အီရန်လုံခြုံရေးအကြံပေးတွေရှိတဲ့ ဆီးရီးယားက လူနေအိမ် တိုက်ခိုက်ခံရ
အစ္စရေး၊ ဆီးရီးယား၊ လေကြောင်းတိုက်ခိုက်မှုဓာတ်ပုံ
လေကြောင်း တိုက်ခိုက်ခံခဲ့ရတဲ့ ဒမတ်စကပ်စ်မြို့က အဆောက်အဦ
အစ္စရေးတပ်ဖွဲ့ရဲ့ လေကြောင်းတိုက်ခိုက်မှုလို့ ဆိုတဲ့ တိုက်ခိုက်မှုကြောင့် ဆီးရီးယားနိုင်ငံ ဒမတ်စကပ်စ်မြို့က လူနေအဆောက်အဦ တစ်ခုကို ဗုံးထိမှန်ခဲ့တယ်လို့ ဆီးရီးယား အစိုးရ သတင်းမီဒီယာက ဖော်ပြပါတယ်။
အီရန် တော်လှန်ရေး အစောင့်တပ်ဖွဲ့ဝင် တစ်ဦးအပါအဝင် အနည်းဆုံး လူ ၅ ဦး သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီအဆောက်အဦဟာ ဆီးရီးယားအစိုးရဆိုင်ရာ အီရန်အကြံပေးပုဂ္ဂိုလ်တွေ အသုံးပြုနေတဲ့ အဆောက်အဦ ဖြစ်တယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။
ဆီးရီးယား ပြည်တွင်းစစ်ကာလအတွင်း သမ္မတ အားဆတ်ကို အီရန်က အဓိက အခန်းကဏ္ဍကနေ ထောက်ခံအားပေးခဲ့တာ ဖြစ်ပါတယ်။
အစ္စရေးဘက်ကတော့ ခုချိန်ထိ ဘာတုံ့ပြန်မှုမှ မရှိသေးပါဘူး။ လတ်တလော နှစ်ပိုင်းတွေအတွင်း အစ္စရေးစစ်တပ်ဟာ ဆီးရီးယားမှာ ရှိတဲ့ အီရန်နဲ့ ဆက်နွှယ်နေတဲ့ ပစ်မှတ်တွေအပေါ် တိုက်ခိုက်မှု အတော်များများ လုပ်ခဲ့ပါတယ်။
ဂါဇာတောင်ပိုင်းကို ဗုံးကြဲတိုက်ခိုက်မှုတွေ အစ္စရေး ဆက်လုပ်နေ
အစ္စရေးတပ်ဖွဲ့ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ဂါဇာဒေသ အများစု ထိခိုက်ပျက်စီးသွားခဲ့
အစ္စရေးတပ်ဖွဲ့တွေက ဂါဇာ တောင်ပိုင်း ခန်းယူနစ်မြို့အပေါ် ဗုံးကြဲတိုက်ခိုက်မှုတွေ ပြင်းပြင်းထန်ထန် ဆက်လုပ်ခဲ့ပါတယ်။
မနေ့တုန်းက ပါလက်စတိုင်း ၁၆၅ ဦး thayဆုံးခဲ့ပြီး ခုချိန်ထိ ဂါဇာစစ်ပွဲအတွင်း စုစုပေါင်း thayဆုံးခဲ့သူအရေအတွက်ဟာ ၂၅,၀၀၀ နားအထိ ရှိလာနေပြီလို့ ဂါဇာဒေသရဲ့ ဟားမတ်စ် ကျန်းမာရေးတာဝန်ရှိသူတွေက ပြောပါတယ်။
အစ္စရေးစစ်တပ်က စစ်ဘက်ဆိုင်ရာခြံဝင်းတစ်ခုလို့ ဆိုတဲ့ နေရာတစ်ခုကို သူတို့ စီးနင်းတိုက်ခိုက်ခဲ့စဉ် ရော့ကက်လောင်ချာ ၆ ခုကို တွေ့ရှိသိမ်းဆည်းမိခဲ့တယ်လို့ ပြောပါတယ်။
အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်နဲ့ အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နက်တာညာဟု တို့ တစ်လနီးပါးအတွင်း ပထမဆုံးအကြိမ် စကားပြောခဲ့ကြချိန်မှာပဲ အခုလို တိုက်ခိုက်မှုတွေ ဆက်ဖြစ်နေတာပါ။
ပါလက်စတိုင်းနိုင်ငံ တကယ်တန်း ထူထောင်ရေးကို စစ်ပွဲပြီးသွားချိန်ကျရင် ထည့်စဉ်းစား လုပ်ဆောင်မှာ မဟုတ်ဘူးလို့ မစ္စတာ နက်တာညာဟုက အစောပိုင်းတုန်းက ပြောခဲ့တယ်ဆိုတာ မဟုတ်ကြောင်း မစ္စတာ ဘိုင်ဒန်က ငြင်းဆိုခဲ့ပါတယ်။
ရေးသားသူ –BBC Burmese
မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။
မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။