lat natတွေထပ်လိုနေပြီလို့ ယူကရိန်းသမ္မတပြော
မြူးနစ်လုံခြုံရေးညီလာခံမှာတွေ့ရတဲ့ မစ္စတာဇလန်းစကီး
ဥရောပမှာ အဖြစ်ဆိုးကြီးတစ်ခုကိုရှောင်ရှားနိုင်ဖို့အတွက် နောက်ထပ်lat nat တွေလိုနေပြီလို့ ယူကရိန်းသမ္မတ ယူကရိန်းသမ္မတ ဗလော်ဒီမီယာ ဇလန်းစကီး က အရေးပေါ် တောင်းဆိုလိုက်ပါတယ်။
အမေရိကန်ကွန်ဂရက်မှာ သမ္မတဟောင်း ဒေါ်နယ်ထရမ့်ကို ထောက်ခံတဲ့ ရီပတ်ဘလီကန်အမတ်တွေက ယူကရိန်းကို lat nat ကူညီမယ့်အစီအစဉ်ကို ကဖျက်ယဖျက်လုပ်နေတာကြောင့် ယူကရိန်းတပ်တွေ lat nat ခဲယမ်း ပြတ်တောက်နေပါပြီ။
မစ္စတာထရမ့်နဲ့အတူ ရှေ့တန်းကိုသွားရောက်စစ်ဆေးဖို့ ပြင်ဆင်ထားတယ်လို့ ဇလန်းစကီးကပြောပါတယ်။
“မစ္စတာထရမ့်သာ လာမယ်ဆိုရင် သူနဲ့ ရှေ့တန်းကိုသွားဖို့ အသင့်ရှိပါတယ်။ တကယ်ဖြစ်နေတာက တကယ့်စစ်ပွဲပါ၊ အင်စတာဂရမ်မဟုတ်ပါဘူး၊ တကယ့်စစ်ပွဲပါ” လို့ ယူကရိန်းသမ္မတက ပြောပါတယ်။
ရုရှားကျူးကျော်စစ်ကို တန်ပြန်နေတဲ့ ယူကရိန်းကို ဆက်လက်ထောက်ပံ့ပေးဖို့ အမေရိကန်က ဆုံးဖြတ်ထားတဲ့အကြောင်း အမေရိကန်သမ္မတဂျိုးဘိုင်ဒင်က မစ္စတာဇလန်းစကီးကို ဖေဖော်ဝါရီ ၁၇ ရက်မှာ ဖုန်းနဲ့ ကတိပြုခဲ့ပါတယ်။
“ရှေ့တန်းက လက်ရှိအခြေအနေနဲ့ပတ်သက်လို့ ခေါင်းဆောင်နှစ်ဦး ဆွေးနွေးခဲ့တယ်”လို့ ဇလန်းစကီးက လူမှုမီဒီယာ X (ယခင် တွစ်တာ) မှာ ရေးသားခဲ့ပါတယ်။
“သမ္မတဘိုင်ဒင်ရဲ့ အပြည့်အဝထောက်ခံမှုရရှိနေလို့ ကျေးဇူးတင်ပါတယ်” လို့ ဇလန်းစကီးက ပြောပါတယ်။
အမေရိကန်ကွန်ဂရက်အနေနဲ့ တန့်နေတဲ့ ယူကရိန်းအကူအညီတွေနဲ့ပတ်သက်လို့ မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ပါစေလို့ သူက မျှော်လင့်နေပါတယ်။
ဇလန်းစကီးနဲ့ကမလာဟဲရစ်
ယူကရိန်းကို ဆက်လက်အကူအညီပေးမယ်လို့ အမေရိကန်ဒုတိယသမ္မတ ကမလာ ဟဲရစ် အတည်ပြု
ယူကရိန်းကို ဆက်လက်အကူအညီပေးမှာဖြစ်တဲ့အကြောင်း အမေရိကန်ဒုတိယသမ္မတ ကမလာ ဟဲရစ်ကလည်း အစောပိုင်းမှာ အတည်ပြုပြီးဖြစ်ပါတယ်။
