အချိန် စက္ကန့်(၃၀)ပေးပြီး နှလုံးကျန်းမာရေး ကောင်း/မကောင်း စစ်ဆေးနိုင်မယ့် နည်းလမ်း
နှလုံးဟာ ခန္ဓာကိုယ်ရဲ့ အဓိကအကျဆုံး အစိတ်အပိုင်းတစ်ခုဖြစ်တာကြောင့် နှလုံးကျန်းမာရေးကို အမြဲဂရုတစိုက်စစ်ဆေးနေဖို့ လိုပါတယ်။တကယ်လို့ ဆေးခန်းသွားပြီး မစစ်ဆေးခင်မှာ ကိုယ်တိုင်စစ်ဆေးနိုင်မယ့် နည်းလမ်းလေးရှိပါတယ်။ ဒီနည်းနဲ့ သင့်နှလုံးကောင်းမကောင်းစစ်ဆေးဖို့ စက္ကန့်၃၀ပဲ အချိန်ပေးဖို့လိုပါတယ်။
ပထမအဆင့်အနေနဲ့ ရေဇလုံးတစ်လုံးထဲကိုရေအပြည့်ထည့်ပြီး ရေခဲတုံးလေးတွေထည့်ပြီး ရေခဲတုံးတွေ အနည်းငယ်ပျော်သွားအောင် မွှေလိုက်ပါ။
ဒုတိယ အဆင့်အနေနဲ့ အဲ့ဒီရေဇလုံထဲမှာ လက်နှစ်ဖက်ကို နှစ်လိုက်ပြီး စက္ကန့် ၃၀ ထားလိုက်ပါ။
စက္ကန့် ၃၀ ကြာလို့ လက်နှစ်ဖက်ကို ထုတ်ကြည့်လိုက်တဲ့အခါ လက်ဖျားထိပ်လေးတွေ နီနေတယ်ဆိုရင်တော့ သင့်ရဲ့ နှလုံးကျန်းမာရေး ကောင်းမွန်ပါတယ်။သွေးလှည့်ပတ်မှုစနစ်လည်း ကောင်းမွန်ပါတယ်။ ဒါကြောင့် စိတ်ပူစရာမရှိပါဘူး။
တကယ်လို့ သင့်လက်ဖျားထိပ်လေးတွေက ဖြူဖျော့ပြီး အပြာရောင်ဖြစ်နေတယ်ဆိုရင်တော့ သင့်ရဲ့ နှလုံးနဲ့သွေးလှည့်ပတ်မှုဆိုင်ရာကျန်းမာရေးက စိုးရိမ်စရာအနေအထားမှာ ရှိနေပါတယ်။ဒါက သင့်သွေးထဲမှာအောက်စီဂျင်ပါဝင်မှု နည်းနေတာဖြစ်ပြီး ဒီအနေအထားကို မကုသဘဲကြာလာရင် နှလုံးကျန်းမာရေးကိုပါ ထိခိုက်လာစေနိုင်တာကြောင့် ဆရာဝန်နဲ့ပြပြီး ဆေးစစ်သင့်ပါတယ်။
Credit-Aunty May
ရေးသားသူ –Shweu
မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။
မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။