တောင်ကိုရီးယားသားတွေ အိမ်ပြန်ပြီး ဂျော်ဒန်ဖိုင်နယ်တက်ပြီ

International News Sports
တောင်ကိုရီးယားသားတွေ အိမ်ပြန်ပြီး ဂျော်ဒန်ဖိုင်နယ်တက်ပြီ

AFC Asian Cup 2023 မှာတော့ ဂျော်ဒန်ဟာ တောင်ကိုရီးယားကို (၂-၀)နဲ့အနိုင်ယူပြီး ဗိုလ်လုပွဲတက်ခဲ့ပါပြီ။ ဂျော်ဒန်အတွက် အနိုင်ဂိုးတွေကိုတော့ Al-Naimat နဲ့ Al-Taamari တို့က ဒုတိယပိုင်းမှာ သွင်းယူပေးခဲ့ပါတယ်။

ကမ္ဘာ့အဆင့်၂၃မှာရှိနေတဲ့ တောင်ကိုရီးယားဟာ ဒီပွဲမှာ ဂျော်ဒန်ကို ဘောလုံးပိုင်ဆိုင်မှုသာ အသာစီးယူနိုင်ခဲ့ပေမယ့် ဂိုးပေါက်ကန်သွင်းမှု၇ကြိမ်မှာ ၁ကြိမ်တောင် ဂိုးပေါက်မတည့်ခဲ့ပါဘူး။ ဂျော်ဒန်ကတော့ ဂိုးပေါက်ကန်သွင်းမှု ၁၇ကြိမ်ပြုလုပ်ခဲ့ပြီး ၇ကြိမ် ဂိုးပေါက်တည့်ခဲ့ပါတယ်။

အုပ်စုအဆင့်မှာတုန်းက‌လည်း ဒီနှစ်သင်းတွေ့ဆုံခဲ့ပြီး တစ်ဖက်၂ဂိုးစီနဲ့ သရေကျခဲ့ပေမယ့် ဒီတစ်ကြိမ်မှာ ဂျော်ဒန်အနိုင်ရခဲ့ပါပြီ။ ပြိုင်ပွဲကနေ ဂျပန်ထွက်ခွာခဲ့ပြီးနောက် ဗိုလ်စွဲဖို့ရေပန်းအစားဆုံးဖြစ်နေတဲ့ တောင်ကိုရီးယားကတော့ ဆီမီးဖိုင်နယ်အဆင့်ကနေ ထွက်ခွာခဲ့ရပါပြီ။

အသင်းရဲ့သမိုင်းတစ်လျှောက် ပထမဆုံးအနေနဲ့ အာရှဗိုလ်လုပွဲတက်ခဲ့တဲ့ ဂျော်ဒန်ဟာ အီရန် Vs ကာတာတို့ရဲ့ပွဲစဉ်ကနေ တက်လာမယ့်အသင်းနဲ့ ဖိုင်နယ်မှာ ရင်ဆိုင်ရမှာဖြစ်ပါတယ်။

ရေးသားသူ –Media Fever 9

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

 

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...