အဆုတ်သန့်စင်စေသော ကန်စွန်းရွက်ပြုတ်ဟင်းချို
ဤဟင်းချိုသည် ဆေးလိပ်သောက်သူများ၊ အာပုပ်နံ့နံသူများ၊ ခန္ဓာကိုယ်အပူများနေသူများ၊ ချောင်းဆိုးနေသူများအတွက် ထိရောက်စွာ အကျိုးပြုနိုင်သည်။
လိုအပ်သောပစ္စည်းများ
ကန်စွန်းရွက် (၁) Kg အရိုးကိုပါ အသုံးပြုပါ။
ပျားရည် (၄၀၀) ဂရမ်
ရေ (၄)လီတာမျှ
ရေကောင်းကောင်းဆန့်သည့် အိုးကြီး (၁)အိုး
ပြုလုပ်နည်း
အထက်ပါပစ္စည်းများ အားလုံးရော၍ မီးမျှင်းမျှင်းနှင့် (၄) နာရီ ကြာတည်ပါ။ အဖတ်များကို စစ်၍ ပုလင်းထဲ ထည့်ပြီး ရေခဲသေတ္တာထဲတွင် (၂-၃)ရက်ထားပါ။
မိသားစု (၁)ဦးချင်းတစ်နေ့(၁)ခွက်သောက် ရပါမည်။ ကန်စွန်းရွက်ဟင်းချိုသောက်ခြင်းဖြင့် အဆုတ်အတွက်ကောင်းသည်ဟု တရုတ်လူမျိုးများက အထူးသဖြင့် ဓလေ့ရိုးရာအဖြစ် သောက်ကြသည်။
အကျိုးသက်ရောက်ပုံများမှာ
(၁) အဆုတ်အတွင်း အဆိပ်အတောက်များကို စင်ကြယ်သန့်ရှင်းစေသည်။ ဆေးလိပ်သောက်သူများ လေထုညစ်ညမ်းသော ပတ်၀န်းကျင် တွင် နေထိုင်သူများအတွက် ကြီးမားသော ကောင်းကျိုးရစေသည်။
(၂) အာပုပ်နံံံ့နံသူများသည်လည်း ဤဟင်းချိုသောက်ခြင်းက ကုစားစေနိုင်သည်။
(၃)ပူ၍ခြောက်သွေ့သော ရာသီတွင် ခန္ဓာကိုယ်တွင်း အပူများသူများ သောက်ခြင်းဖြင့် အပူငြိမ်းစေသည်။
(၄)အဆုတ်ကို သန့်ရှင်းစင်ကြယ်စေသဖြင့် ချောင်းဆိုးနေသူများအတွက် သင့်လျော်ကောင်းမွန်သောဆေးတစ်လက်ဖြစ်သည်။
Credit- Health Updates Journal
ရေးသားသူ –Shweu
မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။
မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။