မင်းသားဆောင်ဂျွန်ကီပါဝင်ထားတဲ့ Netflix ရဲ့ My Name is Loh Kiwan ဇာတ်ကားက Top 10 movies (Non-English) အမျိုးအစားမှာ ထိပ်ဆုံးက ရပ်တည်နေ

Celebrity International News
မင်းသားဆောင်ဂျွန်ကီပါဝင်ထားတဲ့ Netflix ရဲ့ My Name is Loh Kiwan ဇာတ်ကားက Top 10 movies (Non-English) အမျိုးအစားမှာ ထိပ်ဆုံးက ရပ်တည်နေ

မတ်လ ၁ရက်နေ့က ထွက်ရှိခဲ့တဲ့ “My Name is Loh Kiwan” ဇာတ်ကားဟာ ထွက်ရှိပြီး ဒုတိယအပတ်မှာ အင်္ဂလိပ်စကားပြောမဟုတ်တဲ့ ဇာတ်ကား ၁၀ ကားစာရင်းရဲ့ ထိပ်ဆုံးနေရာမှာ ရပ်တည်ထားပါတယ်။ မင်းသားဆောင်ဂျွန်ကီပါဝင်ထားတဲ့ ဒီဇာတ်ကားဟာ မတ်လ ၄ ရက် ကနေ ၁၀ ရက်အထိ ကမ္ဘာ့တစ်ဝှမ်း ကြည့်ရှုမှု နာရီပေါင်း ၅.၁ သန်းရှိခဲ့ပြီး၊ ထွက်ရှိပြီး ပထမအပတ်မှာ နံပါတ် ၃ နေရာကနေ ထိပ်ဆုံးကို ရောက်ရှိလာခဲ့တာပါ။

ဒီဇာတ်ကားက ကိုရီးယား၊ ဗင်နီဇွဲလား၊ မလေးရှားနဲ့ တူရကီအပါအဝင် နိုင်ငံပေါင်း ၃၁ နိုင်ငံမှာ ရုပ်ရှင်ချစ်ပရိသတ်တွေကို စွဲမက်ဖွယ်ကောင်းတဲ့ဇာတ်ကြောင်းနဲ့ ဖမ်းစားနိုင်ခဲ့ပါတယ်။

ဒါရိုက်တာကင်ဟီဂျင်ရိုက်ကူးတဲ့ ဒီဇာတ်ကားက ဘယ်လ်ဂျီယံမှာ ဒုက္ခသည်အဖြစ် ခိုလှုံဖို့ ကြိုးစားနေတဲ့ မြောက်ကိုရီးယားကထွက်ပြေးလာသူရဲ့ဇာတ်လမ်းကို ပုံဖော်ထားတာပါ။ ထိပ်တန်းမင်းသားချော ဆောင်ဂျွန်ကီက Loh Kiwan ဇာတ်ကောင်အဖြစ် ပါဝင်သရုပ်ဆောင်ထားပါတယ်။

ရေးသားသူ –Yoyarlay

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။