စားသုံးသူမျှော်နေတဲ့ ဓာတ်ပုံနဲ့ ပို့စ်တစ်ခုကြောင့် ရောင်းအားသိသိသာသာ တက်လာတဲ့ ဟော့ဒေါ့ဆိုင်
ဆိုင်ပေါက်ဝကနေ စားသုံးသူမျှော်နေတဲ့ ဓာတ်ပုံတစ်ပုံကြောင့် ဟော့ဒေါ့ဆိုင်တစ်ဆိုင်ရဲ့ ရောင်းအားက သိသိသာသာ မြင့်တက်သွားခဲ့ပါတယ်။ စကော့ဟိုဆက်ဟာ အမေရိကန်နိုင်ငံ အုတ်ကလာဟိုးမားပြည်နယ်၊ နော်မန်မြို့မှာ Spirals: Hot Dogs & More ဆိုင် ဖွင့်ထားသူပါ။ ဒါပေမဲ့ သူ့ဆိုင်က လူပါးပြီး ရောင်းအားမကောင်းပါဘူး။
ဒီဇင်ဘာလ ၂၀ ရက်မှာတော့ ဆိုင်တံခါးဝကနေ အပြင်ကို ငေးပြီး စားသုံးသူတွေကို မျှော်နေတုန်း ဆိုင်ထဲမှာရှိတဲ့ စားသုံးသူတစ်ယောက်က အဲဒီမြင်ကွင်းကို ဓာတ်ပုံရိုက်ခဲ့ပါတယ်။ နစ်ချက်ပယ်က သူ ရိုက်ထားတဲ့ပုံကို ဖေ့ဘွတ်ခ်ပေါ် တင်ခဲ့ပြီး Spirals: Hot Dogs ဆိုင်ရဲ့ ကောင်းသတင်းကို ဝေမျှခဲ့ပါတယ်။
အဲဒီပို့စ်ဟာ share 2,000 ကျော် ရှိခဲ့ပြီး Spirals: Hot Dogs ဆိုင်ကို ညစာ လာစားတဲ့ စားသုံးသူသစ် ၇၀ ကျော် တိုးပွားလာခဲ့တာပါ။ ” ချက်ပယ်က ကျွန်တော်တို့ အားနည်းချက်ကို မြင်ခဲ့ပြီး သူ တတ်နိုင်သလောက် လုပ်ပေးခဲ့တာပါ။ သူက လူမှုကွန်ရက်မှာ မိတ်ဆွေ သိပ်မများပါဘူး။ ပို့စ်တွေ ဘာတွေလည်း Share လေ့ ရှိသူ မဟုတ်ဘူး။ လူမှုကွန်ရက်ပေါ်က ပို့စ်တစ်ခုက ဒီလောက် အင်အားကြီးမှန်း သိလိုက်ရတာ အံ့သြစရာပါပဲ” လို့ ဆိုင်ရှင် စကော့ဟိုဆက်က ဆိုပါတယ်။
ချက်ပယ်ဟာ ပြီးခဲ့တဲ့ကြာသပတေးနေ့က Spirals: Hot Dogs ဆိုင်ကို ထပ်ရောက်လာခဲ့ပြီး ဒီတစ်ကြိမ်မှာတော့ ဆိုင်ရှင် စကော့ဟိုဆက်နဲ့ တစ်ဝိုင်းထဲထိုင် စကားပြောရင်း သူတင်ခဲ့တဲ့ ပို့စ်အကြောင်း ပြန်ပြောခဲ့ကြပါတယ်။
ရေးသားသူ –Yoyarlay
မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။
မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။