ရွှေမောင်း၊ ငွေမောင်း၊ အကျိုးပေးတွေကောင်း

Astrology
ရွှေမောင်း၊ ငွေမောင်း၊ အကျိုးပေးတွေကောင်း

မြန်မာယဉ်ကျေးမှုပစ္စည်းဝင်ဖြစ်သော “မောင်း” နှင့်ပတ်သတ်၍ အောင်သပြေ၊ ညောင်ရေနှင့်လောင်း၊ အောင်စည်အောင်မောင်း ဟုလည်ကောင်း၊ ထမင်းရေချောင်းစီး၊ မောင်းတီးကာလှူ ဟုလည်းကောင်း ကြီးမြတ်သော အဆိုမွန်၊ အဆိုကောင်း များရှိပါသည်။ အထင်ကရပင်ဖြစ်ပါသည်။ “မောင်” များအနေနှင့် “ဆုတောင်းစာများ၊ အင်း၊ စမများ” ရှိတတ်ကြကာ ယေဘုယျအားဖြင့် “အလယ်၌ဘုလုံးပါသောမောင်း” နှင့် အလုံးမပါသောမောင်း” ဟူ၍ “ရွှေမောင်း၊ ငွေမောင်း၊ ကြေးမောင်း၊ သံမောင်း” ဟူ၍လည်း အမျိုးမျိုးရှိပါသည်။

“ရွှေမောင်း” က (နဝင်းဓါတ်) “ငွေမောင်း” နှင့် “ကြေးမောင်း” တို့က (ဂဗ္ဘေမိတ်ဓါတ်)၊ “သံမောင်း” က (သပြေအောင်ဓါတ်) တို့ကိုပေးစွမ်းဆောင်သကြပါသည်။ အကျိုးပေးကောင်းများကိုလည်း ပေးစွမ်းတတ်ကြပါသည်။ ကုသိုလ်ရေးရာ၊ စီးပွားရေး” ကိုပါ အကျိုးပြုပါသည်။

“မောင်း” များကို အကြီး၊ အလတ်၊ အသေး မဟူဆိုသလို အထူးသဖြင့် (ဘုရား၊ စေတီ၊ ကျောင်းကန်၊ သာသနာ့နယ်မြေ ပုရဝုဏ်များ၊ နေအိမ်ရှိ ဘုရားခန်းများ၊ ဝိဇ္ဇာ၊ ဗဟိဒ္ဓိဓါတ်ခန်းများ၊ ဓါတ်နတ်သိုက်ဓါတ်နန်းများ၊ အောင်မြေတော်များ၊ အဟောအပြောခန်းများ၊ ကျက်သရေမင်္ဂလာခန်းမဆောင်များ၊ အနုပညာခန်းများ၊ မင်္ဂလာဧည့်ခန်းများ၊ စားသောက်ခန်းမကြီးများ) တို့၌ “နိမိတ်ပုံဆောင်၊ အယူတော်မင်္ဂလာ၊ ကျက်သရေမင်္ဂလာ၊ သိဒ္ဓိ၊ မဟိဒ္ဓိ၊ ကာမဇိဒိ ဝင်ဆောင်၊ လက်ဖွဲ့၊ ခမည်းသိဒ္ဓိဝင်အဆောင် ပစ္စည်းများအဖြစ်” ထွဋ်မြတ်စွာ ချိတ်ဆွဲ၊ ဆောင်သကြပါသည်။

ထို့အတူ “မောင်းအသီးသီး” တို့ကို အထူးသဖြင့် “အလှူမင်္ဂလာတော်၊ ဘုရားပွဲ၊ ဝိဇ္ဇာဓါတ်ပွဲ၊ ဓါတ်ပွဲ၊ နတ်ပွဲ၊ သိုက်ပွဲ၊ ရှင်ပြုနားသ မင်းခန်းမင်းနားမင်္ဂလာ၊ စစ်ချီစစ်တက်နှင့် အမိန့်ပြန်တမ်း၊ ဘုရားတည်ကျောင်းဆောက်၊ မြေသန့်၊ မြို့တည်၊ ကျောင်းတည်၊ နန်းတက်၊ ဘိသိက်ခံ၊ ကိုးမြို့ရှင်” စသည့်ကြီးမြတ်သော အထင်ကရပွဲတော်၊ ပွဲလမ်းသဘင်များ၊ ပွဲသဘင်ကြီးများပြီးသည့်အခါ မေတ္တာပို့ အောင်နိမိတ်ယူ၍ ထုကာအသုံးပြုလေ့ရှိတတ်ကြပါသည်။