“အမေရိကန်ဟာ စစ်ရေးအကူအညီနဲ့ပတ်သက်လို့ နိုင်ငံရေးကစားကွက်တွေ ခင်းနေလို့မဖြစ်ဘူး” လို့ ကမလာ ဟဲရစ်က မြူးနစ်လုံခြုံရေးညီလာခံမှာ မစ္စတာ ဇလန်းစကီးနဲ့အတူ သတင်းစာရှင်းလင်းပွဲလုပ်ရင်း ပြောခဲ့ပါတယ်။
အမေရိကန်က ယူကရိန်းအတွက် လတ်တလော စစ်ရေးအကူအညီထပ်ပေး
ရုရှားက ယူကရိန်းကို ကျူးကျော်မှု နှစ်နှစ်မပြည့်မီ တစ်ပတ်အလိုမှာ ကမ္ဘာ့နိုင်ငံခေါင်းဆောင်တွေ၊ ကာကွယ်ရေးဆိုင်ရာအဆင့်မြင့်အရာရှိတွေ တက်ရောက်တဲ့ ညီလာခံကို ပြုလုပ်ခဲ့တာဖြစ်ပါတယ်။
ညီလာခံမှာ ဇလန်းစကီး စကားမပြောမီမှာပဲ အက်ဗ်ဒီယစ်ကာမြို့ကနေ ယူကရိန်းတပ်တွေ ဆုတ်ခွာခဲ့ရတဲ့အကြောင်း သူ့ထိပ်တန်းတပ်မှူးက ပြောခဲ့ပါတယ်။
အက်ဗ်ဒီယစ်ကာမြို့ဟာ ယူကရိန်းအရှေ့ပိုင်းမှာရှိတဲ့ အဓိကမြို့ဖြစ်ပြီး မြို့ကိုသိမ်းပိုက်နိုင်ခြင်းဟာ ရုရှားအတွက် လပေါင်းများစွာအတွင်း အကြီးမားဆုံး စစ်ရေးအောင်မြင်မှုလည်းဖြစ်ပါတယ်။
ယူကရိန်းဟာ lat nat လုံလောက်ရုံပဲ ရှိပြီး အင်အားမှာလည်း သူ့အတိုင်းအတာနဲ့သူလုပ်နေရတဲ့အတွက် ကန့်သတ်ခံနေရတဲ့အကြောင်း ဇလန်းစကီးက ညီလာခံတက်ရောက်လာသူတွေကို ပြောပါတယ်။
ယူကရိန်းကို lat nat ကြီးနဲ့ အဝေးပစ်lat nat တွေ ပြတ်လပ်အောင်လုပ်နေတာဟာ ပူတင်ကို စစ်ရေးအရှိန်နဲ့ပတ်သက်လို့ ထင်သလိုလုပ်ခွင့်ပေးနေတာပဲလို့ ဇလန်းစကီးက ပြောပါတယ်။
“ရုရှားဆုတ်ခွာသွားအောင် လုပ်နိုင်တယ်ဆိုတာ ယူကရိန်းသားတွေက သက်သေပြခဲ့ပြီးဖြစ်ပါတယ်၊ ကျွန်တော်တို့မြေကို ပြန်ရအောင် လုပ်နိုင်ပါတယ်” လို့ သူက ပြောပါတယ်။
အနောက်ကမ္ဘာအနေနဲ့ ပူတင်ကို မရင်ဆိုင်ဘူးဆိုရင် လာမယ့်နှစ်အနည်းငယ်အတွင်းမှာ နောက်ထပ်နိုင်ငံပေါင်းများစွာကို အဖြစ်ဆိုးတွေကြုံအောင် ပူတင်က လုပ်နေဦးမှာလို့ ယူကရိန်းသမ္မတက ဆက်ပြောခဲ့ပါတယ်။
“စစ်ပွဲဘယ်တော့ပြီးမလဲ ယူကရိန်းကို မမေးနဲ့၊ ပူတင်ဘာလို့ ဆက်တိုက်နိုင်နေလဲလို့ ကိုယ့်ဘာကိုမေးကြည့်” လို့ သူကပြောပါတယ်။
ယူကရိန်းဟာ lat nat လုံလောက်ရုံပဲ ရှိတယ်လို့ ဇလန်းစကီး ကပြောပါတယ်။
