တောင်ကိုရီးယားဆီလီကွန်ပညာရှင်ရဲ့ သက်ရှိအလား ထင်ယောင်မှားရတဲ့ အံ့မခန်းလက်ရာများ

International News
တောင်ကိုရီးယားဆီလီကွန်ပညာရှင်ရဲ့ သက်ရှိအလား ထင်ယောင်မှားရတဲ့ အံ့မခန်းလက်ရာများ

တောင်ကိုရီးယား ဆီလီကွန်ရုပ်တုပညာရှင် ပက်ခ်ယောင်ဂျေးရဲ့ လက်ရာတွေကတော့ သက်ရှိအလား ထင်ယောင်မှားရတဲ့အထိ အံ့မခန်းပါပဲ။ ဆံချည်မျှင် တစ်ချောင်းချင်းစီတောင် မြင်ရတဲ့အထိ အနုစိတ်လွန်းတဲ့ သူ့ရဲ့လက်ရာတွေကြောင့် လူမှုကွန်ရက်ပေါ်မှာ အားပေးသူ အများအပြား ပိုင်ဆိုင်ထားသူပါ။

ပက်ခ်ယောင်ဂျေးက ရိုမီယိုနဲ့ ဂျူးလီးယက် ဇာတ်ကားထဲက မင်းသား လီယိုနာဒိုဒီကာပရီယို၊ Forrest Gump ဇာတ်ကားထဲက မင်းသား တွမ်ဟန့်ခ်၊ Joker ဇာတ်ကားထဲက ဟိသ်လက်ဂျာ အစရှိတဲ့ နာမည်ကျော်ဇာတ်ကောင်တွေရဲ့ ရုပ်တုတွေအပြင် K-Pop အဆိုတော်တွေရဲ့ ဆီလီကွန်ရုပ်တုတွေကိုလည်း ပုံဖော်ဖန်တီးခဲ့ပါတယ်။

ရေးသားသူ –Yoyarlay

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

 

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...