လူချမ်းသာမိသားစုက အသက် ၃၆ နှစ်အရွယ်ကောင်မလေးနဲ့ တွဲနေတဲ့ မင်းသားကြီး တွမ်ခရုစ်

လူချမ်းသာမိသားစုက အသက် ၃၆ နှစ်အရွယ်ကောင်မလေးနဲ့ တွဲနေတဲ့ မင်းသားကြီး တွမ်ခရုစ်

Celebrity International News
လူချမ်းသာမိသားစုက အသက် ၃၆ နှစ်အရွယ်ကောင်မလေးနဲ့ တွဲနေတဲ့ မင်းသားကြီး တွမ်ခရုစ်

အသက် ၆၁ နှစ်အရွယ် ဟောလိဝုဒ်မင်းသားကြီးတွမ်ခရုစ်ဟာ ရုရှားနိုင်ငံရေးသမားရဲ့သမီးဖြစ်သူ မော်ဒယ်ဟောင်း အယ်ဆီနာ ခါရိုဗာနဲ့ တွဲနေတယ်လို့ သိရပါတယ်။ သူတို့ ၂ ဦးတွဲနေတာကို ပြီးခဲ့တဲ့နှစ်ဒီဇင်ဘာမှာ ပထမဆုံးမြင်တွေ့ခဲ့ရတာပါ။ သူတို့အတွဲက တဖြည်းဖြည်းပိုရင်းနှီးလာခဲ့ပေမဲ့ သူတို့ရဲ့Privacy ကို ထိန်းထားချင်တာကြောင့် အတူတူဓာတ်ပုံအရိုက်မခံရအောင် အတော်လေးဂရုစိုက်ခဲ့ရပါတယ်။

အယ်ဆီနာရဲ့တိုက်ခန်းမှာ တွမ်ခရုစ်တစ်ညလုံးနေခဲ့တယ်။ သူတို့အတူတူလည်ရတာနှစ်သက်ကြတယ်။ သူတို့ချမ်းသာကြွယ်ဝကြပေမဲ့ သာမန်စုံတွဲတွေလုပ်တဲ့အရာတော်တော်များများကိုပဲ လုပ်ကြတယ်လို့ သတင်းအရင်းမြစ်က ဆိုထားပါတယ်။

မကြာသေးခင်က သူတို့စုံတွဲကို လန်ဒန်ရဲ့ Air Ambulance Charity ကို ပံ့ပိုးကူညီတဲ့ ပရဟိတညစာစားပွဲမှာ အတူမြင်တွေ့ခဲ့ရပါတယ်။ လန်ဒန်ရဲ့သီးသန့်စားသောက်ဆိုင်တချို့မှာလည်း အတူတူစားသောက်တာကို မြင်တွေ့ခဲ့ရပါတယ်။ အယ်ဆီနာရဲ့တိုက်ခန်းအနီးနားက Hyde Park မှာ အတူတူလမ်းလျှောက်နေတာကိုလည်း မြင်တွေ့ခဲ့ရတယ်လို့ ဆိုထားပါတယ်။

၂၀၂၃ ခုနှစ် ဒီဇင်ဘာလမှာ သူတို့ရဲ့ဆက်ဆံရေးနဲ့ပတ်သက်တဲ့ ကောလဟာလ ပထမဆုံးထွက်ရှိလာခဲ့တာပါ။ တွမ်ခရုစ်ဟာ အရင်က ၃ ကြိမ်လက်ထပ်ခဲ့ဖူးပါတယ်။

ရေးသားသူ –Yoyarlay

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

 

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...