DIOR လက်ကိုင်အိတ် လက်ဆောင် လက်ခံလို့ တောင်ကိုရီးယား သမ္မတကတော် ဝေဖန်ခံရ

International News
DIOR လက်ကိုင်အိတ် လက်ဆောင် လက်ခံလို့ တောင်ကိုရီးယား သမ္မတကတော် ဝေဖန်ခံရ

သမ္မတ ကတော်က လက်ကိုင်အိတ် လက်ခံယူလိုက်တာကို လာပေးတဲ့ သူက လျှို့ဝှက်ကင်မရာနဲ့ ရိုက်ယူခဲ့

တန်ဖိုးကြီးအသုံးအဆောင် ဖြစ်တဲ့ ဒီရော (DIOR) တံဆိပ် လက်ကိုင်အိတ် တလုံးကို တောင်ကိုရီးယား သမ္မတ ကတော်က လက်ဆောင်အဖြစ် လက်ခံယူ လိုက်တဲ့အတွက် ဝေဖန်မှုတွေ ရက်သတ္တပတ် အတော်ကြာ ထွက်လာခဲ့တဲ့နောက် သမ္မတ ယွန်ဆပ်ခ်ယိုးက သူ့ဇနီးဘက်ကနေ ကာကွယ်ပြောလိုက်ပါတယ် ။

သမ္မတ ကတော် ကင်ကွန်ဟီက ဒီလက်ကိုင်အိတ် လက်ခံယူလိုက်တာကို လာပေးတဲ့ သူက လျှို့ဝှက်ကင်မရာနဲ့ ရိုက်ယူခဲ့ပြီး ဒီအဖြစ်က ၂၀၂၂ ခုနှစ် စက်တင်ဘာလတွင်းက ဖြစ်ခဲ့တာပါ။

ဗီဒီယိုကတော့ အများပြည်သူကြားကို ဒီကာလအတွင်းမှာ ရောက်လာခဲ့ကာ ဒီအရှက်ရဖွယ် သတင်းက တောင်ကိုရီးယားမှာ ခေါင်းစည်းသတင်း ဖြစ်နေခဲ့ ပါတယ်။

မစ္စတာယွန်က ဒါက နိုင်ငံရေးအရ လှည့်ပတ်ကစားကွက်ဖြစ်တယ်လို့ ဆိုကာ သူ့ဇနီး အနေနဲ့ ခပ်ပြတ်ပြတ်ပဲ လက်ဆောင်ကို မငြင်းလိုက်နိုင်တာကတော့ နောင်တရဖွယ် ဖြစ်တယ်လို့ ပြောပါတယ်။

အခု DIOR လက်ကိုင်အိတ်ဟာ ဒေါ်လာ ၂၀၀၀ ကျော် တန်ဖိုးရှိပါတယ်။

ရေးသားသူ –BBC Burmese

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

 

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...