သမ္မဒါနကာရကအမည်ရှင်များ
တနင်္ဂနွေ အစ အင်္ဂါ အဆုံး ။
တနင်္လာ အစ ဗုဒ္ဓဟူး အဆုံး ။
အင်္ဂါ အစ စနေ အဆုံး ။
ဗုဒ္ဓဟူး အစ ကြာသပတေး အဆုံး ။
ကြာသပတေး အစ သောကြာ အဆုံး ။
သောကြာ အစ တနင်္လာ အဆုံး ။
စနေ အစ ရာဟု အဆုံး ။
ရာဟု အစ တနင်္ဂနွေ အဆုံး ။
အမည်ရှင်များအားလုံးကို “သမ္မဒါနအမည်ရှင်များ”လို့ သတ်မှတ်ပါတယ် ။ သမ္မဒါနဆိုတာ “အများနှင့်သက်ဆိုင်သော”ဆိုတဲ့ အဓိပ္ပါယ်မို့လို့ သမ္မဒါနကာရက ဆိုတာ အများပိုင်ပြုလုပ်ခြင်းဆိုတဲ့ အဓိပ္ပါယ်သက်ရောက်ပါတယ် ။
အဲဒါကို စပ်တူပြုလုပ်ခြင်း အတူပူးပေါင်းပြုလုပ်ခြင်းလို့လဲ အဓိပ္ပါယ်ဖွင့်ဆိုကြပါသေးတယ် ။ ဒါကြောင့် သမ္မဒါနအမည်ရှင်အများစုဟာ ဘာကိုပဲလုပ်လုပ် အဖေါ်အပေါင်းလေးနှင့်မှ အလုပ်လုပ်တတ်ကြသူတွေ ဖြစ်ကြပါတယ် ။
မိမိတစ်ယောက်ထဲ လုပ်လို့ရတဲ့အလုပ်ဖြစ်သော်လည်း အပေါင်းအသင်းတစ်ယောက်ယောက်ကို လက်တွဲလုပ်ကိုင်တတ်ကြလွန်းလို့ အသင်းအဖွဲ့တွေ အစုရှယ်ယာတွေ စပ်တူအလုပ်တွေ လုပ်ကြသူအများအပြားဟာ အဲဒီ သမ္မဒါနအမည်ရှင်တွေဖြစ်သလို
ကုမ္ပဏီတွေမှာ ရှယ်ယာအများဆုံး ထည့်ဝင်တတ်ကြတာလဲ အဲဒီအမည်ရှင်တွေပဲဖြစ်ပါတယ် ။
အပေါင်းအသင်းကြောင့် တင့်တယ်ခြင်းအပေါင်းအသင်းကြောင့် ဂုဏ်ပျက်ခြင်းဆိုတာတွေလဲ အဲဒီအမည်ရှင်တွေပဲ ဖြစ်ပါတယ် ။ မွေးမဟာဘုတ်မှာ အမည်အဖျားစာလုံးကို မရဏ ဘင်္ဂ ပုတိ ဆိုတဲ့နေရာဌာနဆီကိုမှားယွင်းမှည့်ခေါ်မိကြသူများဟာ ထိန်းသိမ်းပေးသူမရှိခဲ့ရင် အပေါင်းအသင်းမှားတတ်ကြသူတွေ ဖြစ်ကြပီး အဲဒီလိုမှည့်ခေါ်လိုက်ခြင်းအားဖြင့် ပထမဆုံး မိသားစုနှင့် အဆင်မပြေတဲ့သူတစ်ယောက်အဖြစ်ကို ရောက်ရှိစေပီး အဲဒါကို မပြုပြင်ဘူး မထိန်းဘူးဆိုရင်
တဖြည်းဖြည်းနဲ့ မိသားစုရဲ့ဖယ်ကျဉ်ခံရတဲ့ ဘဝကိုရောက်ရှိပီး လမ်းမှားရောက်သွားဖို့ လွယ်ကူသွားစေပါတယ် ။
သမ္မဒါနကာရက အားနည်းတဲ့နာမည်ရှင်များဟာ အိမ်ထောင်ဖက်နှင့်လည်း အဆင်မပြေတတ်ကြပါဘူး ။ မိမိကိုယ်သာ မှန်တယ်ထင်ပီး မိမိမှတပါး ရှိသမျှအကုန်လုံးအမှားလို့ မှတ်ယူနေတတ်ကြတယ် ။ ဒါပေမဲ့လဲ အပေါင်းအသင်းမရှိရင် မနေတတ်တဲ့နာမည်ရှင်များဖြစ်ကြတာမို့လို့ ဘဝတူ စရိုက်တူ အချင်းချင်းပေါင်းသင်းမိကြပီး ပတ်ဝန်းကျင်မှာ အများလက်မခံနိုင်သော လူတစ်စုအဖြစ်ကို ရောက်ရှိသွားစေပါတယ် ။
သမ္မဒါနကာရက အားကောင်းတဲ့နာမည်ရှင်များဟာ အသင်းအဖွဲ့တွေ စပ်တူလုပ်ငန်းတွေ ကုမ္ပဏီရှယ်ယာအလုပ်တွေမှာ အောင်မြင်ဖို့ လွယ်ကူသူများ ဖြစ်ကြသလို အသင်းအဖွဲ့တွေမှာ ခေါင်းဆောင်ဖြစ်လွယ်သူများဖြစ်ပီး ပူးပေါင်းဆောင်ရွက်မှု အားကောင်းကြသလို တခြားသူကိုစည်းရုံးဆွဲဆောင်နိုင်ကြတဲ့ အရည်အသွေးကောင်းရှိသူများဖြစ်ကြပါတယ် ။ အသင်းအဖွဲ့တစ်ခုရဲ့ခေါင်းဆောင်ဟာ အဲဒီအမည်ရှင်ဖြစ်နေရင် အဲဒီအသင်းအဖွဲ့ဟာ အောင်မြင်ပီး တာရှည်ခံမှာဖြစ်ပါတယ် ။
