အပစ်ရပ်ရေး ဟားမတ်စ်ဘက်က တန်ပြန်အဆိုပြုချက် အသေးစိတ်ထွက်လာ
ဂါဇာမှာ ပျက်စီးမှုတွေက ကြီးမား
ဂါဇာမှာ အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းဖို့ ဆက်ကြိုးစားတဲ့အနေနဲ့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး အန်တိုနီ ဘလင်ကင်ဟာ တဲလ်အဗီးနဲ့ အနောက်ဘက်ကမ်းတို့မှာ အစ္စရေး နဲ့ ပါလက်စတိုင်း အရာရှိတွေနဲ့ သီးခြားစီ တွေ့ဆုံ စကားပြောခဲ့ပါတယ်။
အရင်သီတင်းပတ်က ပေါင်းစုထားတဲ့ သဘောတူညီမှု မူဘောင် အပေါ် ဟားမတ်စ်ရဲ့ တုံ့ပြန်ချက် အသေးစိတ်လည်းထွက်လာပါတယ်။
သူတို့က ပြန်လှန်အဆိုပြုချက်လုပ်ရာမှာ အပစ်အခတ်ရပ်စဲရေးကို ၃ ဆင့် လုပ်မယ်၊ တဆင့်ဟာ ၄၅ ရက် ကြာမယ်လို့ ဆိုထားပါတယ်။
ပထမဆုံးအနေနဲ့ ဓားစာခံတွေထဲက အမျိုးသမီးတွေ၊ အသက်ငယ်သူ ယောက်ျားလေး တွေနဲ့ အသက်ကြီးတဲ့သူတွေကို လွှတ်မယ်။ ဒုတိယအဆင့်ကတော့ ဓားစာခံ အမျိုးသားတွေကို လွှတ်မှာနဲ့ အစ္စရေးတပ်တွေ အားလုံး ဂါဇာကဆုတ်ခွာတာတို့ ပါဝင်ပါတယ်။
အစ္စရေး ထောင်တွေမှာ ဖမ်းဆီးထားတဲ့ ပါလက်စတိုင်း အကျဉ်းသား ၁,၅၀၀ ကို လွှတ်ရမယ်လို့လည်း ဟားမတ်စ် တို့က တောင်းဆိုထားပါတယ်။
ရေးသားသူ –BBC Burmese
မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။
မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။