ကျောင်းဆရာနဲ့ dateတာရပ်လိုက်ပါပြီဆိုတဲ့ သရုပ်ဆောင်ခင်သဇင်
မော်ဒယ်ခင်သဇင်ကတော့ လေယာဉ်မယ်ဘဝကနေ အနုပညာမျိုးရိုးမရှိပေမဲ့ အနုပညာလောကထဲရောက်လာပြီး မော်ဒယ်ဖြစ်လာသူတယောက်ပါ။အခုလို အနုပညာလောကထဲကို ရောက်လာအောင် အဆိုတော်စိုင်းစိုင်းခမ်းလှိုင်ရဲ့ သီချင်းဗီဒီယိုမှာ ပါဝင်သရုပ်ဆောင်ရင်း အနုပညာလမ်းကြောင်းပေါ်ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။အဲ့ဒီအကြောင်းကိုလည်း ခင်သဇင်က “ကိုစိုင်းက လေယာဉ်ပေါ်မှာ ဇင် ကို တွေ့ပြီး သူ့သီချင်းထဲမှာ ရိုက်ဖို့ခေါ်တာ။ကိုစိုင်းကို ဇင်က ချစ်တယ်။သူ့ကြောင့်ပဲ အနုပညာစလုပ်ဖြစ်ခဲ့တာပါ။လေယာဉ်မယ်ကနေ Oh Oh ဟော့တယ် ရိုက်လိုက်လို့ ဒီ လမ်းကြောင်းပေါ်ရောက်ခဲ့တယ်။” ဆိုပြီး ပြောပြခဲ့တာဖြစ်ပါတယ်။
အခုတစ်ခါမှာတော့ သူမရဲ့အချစ်ရေးနဲ့ပက်သက်ပြီး ပြောပြလာတာပဲဖြစ်ပါတယ်။ “‘ကျောင်းဆရာ နဲ့ ဒိတ်ကြည့်နေတယ်လို့ ဖြေလိုက်လို့ ဆရာသမားတွေ၊ မိတ်ဆွေတွေက ဝိုင်းဆူကြတယ်။ မိန်းကလေး ဖြစ်ပြီး သိက္ခာကျတယ် ဆိုပြီး ဆူလို့ ငိုခဲ့ရတယ်။ အုတ်အော်သောင်းနင်း ဖြစ်ပြီးမှ ဒိတ်နေတဲ့ ကျောင်းဆရာ နဲ့ အဆင်မပြေဖြစ်လို့ ရပ်စဲလိုက်ပါပြီ’ “လို့ ပြောပြလာတာပဲဖြစ်ပါတယ်။
ရေးသားသူ -Myanmar Celebrity+
မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။
မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။