ဆီပြတ်နေလို့ မြင်းစီးပြီး Delivery လိုက်ပို့သူ

International News
ဆီပြတ်နေလို့ မြင်းစီးပြီး Delivery လိုက်ပို့သူ

အိန္ဒိယနိုင်ငံမှ အစားအစာ ပို့ဆောင်သူတစ်ဦးဟာ ဆိုင်ကယ်ဆီ ထည့်မရတဲ့ အခက်အခဲကြောင့် မြင်းစီးပြီး လိုက်လံပို့ဆောင်ခဲ့ပြီး အဲဒီရုပ်သံမှတ်တမ်းက ပျံ့နှံ့သွားခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁ ရက်နေ့မှာ ဟိုက်ဒြာဘတ်မြို့မှာ ထရပ်ကားယာဉ်မောင်းတွေ ဆန္ဒပြခဲ့ကြလို့ လောင်စာဆီ ရှားပါးခဲ့ပြီး ဆီဆိုင်တွေမှာ လူတွေ ကြိတ်ကြိတ်တိုး တန်းစီဝယ်ယူခဲ့ရပါတယ်။

ဆန္ဒပြပွဲမှာ လောင်စာဆီကားမောင်းတဲ့ ယာဉ်မောင်းတွေလည်း ပါဝင်တာကြောင့် ဆီပြတ်လပ်မှု ဖြစ်သွားမလားဆိုတဲ့ စိုးရိမ်ပူပန်မှုတွေ ရှိခဲ့ပါတယ်။ ” ဆိုင်ကယ်က ဆီထည့်မရဘူး။ ဆီတန်းစီတာ ၃ နာရီလောက် ကြာတယ်။ အဲဒီမှာ အော်ဒါ ၁ ကြောင်း ရောက်လာလို့ တန်းစီနေရာကနေ ထွက်လာခဲ့ပေမဲ့ ဆီကလည်း မရဘူး။ အဲဒါနဲ့ ကျွန်တော့်အစ်ကိုက သူ့မြင်းယူပြီး လိုက်ပို့ပါလားလို့ ပြောတယ်လေ။ ကျွန်တော် မြင်းစီးကျွမ်းတာ သူ သိတာကိုး”လို့ အစားအစာပို့ဆောင်သူ ဆက်ဒ်က ပြောပါတယ်။
ဆက်ဒ်ဟာ အိန္ဒိယနိုင်ငံရဲ့ အစားအစာပို့ဆောင်ရေးကုမ္ပဏီ Zomato ရဲ့ ဝန်ထမ်းတစ်ဦး ဖြစ်ပါတယ်။ သူက Zomato အမှတ်တံဆိပ်ပါ အစားအစာပုံးကို ကျောမှာလွယ်ပြီး မြင်းစီးရင်း အော်ဒါ လိုက်ပို့ခဲ့တာပါ။ မြင်းစီးရင်း အစားအစာ လိုက်ပို့တဲ့သူ့ကို မြင်တော့ စားသုံးသူတွေက အံ့သြပြီး ဓာတ်ပုံ၊ ဗီဒီယိုတွေ ရိုက်ကြပါတယ်။ ဒီဗီဒီယိုက အချိန်တိုအတွင်း ပျံ့နှံ့သွားခဲ့တာပါ။

Zomato ကုမ္ပဏီကတော့ အော်ဒါ အချိန်မီ ပို့ဆောင်နိုင်သူတွေကို ဆုပေးခြင်းမရှိသလို နောက်ကျသူတွေကိုလည်း ဒဏ်ရိုက်တာမျိုး မရှိဘူးလို့ ဆိုပါတယ်။ သူတို့က ဒီကိစ္စနဲ့ပတ်သက်ပြီး ကုမ္ပဏီအတွင်းပိုင်းမှာ ဆွေးနွေးမှုတွေ လုပ်နေပါတယ်။

ရေးသားသူ –Yoyarlay

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

 

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...