သင့်ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေကို အစိမ်းရောင်ပန်းသီးဖျော်ရည်နဲ့ ဖယ်ရှားလိုက်ရအောင်

Health Knowledge
သင့်ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေကို အစိမ်းရောင်ပန်းသီးဖျော်ရည်နဲ့ ဖယ်ရှားလိုက်ရအောင်

ဒီနေ့ခေတ် နေထိုင်စားသောက်ပုံစံက အသင့်စားအစားအစာတွေ၊ ပြုပြင်ထားတဲ့ အစားအစာ၊ သကြားများတဲ့ အစားအစာတွေကို စားသောက်ကြတာများပါတယ်။

အဲ့ဒီအပြင် စိတ်ဖိစီးမှု၊ အရက်၊ ဆေးလိပ် သောက်သုံးမှုနဲ့ ခန္ဓာကိုယ် လှုပ်ရှားမှုနည်းတာတွေကလည်း ခန္ဓာကိုယ်ထဲမှာ အဆိပ်အတောက်တွေများစေပါတယ်။

သဘာဝပတ်ဝန်းကျင် ညစ်ညမ်းလာတာကြောင့် အဆုတ်၊ အသားအရေ၊ ကျောက်ကပ်၊ အသည်း နဲ့အူလမ်းကြောင်းတွေကလည်း ပိုပြီး အလုပ်လုပ်လာရပါတယ်။

ကိုယ်အလေးချိန်တွေ လျော့ကျလာမယ်၊ မူးဝေ အော့အန်၊ ပင်ပန်းနွမ်းနယ်၊ ဝက်ခြံများလာတာနဲ့ စိတ်ဖိစီးမှုများလာတာကလည်း ခန္ဓာကိုယ်ထဲမှာ အဆိပ်အတောက်တွေများနေတဲ့ လက္ခဏာ တစ်ရပ်ပါ။

ဒါကြောင့် ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေကို ထိထိရောက်ဖယ်ရှားပေးနိုင်တဲ့ သဘာ၀ အသီးဖျော်ရည်အကြောင်းကို ဝေမျှချင်ပါတယ်။

ပါဝင်ပစ္စည်းများ

ရေ ဖန်ခွက် ၁ ခွက်

အစိမ်းရောင် ပန်းသီး ၄ လုံး

သံပုရာသီး ၁ လုံး

ဂျင်း လက်ဖက်ရည်ဇွန်း ၃ ဇွန်း

ပြုလုပ်နည်း

သံပုရာသီးကို အခွံခွာလိုက်ပါ။ပါဝင်ပစ္စည်းတွေအားလုံးကို သေးသေးလေးတွေဖြစ်အောင် လှီးပြီး ဖျော်စက်ထဲထည့်ကာ မွှေပြီး သောက်နိုင်ပါပြီ။

credit:MyFood Myanmar

ရေးသားသူ –Shweu

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

 

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...