မမှည့်သေးတဲ့ ငှက်ပျောသီးက စားလို့ရလား

Health Knowledge
မမှည့်သေးတဲ့ ငှက်ပျောသီးက စားလို့ရလား

ငှက်ပျောသီးအစိမ်းကို ဗိုက်နာမှာတွေဘာတွေ မတွေးပဲ စားရဲပါသလား။ ငှက်ပျောသီးကြိုက်တဲ့သူဆိုရင်တော့ ဝယ်လာတဲ့ငှက်ပျောသီး မှည့်အောင်စောင့်ရတဲ့ ဖီးလ်ကဘယ်လောက်ဆိုးလဲဆိုတာ သိမှာပါ။

အဲဒီလိုငှက်ပျောသီးကြိုက်တဲ့သူတွေအတွက် မမှည့်သေးလည်း စားလို့ရတယ်ဆိုတဲ့ သတင်းကောင်းရှိပါတယ်။ ဒါကြောင့်မို့လို့ နောက်တစ်ခါ ကုန်စုံဆိုင်က မမှည့်သေးတဲ့ ငှက်ပျောသီးတွေဝယ်လာပြီး ထိုင်စောင့်ခိုင်းတဲ့အမေ့ကို စိတ်မဆိုးပါနဲ့တော့။ အဝါရောင်မပြောင်းသေးလည်း စားလို့ရပါတယ်။

ပိုတက်ဆီယမ်၊ အမျှင်ဓာတ်နဲ့ အမ်တီအောက်ဆီဒန့်ဓာတ်တွေ မြင့်မားစွာပါဝင်တဲ့ မှည့်ပြီးတဲ့ငှက်ပျောသီးတစ်လုံးဟာ တခြားငှက်ပျောသီးတွေထက် ရိုးရိုးသကြားဓာတ် ပိုလို့ပါဝင်ပါတယ်။ လေ့လာတွေ့ရှိချက်အရ သကြားဓာတ်ဟာ ခန္ဓာကိုယ်ရဲ့အားထုတ်မှုစွမ်းအင်ကို တိုးမြှင့်ပေးနိုင်ပါတယ်။ ရိုးရိုးသကြားဓာတ်ကိုတော့ အသီးအနှံ၊ ပျားရည်နဲ့ ပေါင်းထား၊ ဖုတ်ထားတဲ့အစားအစာတွေကနေ အလွယ်တကူရရှိနိုင်ပါတယ်။

မမှည့်သေးတဲ့ငှက်ပျောသီးတွေမှာတော့ သကြားဓာတ်ပါဝင်မှုက မှည့်ပြီးတဲ့ငှက်ပျောသီးတွေထက် ပိုလို့နည်းပါတယ်။ မမှည့်သေးပေမဲ့ အမျှင်ဓာတ်နဲ့ ပိုတက်ဆီယမ်ဓာတ်တွေတော့ကြွယ်ဝစွာပါဝင်ပါတယ်။ အစိမ်းရောင်ငှက်ပျောသီးမှာ ပါဝင်တဲ့ အမျှင်ဓာတ်ဟာ အဆာချေဖို့ခက်ခဲတာကြောင့် သင့်ကိုအဆာခံစေပါတယ်။

မှည့်ပြီးတဲ့ ငှက်ပျောသီးရော၊ မမှည့်သေးတဲ့ ငှက်ပျောသီးရောမှာ ကောင်းကျိုးနဲ့ ဆိုးကျိုးဆိုပြီးရှိပါတယ်။ အစိမ်းရောင်ငှက်ပျောသီးက အမျှင်ဓာတ်ပါဝင်မှုများတဲ့အတွက် သင့်ကိုအဆာခံစေပေမဲ့ မမှည့်သေးလို့ အချိုဓာတ်နည်းပါတယ်။ နောက်ထပ် ရင်ပြည့်၊ ရင်ကယ်လည်းဖြစ်စေနိုင်ပါတယ်။

ဒါကတော့ လူတစ်ယောက်နဲ့တစ်ယောက် ခန္ဓာကိုယ်တည်ဆောက်ပုံချင်း မတူညီတဲ့အတွက် အပြောင်းအလဲရှိနိုင်ပါတယ်။ တစ်ဘက်မှာ မှည့်ပြီးတဲ့ငှက်ပျောသီးက သကြားပါဝင်မှုများလို့ ချိုတဲ့အရသာရှိတယ်ဆိုပေမဲ့ အဆာတော့မခံပါဘူး။ ဘက်မလိုက်တမ်းပြောရရင်တော့ အဝါပဲဖြစ်ဖြစ်၊ အစိမ်းပဲဖြစ်ဖြစ် ငှက်ပျောသီးမှန်ရင် အာဟာရဓာတ်ကြွယ်ဝစွာ ပါဝင်ပြီးသားမို့ သင့်ရဲ့နေ့စဉ်စားသောက်မှုပုံစံထဲ ပုံမှန်ထည့်သွင်းစားသုံးပေးသင့်တဲ့ အသီးတစ်မျိုးဖြစ်ပါတယ်။

ရေးသားသူ –Yoyarlay

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

 

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...