သိန်း(၁၀၀၀)ကျော်တန်ဖိုးရှိတဲ့ ဂေဟာရဲ့မျက်နှာချင်းဆိုင်က မြေကွက်လေးကိုအသင်းပိုင်အဖြစ် ဝယ်ယူလိုက်တဲ့ ခိုင်နှင်းဝေ

Celebrity Local News
သိန်း(၁၀၀၀)ကျော်တန်ဖိုးရှိတဲ့ ဂေဟာရဲ့မျက်နှာချင်းဆိုင်က မြေကွက်လေးကိုအသင်းပိုင်အဖြစ် ဝယ်ယူလိုက်တဲ့ ခိုင်နှင်းဝေ

မင်းသမီးကြီးခိုင်နှင်းဝေ ကတော့ အနုပညာလောကမှာ ဝါရင့်သရုပ်ဆောင်မင်းသမီးကြီးတယောက်ဖြစ်ပါတယ်။ အောင်မြင်မှုတွေများစွာရရှိခဲ့ပြီး အနုပညာလောကရဲ့ထိပ်တန်းစာရင်းဝင်တယောက်ဖြစ်နေပေမဲ့ အခုချိန်မှာတော့ အနုပညာအလုပ်တွေကို ရပ်နားပြီး ပြည်သူ့အကျိုးအတွက် ပရဟိတအလုပ်တွေကိုပဲ ဇောက်ချလုပ်ကိုင်နေတာပဲဖြစ်ပါတယ်။ အကူအညီလိုအပ်နေသူတွေကိုလည်း တတ်နိုင်သလောက်ကူညီပေးပြီး မိဘမဲ့ ကလေး စွန့်ပစ်ခံကလေးတွေကို ဂေဟာတစ်ခုဖွင့်ပေးပြီး စောင့်ရှောက်ပေးထားတာပဲဖြစ်ပါတယ်။သူမရဲ့ ကလေးတွေအပေါ်မှာလည်း အတော်လေးသံယောဇဉ်ရှိတာကို ပရိသတ်ကြီး မျက်မြင်ပဲဖြစ်ပါတယ်။

အခုတစ်ခါမှာတော့ မိဘမဲ့ဂေဟာရှေ့က မြေကွက်လပ်လေးကို ဝယ်ယူဖြစ်ခဲ့တဲ့အကြောင်းပြောပြပေးလာတာပဲဖြစ်ပါတယ်။”ဂေဟာ ရဲ့ အရှေ့ဘက်မှာ ပေ(40′ x60′)မြေကွက်လေးက်ကိုသိန်း(၁၁၀၀) ကျပ် ဖြင့် အသင်းပိုင် အဖြစ် ထပ်မံ ဝယ်ယူဖြစ်ပါ တယ်ရှင်..

ခုနှစ်ရက် သားသမီး အလှုရှင်များ၊ ရုပ်ရှင် -ဇာတ်လမ်းတွဲများ ရိုက်ကူးရန် ဌားရမ်းပေး သော Producer များ၊ကြော်ငြာရိုက်ကူးသော လုပ်ငန်းရှင်များ အားလုံး နှင့် ပံ့ပိုးပေးကြ သော သူများအားလုံးကို အထူး ကျေးဇူးတင်ရှိ ပါတယ်.အဆောက်အဦးအတွက် အားလုံး အဆင်ပြေအောင် စီစဉ်ဆောင်ရွက်ပေးပါသော “ROYAL AMT” Construction မှ တာဝန်ရှိ လူကြီးများ အားလုံးကိုလဲ အထူးကျေးဇူးတင် ရှိပါတယ်ရှင်….
Khine Hnin Wai Foundation”ဆိုပြီး သူမရဲ့လူမှုကွန်ယက်စာမျက်နှာကတစ်ဆင့် ပြန်လည်ဝေမျှပေးလာခဲ့တာပဲဖြစ်ပါတယ်။

ရေးသားသူ –Let Pan News

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။