ပြည်ပအလုပ်အကိုင် အတွက် Demand သစ်တင်လျှောက်တာတွေကို စစ်ကောင်စီဆိုင်းငံ့ထား

ပြည်ပအလုပ်အကိုင် အတွက် Demand သစ်တင်လျှောက်တာတွေကို စစ်ကောင်စီဆိုင်းငံ့ထား

Local News
ပြည်ပအလုပ်အကိုင် အတွက် Demand သစ်တင်လျှောက်တာတွေကို စစ်ကောင်စီဆိုင်းငံ့ထား

ပြည်ပအလုပ်အကိုင်အတွက် အလုပ်အသစ် Demand တွေတင်တာကို စစ်ကောင်စီအလုပ်သမားဝန်ကြီးဌာနက ယာယီဆိုင်းငံ့ခိုင်းထားတယ်လို့ ပြည်ပအလုပ်အကိုင်ရှာဖွေရေး‌‌အေဂျင်စီတွေက ဘီဘီစီကိုပြောပါတယ်။

မလေးရှား၊ ထိုင်း၊ ဂျပန်၊စင်ကာပူ တို့ကို သွားရောက်အလုပ်လုပ်ကိုင်ဖို့အတွက် ပြင်ဆင်နေတဲ့ လူငယ်တွေအတွက် အခက်အခဲဖြစ်ကြတဲ့အခြေအနေလို့ ဆိုပါတယ်။ အဲဒီလိုယာယီဆိုင်းငံ့တာကို ဖေဖော်ဝါရီ ၁၃ ရက်ကစတင်ပြီး အဲဒီအရှေ့ပိုင်းမှာ Demand တင်ထားတဲ့သူတွေအတွက်ကိုတော့ ပုံမှန်အတိုင်းလုပ်ဆောင်ပေးမယ်ဆိုပြီး စစ်ကောင်စီအလုပ်သမားဝန်ကြီးဌာနက အလုပ်အကိုင်ရှာဖွေရေးအေဂျင်စီတွေကို တုံ့ပြန်ထားပါတယ်။

” သူက Calling (ခေါ်စာ)ရပြီးသား လူတွေ၊ ထွက်ခွာဖို့လုပ်ထားပြီးသားလူတွေအတွက်က အဆင်ပြေတယ်။ သူတို့ က ဆက်သွားလို့ရမယ်ဆိုပေမဲ့ အသစ်သွားဖို့ပြင်နေ တင်နေတဲ့သူတွေမရဖြစ်သွားတာပါ။ သူတို့ ( စစ်ကောင်စီအလုပ်သမားဝန်ကြီးဌာန) ကတော့ ယာယီဆိုင်းငံ့တယ်ပဲပြောတယ်။ အထက်ကဆိုင်းငံ့ခိုင်းလို့ပဲ ပြောပြီး ကျန်တာ အကြောင်းပြချက်မပေးဘူး” လို့ ပြည်ပအလုပ်အကိုင်ရှာဖွေရေးအေဂျင်စီလုပ်ငန်းလုပ်ကိုင်နေသူတစ်ဦးကပြောပါတယ်။

ရေးသားသူ –BBC Burmese

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

 

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...