“မောင်များ” အနက်အထူးသဖြင့် “ရွှေမောင်း” နှင့် “ငွေမောင်း” တို့ကို (အနုသုံးအဖြစ်) တီးခတ်လေ့ရှိကြထုလေ့ရှိသလို “ကြေးမောင်း” နှင့် “သံမောင်း” တို့ကို “အကြမ်းသုံးအဖြစ်” ထိုးထုခတ်လေ့ ရှိတတ်ကြပါသည်။

“မောင်းတီး၊ မောင်းထိုး၊ မောင်းထု မင်္ဂလာအစီအရင် ဓလေ့များ” ကို “ရှေ့နန်းတွင်၊ မင်္ဂလာသဘင်ကြီးများ” ၌ အသုံးပြုစီရင်လေ့ရှိကြသလို “ကမ္ဘာ့အချို့နိုင်ငံရှိ” ဘာသာအလိုက် “ဘုရားစေတီကျောင်းကန်များနှင့် မင်္ဂလာခန်းမဆောင်နေရာ” တို့တွင်လည်းထားရှိကြကာ အသုံးပြုစီရင်လေ့လည်း ရှိတတ်ကြပါသည်။

“မောင်း” များကို (၃)၊ (၅)၊ (၇)၊ (၉) အကြိမ်မျှ ထိုးခတ်တီးခတ်လေ့ရှိကြကာ မောင်းတီး၊ မောင်းထိုးမောင်းထုကြရင်းနှင့် မိမိတို့၏ “လိုရာလိုရင်း အကြောင်းကိစ္စ၊ ဆန္ဒ၊ ဆုပန်၊ ဆုတောင်း၊ နိမိတ်ဩဘာ ယူစာ များ”နှင့် အတူ “မောင်းပေါ်က” အသင့်ရေးထားစီရင် နိမိတ်ဆောင်ထားသော “ဆုတောင်းစာ၊ အဟိန်းလင်္ကာ၊ အင်းစမ၊ စမဗဝ” နှင့် ဂါထာမန္တန်များ” ကိုလည်း ရွတ်ဖတ် ရေရွတ်တတ်ကြပါသည်။ အချို့က အင်း၊ စမများ” ကို ရွတ်တတ်ကြပါသည်။

ယခုတင်ပြပါ “မင်္ဂလာမောင်း” ၌ “အဟိန်းဩဘာ ဆုတောင်း (၆) ကွက်” ပါရှိပြီး “အောင်စေ၊ ပိုင်စေ၊ နိုင်စေ၊ ပွင့်စေ၊ ထူးစေ၊ ကျော်စေ” ဟူ၍ရှိကြပြီး တီးခတ်၊ ထိုးခတ်၊ ထုခတ်၍ ရွတ်ဆိုဆောင်သပါက “အောင်မြင်ခြင်း၊ ပိုင်ဆိုင်ခြင်း၊ အနိုင်ရစေခြင်း၊ ပွင့်လန်းရစေခြင်း၊ ထူးကဲစေခြင်း၊ ကျော်ကြားထင်ပေါ်စေခြင်း” စသည့် ကြီးမားသောလောကီနှင့် လောကုတ္တရာနှစ်ဖြာတို့အတွက် အကျိုးရလဒ်ထူးများကို ရရှိခံစားရနိုင်ကြပါသည်။

