British Academy Film Awards မှာ အကောင်းဆုံးဇာတ်ကားဆုအပါအဝင် ဆု ၇ ဆုကို Oppenheimer ဇာတ်ကား ဆွတ်ခူး
ဒုတိယကမ္ဘာစစ်ကိုအဆုံးသတ်စေခဲ့တဲ့ နျူကလီးယားလက်နက်ကို ဖန်တီးခဲ့တဲ့ ရောဘတ် အော့ပန်ဟိုင်းမားအကြောင်းကို ရိုက်ကူးထားတဲ့ Oppenheimer ဇာတ်ကားက ၇၇ ကြိမ်မြောက် British Academy Film Awards မှာ အကောင်းဆုံးရုပ်ရှင်၊ အကောင်းဆုံးဒါရိုက်တာ၊ အကောင်းဆုံးမင်းသားဆုအပါအဝင် ဆု ၇ ဆု ဆွတ်ခူးခဲ့ပါတယ်။
ဗြိတိန်ဖွား ရုပ်ရှင်ဒါရိုက်တာ ခရစ်စတိုဖာ နိုလန်က သူ့ရဲ့ပထမဆုံးအကောင်းဆုံးဒါရိုက်တာဆုကို ရရှိခဲ့ပြီး မင်းသား ခေလီယံ မာဖီကလည်း ရောဘတ် အော့ပန်ဟိုင်းမားဇာတ်ရုပ်အတွက် အကောင်းဆုံးမင်းသားဆုကို ဆွတ်ခူးခဲ့ပါတယ်။ ဒီလိုရှုပ်ထွေးလှတဲ့ဇာတ်ကောင်ကို သရုပ်ဆောင်ရတဲ့အတွက် ကျေးဇူးတင်ရပါတယ်လို့ မာဖီက ဆိုပါတယ်။
ဒီဇာတ်ကားက ဆုအမျိုးအစား ၁၃ ဆုအတွက် ဆန်ကာတင်စာရင်းဝင်ခဲ့တာပါ။ “Poor Things”၊ “Killers of the Flower Moon”၊ “Anatomy of a Fall”၊ “The Holdovers” ဇာတ်ကားတွေကို ကျော်ပြီး အကောင်းဆုံးဇာတ်ကားဆုကို ရရှိခဲ့တာပါ။ တည်းဖြတ်ဆု၊ ဓာတ်ပုံဆုနဲ့ တေးဂီတဆုတွေအပြင် မင်းသားကြီး ရောဘတ် ဒေါင်းနီ ဂျူနီယာကလည်း အကောင်းဆုံးဇာတ်ပို့မင်းသားဆုကို ရရှိသွားခဲ့ပါတယ်။
ပြီးခဲ့တဲ့နှစ်က Oppenheimer ဇာတ်ကားကို Barbie ဇာတ်ကားနဲ့အပြိုင်ရုံတင်ခဲ့ပြီး ရုံတင်ငွေက ထုတ်လု်ပရေးကုန်ကျစရိတ်ထက်တောင် ကျော်လွန်သွားခဲ့တဲ့အထိ တခဲနက်အားပေးနှစ်ခြိုက်ခံခဲ့ရတာဖြစ်ပါတယ်။
ရေးသားသူ –Yoyarlay
မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။
မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။