နာမည်မှည့်ခေါ်မှုမှားယွင်းတဲ့ သမ္မဒါနအမည်ရှင်များနှင့် ပက္ခလမ်းကြောင်းပေါ်ရှိနေတဲ့ သမ္မဒါနအမည်ရှင်များဦးဆောင်တဲ့ အဖွဲ့ဆိုရင်တော့ မအောင်မြင်တဲ့အသင်းအဖွဲ့ ပြသနာပေါင်းစုံဖြစ်နေတဲ့ အသင်းအဖွဲ့ တာရှည်မခံတဲ့ အသင်းအဖွဲ့အဖြစ်တွေကို ရောက်ရှိသွားစေတတ်ပါတယ် ။
မိတ်ဆွေတို့ဟာ သက်ရောက်နှစ်တွေကို ဖြတ်ကျော်ကြတဲ့အခါ သမ္မဒါနကာရကဆိုတဲ့ဂြိုလ် အားကောင်းခြင်း မကောင်းခြင်းကလည်း အဓိကကျပါတယ် ။ သမ္မဒါနဂြိုလ် အားမကောင်းဘူး ဆိုးအားတွေပြနေပီဆိုရင် ပထမဆုံးမိသားစုထဲမှာ ပြဿနာ ထဖြစ်တော့တာပါပဲ ။ လူယုံသတ်တာတွေ ကိုယ့်အလုပ်သမားက ကိုယ့်ကိုဒုက္ခပေးတာတွေအပြင် အများနဲ့ စုပေါင်းလုပ်ကိုင်ရတဲ့လုပ်ငန်းမှန်သမျှ ရပ်ဆိုင်းသွားရတဲ့အထိ ဖြစ်သွားတတ်သလို အဲဒီနှစ်တွေမှာ လူစုပီးခရီးသွားတာတွေမှာခေါင်းဆောင်တင်မိခဲ့ရင်တော့ လမ်းခရီးတလျောက်ပြဿနာတွေတက်သလိုအစုလိုက်အပြုံလိုက် ဒုက္ခရောက်ရတဲ့ အဖြစ်တွေကြုံတွေ့ကြရတတ်ပါတယ် ။
ဒါကြောင့် နှစ်တနှစ်မှာ မွေးနံကအရေးကြီးသလို သမ္မဒါနဆိုတဲ့ဂြိုလ်ဟာလည်းဒုတိယအရေးပါတဲ့ ဂြိုလ်ဖြစ်ပါတယ် ။ ဂြိုလ်အိပ်ကာလတွေမှာ အဲဒီဂြိုလ်ဆိုးအားရှိနေတာပဲဖြစ်ဖြစ် သက်ရောက်တွေမှာ အဲဒီဂြိုလ်ဆိုးအားတွေ့ရင်ပဲဖြစ်ဖြစ် ကြိုတင်ကာကွယ် ပြုပြင်ထားဖို့လိုအပ်ပါတယ် ။
မိတ်ဆွေတို့ကို အကောင်းဆုံးအကြံပေးချင်တာက တနှစ်ကို တစ်ကြိမ်တော့ မိမိရဲ့ကံကြမ္မာကို မိမိကိုယ်တိုင်ပဲဖြစ်ဖြစ် နားလည်တတ်ကျွမ်းတဲ့ပညာရှင်တစ်ယောက်ယောက်နှင့်ဖြစ်ဖြစ် စစ်ဆေးထားသင့်ပါတယ် ။ နှစ်တနှစ်မှာ မကောင်းတဲ့ အနိဌဖြစ်နေတဲ့ ဂြိုလ်ကိုအမြဲဂရုစိုက်ပြုပြင်နေဖို့လိုပါတယ် ။
ဗေဒင်ဆိုတာ မယုံလဲရပါတယ် ။ မယုံလို့လဲ ဘာမှမဖြစ်ပါဘူး ။ ကိန်းဆိုတာ ကိန်းအဖြစ်တည်နေသရွေ့တော့ ဖြစ်ချင်မှလဲဖြစ်မယ် ။ မဖြစ်ချင်လဲမဖြစ်ဘူးလို့ ယူဆလို့ရပေမဲ့လို့ အဲဒီကိန်းကနေ ကံအဖြစ်ကို ပြောင်းလဲလာခဲ့မယ်ဆိုရင်တော့ကောင်းမဲ့ကံ ဆိုးမဲ့ကံတွေဟာ မလွဲမသွေ ကြုံတွေ့ရတတ်တာမို့ ကိန်းအဖြစ်ကနေ ကံအဖြစ်ကို ကူးပြောင်းမလာခင် ကြိုတင် ကာကွယ်နိုင်ကြမယ်ဆိုရင်ဖြင့် အကောင်းဆုံးပေါ့ ။
ရေးသားသူ –စာရေးဆရာ သာထက်ဇော်(မကွေး)တဲရော့ ၊ ဗေဒ ၊ လက္ခဏာ
မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။
မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။