ချစ်သူတေလာဆွစ်ဖ်ကို အားပေးဖို့ စင်ကာပူကို ထရာဗစ်ကယ်လ်စီ သွားရောက်မယ်လို့ သတင်းထွက်ရှိ

ချစ်သူတေလာဆွစ်ဖ်ကို အားပေးဖို့ စင်ကာပူကို ထရာဗစ်ကယ်လ်စီ သွားရောက်မယ်လို့ သတင်းထွက်ရှိ

Celebrity International News
ချစ်သူတေလာဆွစ်ဖ်ကို အားပေးဖို့ စင်ကာပူကို ထရာဗစ်ကယ်လ်စီ သွားရောက်မယ်လို့ သတင်းထွက်ရှိ

အမေရိကန်ကစားသမားအကျော်အမော် ထရာဗစ်ကယ်လ်စီဟာ မတ်လ ၇ ရက်နေ့ ဖျော်ဖြေမယ့် ချစ်သူ တေလာဆွစ်ဖ်ကို အားပေးဖို့ စင်ကာပူကို လာနေတယ်လို့ သတင်းထွက်ရှိခဲ့ပါတယ်။ မတ်လ ၆ ရက်နေ့က X (တွစ်တာ) မှာ တင်ထားတဲ့ ပို့စ်မှာ အားကစားနည်းပြ အဲရစ်ဖလာနာရီက ကယ်လ်စီရဲ့မန်နေဂျာက တေလာဆွစ်ဖ်ရဲ့ဖျော်ဖြေပွဲကို ကြည့်ဖို့ စင်ကာပူကို သွားတော့မယ်လို့ ဆိုခဲ့တာပါ။ အဲ့ဒါကြောင့်ပဲ အခုလို သတင်းထွက်ရှိလာခဲ့တာပါ။

အခုနှစ်အစောပိုင်းမှာ ကယ်လ်စီနဲ့ Kansas City Chiefs အသင်းက Super Bowl မှာ အနိုင်ရခဲ့တာပါ။ အဲဒီပွဲကို တေလာဆွစ်ဖ် တက်ရောက်ခဲ့ပြီး ကွင်းအတွင်း ဆင်းပြီး ချစ်သူကယ်လ်စီကို ဂုဏ်ပြုခဲ့ပါသေးတယ်။ ဖေဖော်ဝါရီလကလည်း ကယ်လ်စီက ဆစ်ဒနီမြို့မှာ ပြုလုပ်တဲ့ တေလာရဲ့ဖျော်ဖြေပွဲကို ကြည့်ဖို့ ဩစတြေးလျကို လာရောက်ခဲ့ပါတယ်။ ဖျော်ဖြေပွဲမတိုင်ခင် သူတို့စုံတွဲကို Sydney Zoo မှာ ချိန်းတွေ့ခဲ့တာကိုလည်း မြင်တွေ့ခဲ့ရပါတယ်။

တေလာဆွစ်ဖ်က မတ်လ ၇ ရက်နေ့၊ စင်ကာပူမှာ နောက်ဆုံးရှိုး ၃ ခုအနက် ပထမဆုံးဖျော်ဖြေပွဲကိုတင်ဆက်မှာဖြစ်ပါတယ်။ ပြီးရင် ဥရောပဖျော်ဖြေရေးခရီးစဉ်ကိုစတင်ဖို့ ပါရီကို သွားရောက်မှာဖြစ်ပါတယ်။

ရေးသားသူ –Yoyarlay

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

 

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...