Asia Top Awards 2024 ဆုပေးပွဲမှာ Best Actor ဆုကိုရရှိခဲ့တဲ့ သရုပ်ဆောင် အလင်းရောင်
သရုပ်ဆောင်အလင်းရောင်ကတော့ အနုပညာလောကကိုဝင်ဝင်ခြင်းမှာပဲ ချောမောတဲ့ရုပ်ရည်အသွင်အပြင်ကြောင့် ပရိသတ်တွေကြား အထူးအားပေးခြင်းတွေရရှိခဲ့သူဖြစ်ပါတယ်။ ရုပ်ရှင်ဇာတ်ကားတွေမှာပါဝင်သရုပ်ဆောင်ရင်း သူ့ရဲ့ ထူးခြားတဲ့သရုပ်ဆောင်ချက်တွေကို ချပြနိုင်ခဲ့ပြီး ပရိသတ်ရင်ထဲမှာ နေရာပိုယူလာနိုင်ခဲ့တဲ့ သရုပ်ဆောင်တစ်ယောက်ဖြစ်ပါတယ်။
လတ်တလော Canal+ မှာပြသနေတဲ့ “ရင်ထဲကြွေတဲ့ကြယ်” ဇာတ်လမ်းတွဲမှာလည်း မင်းသမီးပိုးမမှီသာ၊ ပန်းရောင်ခြယ်တို့နဲ့အတူ ပါဝင်သရုပ်ဆောင်ထားပြီး ပရိသတ်တွေကြားရေပန်းစားနေတဲ့ ဇာတ်လမ်းတွဲတစ်ခုဖြစ်နေပါပြီ။
အခုတစ်ခါမှာတော့ မတ်လ (၁၈)ရက်နေ့က ဘန်ကောက်မြို့ Siam Paragon Shopping Mall မှာ ကျင်းပခဲ့တဲ့ Asia Top Awards 2024 ဆုပေးပွဲမှာ Best Actor ဆုကို မြန်မာနိုင်ငံမှ သရုပ်ဆောင် အလင်းရောင် က ရရှိခဲ့ပြီး တက်ရောက် ဆုလက်ခံ ရယူခဲ့ပါတယ်။
ရေးသားသူ –Myanmar Celebrity News
မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။
မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။