lat nat ကြီးကျည်ဆန်အလျှံပယ်ရှိပြီး ပိုမိုအင်အားကြီးတဲ့ စစ်တပ်ကိုပိုင်ဆိုင်ထားတဲ့ ရုရှားကို ဆက်တိုက်နိုင်ဖို့အတွက် ယူကရိန်းဟာ lat nat နဲ့ပတ်သက်ရင် အမေရိကန်နဲ့ အခြားအနောက်နိုင်ငံမဟာမိတ်တွေကို မှီခိုနေရပါတယ်။
ဗြိတိန်၊ ဥရောပသမဂ္ဂနဲ့ အမေရိကန်တို့က ယူကရိန်းကိုပေးတဲ့ အကူအညီတွေဟာ ရုရှားကို တိုက်ခိုက်တဲ့နေရာမှာ တကယ်ကိုကွဲပြားခြားနားချက်တွေ ဖန်တီးပေးနိုင်မှာဖြစ်တယ် လို့ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ဒေးဗစ် ကင်မရွန်းက ပြောပါတယ်။
ဒါပေမဲ့ အခုအပတ်အစောပိုင်းမှာ အမေရိကန်အထက်လွှတ်တော်ဟာ လပေါင်းများစွာ နိုင်ငံရေးအရအငြင်းအခုန်လုပ်ခဲ့ကြပြီးနောက် ယူကရိန်းအတွက် ဒေါ်လာ ၆၀ ဘီလီယံအပါအဝင် နိုင်ငံခြားအကူအညီ ဒေါ်လာ ၉၅ ဘီလီယံ(ပေါင် ၇၅ ဘီလီယံ) ပါဝင်တဲ့ ဥပဒေကြမ်းကို အတည်ပြုခဲ့ပါတယ်။
ဒါပေမဲ့ ထရမ့်ကို သစ္စာခံတဲ့ ရီပတ်ဘလီကန်အမတ်တချို့က သဘောမတူတဲ့အတွက် အောက်လွှတ်တော်မှာတော့ ဥပဒေကြမ်းဟာ တန့်နေခဲ့ရပါတယ်။
ယူကရိန်းကိုကူညီတာဟာ ဥရောပအတွက် အကျိုးရှိတာမို့ ထရမ့်နဲ့ပတ်သက်ပြီး ညည်းညူနေတာတွေကိုရပ်သင့်ပြီလို့ မကြာခင်မှာ ရာထူးတာဝန်ပြီးဆုံးတော့မယ့် နယ်သာလန်ဝန်ကြီးချုပ် မာ့ခ် ရတ်က မြူးနစ်ညီလာခံမှာပြောပါတယ်။
“ယူကရိန်းမှာ ပူတင်အနိုင်ရတာဟာ ယူကရိန်းသားတွေအတွက် အဖြစ်ဆိုးဖြစ်သလို စစ်ရေးသုံးပြီး လိုချင်တာကို ရအောင်ယူနိုင်တယ်လို့ ပူတင်ကိုသာမက တရုတ်သမ္မတရှီကျင့်ဖျင်ကိုပါ သတင်းစကားပါးလိုက်တာလည်းဖြစ်ပါတယ်၊ ဒါကြောင့် ယူကရိန်းမှာ ဒီနေ့ဖြစ်နေတာဟာ နောက်တစ်နေ့မှာ ထိုင်ဝမ်မှာဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် ယူကရိန်းကိုထောက်ခံတာဟာ အမေရိကန်ပြည်ထောင်စုအတွက် အကျိုးရှိတယ်လို့ ကျွန်တော် လုံးဝကို ယုံကြည်ပါတယ်။ ဒါဟာ အကူအညီပေးတာမဟုတ်ဘဲ ကိုယ့်လုံခြုံရေးအတွက် ရင်းနှီးမြှုပ်နှံတာဖြစ်ပါတယ်” လို့ နေတိုးအတွင်းရေးမှူး ဂျန်စ် စတော့တန်ဘတ် ကပြောပါတယ်။
ရေးသားသူ –BBC Burmese
မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။
မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။