ပရိသတ်ကြီးနဲ့အဆက်အသွယ် မပြတ်ရအောင် Social mediaမှာ ပုံလေးတွေတင်ပေးလာတဲ့ မိုးဟေကို
အမိုက်စားဘော်ဒီနဲ့ တစ်နေ့တခြား ပိုပိုလှလာတဲ့ မျက်နှာလေးကို ပိုင်ဆိုင်ထားပြီး အရမ်းကိုနုပျိုလှပလွန်းတဲ့ မိုးဟေကိုကတော့ ယောက်ျားလေး ပရိသတ်ရော မိန်းကလေး ပရိသတ်တွေပါ အားပေးကြတဲ့ မင်းသမီးချောလေးပါ ။
ပရိသတ်က ချစ်စနိုးခေါ်ကြတဲ့ မိုးက ကျော့ရှင်းလှပတဲ့ ပင်ကိုယ်အလှတရားတွေ ရှိသူလေး ဖြစ်ပြီး ဆွဲဆောင်မှုရှိတဲ့ ခန္တာကိုယ်လေးကို ပိုင်ဆိုင်ကာ အသက်အရွယ်နဲ့ လိုက်ဖက်အောင် ဝတ်စား ဆင်ယင်တတ် တာကြောင့် ပုရိသတွေရဲ့ သည်းသည်းလှုပ်ချစ်တာကို ခံနေရတာ ပဲဖြစ်ပါတယ်။ကျန်းမာရေးလည်း လိုက်စားတတ်တဲ့ မိုးဟာ ဆယ်ကျော်သက်လေးလို အမြဲနုပျိုလန်းဆန်း နေတာ လည်း တွေ့ရပါတယ်။
‘မိုး’ ရုပ်ရှင်ထုတ် လုပ်ရေးကို ဦးဆောင်နေသူ အနုပညာရှင်ပြည်သူ့အချစ်တော် မိုးဟေကိုက အနုပညာ လှုပ်ရှားမှုများမှာ ကြော်ငြာများရိုက်ကူးရေးစတင် နေပြီဖြစ်ပြီးသူမက ” Find beauty in simplicity
#MoeLifeAndBeauty #ကျွန်မချစ်သော #ပျော်ရွှင်ခြင်းနေ့သစ်များ စာသားလေးနဲ့သူမကိုချစ်တဲ့ ပရိသတ်တွေအတွက် အလှပုံလေးတွေဝေမျှပေးလာတာပဲဖြစ်ပါတယ်။
ရေးသားသူ –Let Pan News
မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။
မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။