်မှာ မြန်မာပြည်က ထွက်ခွာလာခဲ့ရပြီး အမေရိကန်ပြည်ထောင်စုမှာ အခြေချနေထိုင်ခွင့်ရခဲ့ပါတယ်။

၂၀၀၇ ရွှေဝါရောင် သံဃာ့လှုပ်ရှားမှု ကာလမှာ “သံဃာတော်တွေ သွေးမြေကျရပြီတဲ့ တကြော်ကြော်ဟစ်ကြွေးကြသံများ” ဆိုတဲ့သီချင်းကို သီဆိုထုတ်လွှင့်ခဲ့ပါတယ်။
ဒေါ်မာမာအေးဟာ ဧရာဝတီတိုင်း မြောင်းမြမြို့ဇာတိဖြစ်ပြီး ကွယ်လွန်ချိန်မှာ အသက် ၈၂ နှစ်ထဲမှာ ရှိနေပြီဖြစ်ပါတယ်။

ရေးသားသူ –RFA Burmese

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

 

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...