“အောင်စေ (၁၃) မှ” အစ “ကျော်စေ (၂၃)” အထိ “ဂြိုလ်ပညတ်အက္ခရာစဉ်များ” အားလုံးကိုပေါင်းစုက (၂၈၈) ရ၍ (၉) နဝင်းကြေ မြောက်နေသဖြင့် (ကိုးနဝင်း) အကျိုးဓါတ်များကိုလည်း ယှဉ်တွဲရရှိ ခံစားရနိုင်ကြပါသည်။

“အသံက သာယဝ၊ အမြင့်က ကောင်းလှသည့်”၊ “မောင်း” အနေနှင့် “အတိသုခ၊ သောမဂြိုလ်စင်ဂြိုလ်မြတ်” (ကြာသ ပတေးနံ) သင့်ပြီး၊ အေးချမ်းသာယာစေမှုကို မောင်း၏ ရုပ်၊ ဒြပ်၊ ပညတ်၊ ဗြုပ္ဗတ်၊ မူလသဘာဝကိုယ်စံတို့က ပေးစွမ်းဆောင်သနေ၍ “မောင်း” များကို “အများသူငါ” တို့သာမက အထူးသဖြင့် ဓါတ်တူ၊ နံတူဖြစ်သော ကြာသပတေးသားသမီးများ၊ ကြာသပတေးနံနှင့် မိတ်ဖတ်များ ဖြစ်ကြသော တနင်္ဂနွေ၊ တနင်္လာ၊ အင်္ဂါသားသမီးများ” တို့အနေနှင့် ဆောင်သင့်ကြပါသည်။

ထို့အတူသိဒ္ဓိဥသျှောာင်၊ စေတိုင်းအောင်၊ ဝိဇ္ဇာဂိုဏ်ချုပ်ကြီး၊ အဖေကြီးဘိုးမင်းခေါင်” ကို ပူဇော်ပင့်ဖိတ်တိုင်တည်၍ နေအိမ်၌ “မောင်းချိတ်ဆွဲထားသူများတို့” အနေနှင့် –
“အောင်ငွေမောင်းသံ၊ တဒူဒူ ပေးပါလို့။
သောင်းရပ်ကကျော်၊ အဖေ့သားကြီး (မွေးနံနှင့်အမည်)။
မောင်းခတ်၍ မော်။”
ဟူသည့် “အဟိန်းဩဘာ လင်္ကာဆုတောင်း” ကို (၅) (သို့မဟုတ်) (၉) ကြိမ်တီးခတ် ထိုးခတ်၍ ထု၍လည်း လိုရာဆန္ဒများကို ဆုတောင်းနိုင်ကြပါသည်။ အမြန်အထက် အထင်အရှားပင် အကျိုးထူးပါသည်။ “ပွဲတွေ့နှင့် ကိုယ်တွေ့” များပင်ဖြစ်ပါသည်။ မှတ်ချက် – တင်ပြပါ “မောင်းပုံ” ကို “ကြေးပြား” ပေါ်၌ ကပ်ကာ ဆောင်သကလည်း အကျိုးထူးတတ်ပါသည်။

“အဖေကြီးဘိုးမင်းခေါ်” နှင့် “ငွေမောင်း၊ ကြေးပြား” တို့မှာ “မဟာမိတ်၊ ကက်ကင်းဓါတ်” ဖြစ်နေ၍ “သိဒ္ဓိ၊ မဟိဒ္ဒိ တန်ခိုးစွမ်းအရာများ” ကိုလည်း ရရှိခံစားရတတ်ပါသည်။ အကယ်၍ ငွေမောင်း” ပေါ်၌ကပ်၍ စီရင် အသုံးပြုက အကောင်းဆုံးပင် ဖြစ်ပါသည်။ ဘက်စုံက အကျိုးပြုသော “ကုသိုလ်၊ ရွှေ၊ ငွေ၊ စီးပွား တိုးစေသောမောင်းကို ပုဂ္ဂိုလ်မရွေး” ဆောင်သသင့်ကြပါသည်။

“ကျေးဇူးရှင် ဆရာသခင်မြတ်များကို ရိုကျိုးစွာ ရှိခိုးကန်တော့လျက်”

ရေးသားသူ –ဇာဇာ ဗေဒင် ယတြာ

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

 

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...