သူမက” စိတ်ရင်းကောင်းပေမဲ့ ဒဲ့တိုးအိုးပေါက် ပြောတတ်တယ်” ဆိုတဲ့ သရုပ်ဆောင်ရွှေပိုးအိမ်

Celebrity Local News
သူမက” စိတ်ရင်းကောင်းပေမဲ့ ဒဲ့တိုးအိုးပေါက် ပြောတတ်တယ်” ဆိုတဲ့ သရုပ်ဆောင်ရွှေပိုးအိမ်

မင်းသမီးချောလေး ရွှေပိုးအိမ်က အနုပညာအလုပ်ကို ကြိုးစားလုပ်ကိုင်ရင်း ပရိသတ်အချစ်ကို ခံယူနေတဲ့ အနုပညာရှင်တစ်ယောက် ဖြစ်ပါတယ်။ရွှေပိုးအိမ် ပါဝင်သရုပ်ဆောင်ထားတဲ့ ဇာတ်ကားတွေကို ပရိသတ်တွေက အားပေးကြည့်ရှုကြပြီး သူမရဲ့ ပိုင်နိုင်တိကျတဲ့ သရုပ်ဆောင်ချက်တွေကြောင့် ဇာတ်ကားထဲ စီးမျောပါသွားရပါတယ်နော်။ရွှေပိုးအိမ်က ပြည့်ပြည့်ဖောင်းဖောင်းလေး နဲ့ချစ်စရာကောင်းတဲ့ ပုံလေးကြောင့်လူချစ်လူခင်ပေါများကာပရိသတ်တွေ ချစ်ခင်ကြတာလည်းဖြစ်ပါတယ်။

ရွှေပိုးကတော့ အနုပညာအလုပ်တွေဆက်တိုက် လုပ်နေသလို ပရဟိတ လုပ်ငန်းတွေမှာလည်း ကိုယ်တိုင်ပါဝင်ကူညီလုပ်ဆောင်နေတာလည်းတွေ့ရပါတယ်။လတ်တလာမှာတော့ အသားကပ်ရွေရောင်ဖက်ရှင်လေးကို ဝတ်ကာ သူမရဲ့ အလှတရားတွေပေါ်လွင်နေတဲ့ အသည်းယားစရာ ဟန်ပန်အမူအရာလေးနဲ့ ရိုက်ထားတဲ့ အမိုက်စားပုံလေးတွေ ကိုဖော်ပြထားတာတွေ့ ရပါတယ်။ပုံတိုင်းမှာရွှေပိုးတစ်ယောက် အရမ်းမိမိုက်လွန်းတာကြောင့် ပရိသတ် အချစ်ပိုစေမှာ အမှန်ပဲဖြစ်ပါတယ်။

ယခုအခါမှာတော့ သူမက” ရွှေပိုးက ကလေးဆန်တယ် စိတ်မြန်တယ်ဒေါသအရမ်းကြီးတယ်စိတ်ထဲခုပြီဆို မရတော့ဘူး ပြီးတော့လိုတာထပ် ပိုပြီး သည်းမခံတတ်ဘူးစိတ်ရင်းကောင်းတယ် ဒဲ့ဒိုးအိုးပေါက်ပြောတတ်တယ် အတင်းမပြောဘူး ဒဲ့ပြောတတ်တယ်…အဲ့တော့ ချစ်လား…” ဆိုပီး ပရိသတ်ကို မေးလာတာပဲဖြစ်ပါတယ်။

ရေးသားသူ –Let Pan News

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

 

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...