တန်ဖိုးကြီးလက်ကိုင်အိတ်တွေ တုပထုတ်လုပ်ခဲ့တဲ့ ဂျပန်အမျိုးသမီးကို ဖမ်းဆီး

International News
တန်ဖိုးကြီးလက်ကိုင်အိတ်တွေ တုပထုတ်လုပ်ခဲ့တဲ့ ဂျပန်အမျိုးသမီးကို ဖမ်းဆီး

တန်ဖိုးကြီး လက်ကိုင်အိတ်တွေ၊ ပိုက်ဆံအိတ်တွေကို တုပထုတ်လုပ် ရောင်းချခဲ့တာကြောင့် အသက် ၆၄ နှစ်အရွယ် ဂျပန်အမျိုးသမီးတစ်ဦးကို ဖမ်းဆီးထိန်းသိမ်းခဲ့ပါတယ်။ ဂျပန်နိုင်ငံ တိုကျိုမြို့ ကက်ဆုရှီကာရပ်ကွက်မှာ နေထိုင်တဲ့ အမည်မဖော်သူ အမျိုးသမီးဟာ လွန်ခဲ့တဲ့ နှစ်အနည်းငယ်ကစပြီး အိတ်ဆိုင် ဖွင့်လှစ်ရောင်းချခဲ့ပါတယ်။ ဒါပေမဲ့ ရောင်းအား မကောင်းခဲ့ပါဘူး။ ကိုဗစ်-၁၉ ကပ်ရောဂါကာလမှာတော့ သူ့ဆိုင်က လုံးဝမရောင်းရသလောက် ဖြစ်သွားခဲ့ပါတယ်။

တစ်နေ့မှာတော့ သူဟာ တီဗီကြည့်နေရင်း တန်ဖိုးကြီး လက်ကိုင်အိတ်တွေ၊ ပိုက်ဆံအိတ်တွေ ချုပ်လုပ်တဲ့ပုံစံကို တွေ့သွားခဲ့ပြီး အတုအပ ထုတ်လုပ်ဖို့ အကြံရခဲ့ပါတယ်။ သူက လေ့လာမှုတွေ ထပ်လုပ်ခဲ့ပြီး တန်ဖိုးကြီး လက်ကိုင်အိတ်တွေ၊ ပိုက်ဆံအိတ်တွေရဲ့ အဆင်ဒီဇိုင်းရှိတဲ့ ချည်ထည်စ၊ သားရေစတွေကို အွန်လိုင်းကနေ မှာယူကာ သူကိုယ်တိုင် ချုပ်လုပ်ခဲ့တာပါ။

တုပထုတ်လုပ်ထားတဲ့ လက်ကိုင်အိတ်တွေ၊ ပိုက်ဆံအိတ်တွေကို သူ့ဆိုင်မှာ ရောင်းချခဲ့တာပါ။ ပြီးခဲ့တဲ့နှစ်ပိုင်းအတွင်း Louis Vuitton ၊ Channel နဲ့ Gucci အမှတ်တံဆိပ် တုပထုတ်လုပ်ထားတဲ့ အိတ်တွေကို ရောင်းချရင်း သူက ယန်းငွေ ၉ သိန်း ( အမေရိကန်ဒေါ်လာ ၆၀၀၀) ကျော် ရရှိခဲ့ပါတယ်။

အခုလအစောပိုင်းမှာတော့ ဂျပန်ရဲတပ်ဖွဲ့က သူ့ဆိုင်ကို ဝင်ရောက်စီးနင်းခဲ့ပြီး တုပဖန်တီးထားတဲ့ အိတ် ၃၃၀ ကျော်ကို သိမ်းဆည်းရမိခဲ့တာပါ။ သူက အိတ်တစ်လုံးကို အမေရိကန်ဒေါ်လာ ၂၃ ဒေါ်လာဝန်းကျင် ရောင်းချခဲ့တာဖြစ်ပါတယ်။

ရေးသားသူ –Yoyarlay

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

 

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...