အဖေနဲ့အမေ ကြားဘာတွေပဲဖြစ်ခဲ့ဖြစ်ခဲ့ သူမအတွက်တော့ အဖေက အဖေကောင်းတစ်ယောက်ပါဆိုတဲ့ လင်းဇာနည်ဇော်ရဲ့သမီးလေး မြူလင်းကိုကို
မြူလင်းကိုကိုကတော့ လင်းဇာခြည်ကျော်ရဲ့ သမီးလေးဖြစ်ပြီး လင်းဇာခြည်ကျော် ကတော့ single mom တစ်ယောက်ဖြစ်ပြီး ခုချိန်ထိ သမီးလေးကို တစ်ယောက်ထဲ ကြီးပြင်းအောင်ထိန်းကျောင်းနေသူပါ။ ဒီကနေ့မှာတော့ မြူလင်းကိုကိုက သူမ အဖေအကြောင်းလေးပြောပြလာတာဖြစ်ပါတယ်။
မြူလင်းကိုကိုကတော့ “ပါးပါးနဲ့ က Australia မှာတုန်းကတော့ အဆက်သွယ်နဲနဲရှိပေမယ့် ပြန်ရောက်ထဲက အဆက်သွယ်သိပ်မရှိဘူး။ ညီမကလဲ ကိုယ်ဟာကိုယ် တစ်ယောက်ထဲ အေးအေးဆေးဆေးနေ တတ်တာ အိမ်မှာဆိုရင်တောင် တစ်ယောက်ထဲအခန်းထဲမှာဘဲနေတဲ့သူမျိုးဆို တော့ အဆက်သွယ်အများကြီးတော့မရှိနေပါဘူး။ ဒါမယ့် ညီမတို့ကြားထဲမှာတော့ အကုန်အဆင်ပြေပါတယ်။ မေကြီးကတော့အမြဲသင်ပေးပါတယ်။ သူတို့ လင်မယားကြားမှာ ဘာဘဲဖြစ်ခဲ့ဖြစ်ခဲ့ ညီမအတွက်ကတော့ အဖေဘဲဆိုပြီးတော့ ပေါ့။ ပါးပါးကလဲ
မေကြီးနဲ့ ဘာဘဲဖြစ်ခဲ့ဖြစ်ခဲ့ ညီမအပေါ်မှာတော့ အဖေကောင်းတစ်ယောက်ပါ။’ လို့မျှဝေလာပါတယ်။ မြူလင်းကိုကိုကတော့ အရွယ်နဲ့မလိုက်အောင် အရမူရင့် ကြိတ်ပြီး မိဘတွေအပေါ် နားလည်ပေးနိုင်တဲ့သူတစ်ယောက်ဘဲဖြစ်ပါတယ်။ မြို့ လင်းကိုကိုလဲ လုပ်ချင်တဲ့ အနုပညာအလုပ်တွေအများကြီးလုပ်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။
ရေးသားသူ –Let Pan News
မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။
မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။