၂၀၂၄ နှစ်ဦးပွဲမှာ ကယန်းလက်ဝှေ့မယ် ဘရော်နီကာ က ထိုင်းမွေထိုင်းမယ် ကိုအနိုင်ရ

International News Sports
၂၀၂၄ နှစ်ဦးပွဲမှာ ကယန်းလက်ဝှေ့မယ် ဘရော်နီကာ က ထိုင်းမွေထိုင်းမယ် ကိုအနိုင်ရ

ဘရော်နီကာကိုယှဉ်ပြိုင်ထိုးသတ်မယ့်ပြိုင်ဖက်လည်းနည်းလာ

ကယန်းလက်ဝှေ့မယ် ဘရော်နီကာ ရဲ့၂၀၂၄ ခုနှစ် ပထမဆုံး ပွဲမှာ ထိုင်းလက်ဝှေ့မယ် နောင်ဗြူးတက်ဆူတင်ကို ပထမအချိီမှာတင်အနိုင်ရရှိသွားပါတယ်။
ဘရော်နီကာပြိုင်ဖက်ကို ပထမအချိီအတွင်းမှာပဲလက်သီးထိုးချက်တွေနဲ့ အနိုင်ယူခဲ့တာဖြစ်ပါတယ်။

လက်ရှိ အမျိုးသမီးမွေထိုင်း ၅၃ ကီလိုဝိတ်တန်း ကမ္ဘာ့နံပါတ်တစ် နေရာရထားတဲ့ ဘရော်နီကာ ဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလက ထိုင်းဘုရင့်ဖလား လက်ဝှေ့ပြိုင်ပွဲမှာလည်း ထပ်ဆင့်ချန်ပီယံဆုရထားပါတယ်။

ကယန်းလက်ဝှေ့မယ် ဘရော်နီကာဟာ ၂၀၂၂ နှစ်ကုန်ကမှ ထိုင်း မွေထိုင်းလောကရဲ့ နာမည်ရ Thai Fight ကလပ်ကို ရောက်ရှိခဲ့ပြီး တစ်နှစ်ကျော်အတွင်းမှာပဲ ထိုင်းမွေထိုင်းလောကမှာပါ ထင်ရှားလာသလို ကိုယ်ခံပညာသိုင်းပေါင်းစုံ MMA က မျက်စိကျနေတဲ့ ကစာသမားတဦးလည်းဖြစ်ပါတယ်။

” ထိုင်းမှာက ဘရော်နီကာနဲ့ ထိုးသတ်မယ့်သူက တော်တော်ရှားလာပြီ။ပြိုင်ဖက်မရှိသလောက်ဖြစ်နေလို့ ပွဲတွေလည်း စီစဉ်လို့မရတော့ဘူး။ သူလည်း MMA ကိုသွားမယ့်အခြေအနေရှိတယ်” လို့ အနီးကပ်ရှိသူက ပြောပါတယ်။

ဘရော်နီကာဟာ မြန်မာ့ရိုးရာလက်ဝှေ့မှာ ပထမဆုံး အမျိုးသမီး ရွှေခါးပတ်ဆုရှင်ဖြစ်သလို မွေထိုင်းပွဲ အများစုမှာ အနိုင်ရယူထားတဲ့ လက်ရှိကမ္ဘာ့ချန်ပီယံ ဖြစ်ပါတယ်။

ရေးသားသူ –BBC Burmese

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

 

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...