လူကြိုက်များတဲ့ အပ်မှို ရဲ့ ကျန်းမာရေးအကျိုးကျေးဇူး

Health Knowledge
လူကြိုက်များတဲ့ အပ်မှို ရဲ့ ကျန်းမာရေးအကျိုးကျေးဇူး

ဟော့ပေါ့ စားရင်ပဲဖြစ်ဖြစ်။ ခေါက်ဆွဲပြုတ်စားရင်ပဲဖြစ်ဖြစ် အပ်မှိုလေးကိုတော့ မဖြစ်မနေ စားလိုက်ရမှ ဆိုတဲ့ စာဖတ်သူတွေရှိမယ်ထင်ပါတယ်နော်။ ကမ္ဘာနဲပအဝှမ်းမှာ စိုက်ပျိုးထားတဲ့ အပ်မှိုအမျိုးအစားပေါင် များစွာရှိတဲ့အထဲကအဖြူရောင်နဲ့ အညိုဖျော့ရောင်လေးက လူကြိုက်များကြပါတယ်။ အဖြူရောင်ကိုတော့ စူပါမားကတ်တွေမှာ အများစုရောင်းချလေ့ရှိပါတယ်။

၁။ ကိုယ်ခံအားစနစ်ကို မြင့်တင်ပေးနိုင်တယ်။

အပ်မှိုမှာ Antioxidant အပါအဝင် အဟာရဓါတ်တွေများစွာပါဝင်ပါတယ်။ အပ်မှိုမှာ Amonio Acid လည်းပါဝင်ပါတယ်။ ကိုယ်ခံအားစနစ်ကို မြင့်တင်ပေးနိုင်လို့ တခြားရောဂါပိုးမွှားတွေ ဝင်ရောက်ခြင်းက ကာကွယ်ပေးနိုင်ပါတယ်။

၂။ အဆီတွေကျစေတယ်

သင့်ခန္တာကိုယ်ထဲမှာရှိတဲ့ မလိုအပ်တဲ့ အဆီပိုတွေကို လျှော့ကျစေပါတယ်။ အူတွင်းမှာရှိတဲ့ အဆီတွေကို လျှော့ချပေးလို့ ကျန်းမာရေးနဲ့ ညီညွှတ်ပါတယ်။

၃။ သကြားဓါတ်ကို မျှတစေတယ်။

အမျှင်ဓါတ်တွေကြွယ်ဝစွာပါဝင်လို့ ကိုလက်စထရောကိုလျှော့ကျစေပါတယ်။ ဒါ့အပြင် အဲဒီအမျှင်ဓါတ်တွေက သွေးတွင်းသကြားဓါတ်ပါဝင်မှုကို ထိန်းထားပေးနိုင်ပါတယ်။

၄။ ဝမ်းချုပ်ခြင်းကိုကာကွယ်ပေးတယ်။

အမျှင်ဓါတ်ကြွယ်ဝစွာပါဝင်လို့ ဝမ်းချုပ်ခြင်းကိုကာကွယ်ပေးနိုင်ပါတယ်။ အမျိုးသမီးတွေရော အမျိုးသားတွေရော လူကြီးလူငယ်တွေပါ စားသုံးပေးသင့်ပါတယ်။

၅။ မှတ်ဉာဏ်တိုးတက်စေတယ်။

အပ်မှိုမှာပါဝင်တဲ့ Amino Acid တွေက မှတ်ဉာဏ်တိုးတက်စေပါတယ်။ သင့်ကိုကျန်းမာစေမယ့်အပြင် မှတ်ဉာဏ်ကိုပါ တိုးတက်စေလို့ စားပေးသင့်ပါတယ်။

၆။ ဇီဝြဖစ်စဉ်ကို မြင့်တင်ပေးတယ်။

သင့်ရဲ့ ဇီဝြဖစ်စဉ်ကိုမြင့်တင်ပေးနိုင်လို့ အဟာရစုပ်ယူမှုကို အားကောင်းစေပါတယ်

Credit-MyFood Myanmar

ရေးသားသူ –Shweu

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။