စင်ကာပူမှာ နဂါးနှစ်ကို ကြိုဆိုတဲ့အနေနဲ့ ဒရုန်းအစင်းရေ ၁၅၀၀ နဲ့ နဂါးရုပ် ဖန်တီးထားတဲ့ Drone Show ကို ၆ ည ပြသမယ်
စင်ကာပူနိုင်ငံမှာ တရုတ်နှစ်သစ်ကူး (နဂါးနှစ်) ကိုကြိုဆိုတဲ့အနေနဲ့ Marina Bay မှာ ဖေဖော်ဝါရီလကျ ဒရုန်းနဲ့ ဖန်တီးထားတဲ့ နဂါးရုပ် Drone Show ကို ၆ ည ပြသသွားမှာဖြစ်ပါတယ်။
ဒရုန်း ၁၅၀၀ နဲ့ နဂါးရုပ် ဖန်တီးထားတဲ့ Drone Show ကို “The Legend of the Dragon Gate” လို့ အမည်ပေးထားပြီး တရုတ်ဒဏ္ဍာရီပုံပြင်ထဲက ဒဏ္ဍာရီလာနဂါးဘုရင်ရဲ့ဇာတ်လမ်းကို တင်ဆက်ထားတာပါ။ Performance တစ်ခုချင်းစီက ၁၀ မိနစ်ကြာမြင့်မှာဖြစ်ပြီး ဒရုန်းပေါင်း ၁၅၀၀ ပါဝင်မှာဖြစ်ပါတယ်။ Show ကို ဖေဖော်ဝါရီ ၆၊ ၁၀၊ ၁၁၊ ၁၆၊ ၁၇၊ ၁၈ ရက်တွေကျ ည ၈ နာရီမှာ စတင်မှာပါ။
Drone Show ပြီးရင် တူညီတဲ့ရက်တွေမှာပဲ ည ၈ နာရီခွဲနဲ့ ၉ နာရီခွဲအတွင်း ပြသမယ့် Spectra-A Light & Water Show လည်း ရှိမယ်လို့ သိရပါတယ်။
ရေးသားသူ –Yoyarlay
မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။
မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။