ရုံတင်ဝင်ငွေအပိုင်းမှာ လွှမ်းမိုးနေတဲ့ Dune: Part II နဲ့ Kung Fu Panda 4

Celebrity International News
ရုံတင်ဝင်ငွေအပိုင်းမှာ လွှမ်းမိုးနေတဲ့ Dune: Part II နဲ့ Kung Fu Panda 4

ယခုနှစ် မတ်လရဲ့ ဟောလိဝုဒ်ရုပ်ရှင်တွေထဲမှာ ဒါရိုက်တာ Denis Villeneuve ရဲ့ Dune: Part II ရုပ်ရှင်နဲ့ သရုပ်ဆောင် Jack Black ရဲ့ animated ရုပ်ရှင် Kung Fu Panda 4 တို့ဟာ ရုံတင်ဝင်ငွေရရှိမှုအပိုင်းမှာ အုပ်စိုးချုပ်ကိုင်နေလျက်ရှိပါတယ်။


မတ်လရဲ့ဒုတိယပတ်မှာ Kung Fu Panda 4 ဟာ မြောက်အမေရိကဒေသတွင်းရုံတင်ငွေ ကန်ဒေါ်လာ ၃၁.၅ သန်းအထိ ရရှိခဲ့တာကြောင့် မြောက်အမေရိကအပါအဝင် ရုံတင်ဝင်ငွေစုစုပေါင်း ကန်ဒေါ်လာ ၁၁၇ သန်းအထိ ရရှိသွားခဲ့ပြီဖြစ်ပါတယ်။

Universal နဲ့ Dream works တို့ရဲ့ Kung Fu Panda 4 ဟာ ဘတ်ဂျက်ငွေ ကန်ဒေါ်လာ ၈၅ သန်းအထိ အသုံးပြုခဲ့တာဖြစ်ပြီး ယခုအနေအထားဟာ ဝင်ငွေအရ အောင်မြင်မှုရရှိနေတဲ့အနေအထားတစ်ခုဖြစ်ပါတယ်။

မတ်လ ၈ ရက်နေ့က စတင်ရုံတင်ခဲ့တဲ့ Kung Fu Panda 4 မှာ Jack Black က Po အဖြစ် ပြန်လည်ပါဝင်ထားသလို ယခင် Kung Fu Panda သုံးကားမှာပါဝင်ခဲ့တဲ့ Furious Five (Master Tigress, Master Monkey, Master Crane, Master Mantis, Master Viper) တို့ကိုလည်း တွေ့မြင်ရမှာဖြစ်တဲ့အပြင် Dustin Hoffman ရဲ့ Master Shifu, James Hong ရဲ့ Mr. Ping (Po ရဲ့ မွေးစားအဖေ), Bryan Cranston ရဲ့ Li Shen (Po ရဲ့ အဖေအရင်း) နဲ့ Ian McShane ရဲ့ Tai Lung (Kung Fu Panda ၏ ပထမဆုံးဗီလိန်) တို့လည်း ပြန်လည်ပါဝင်လာကြပါသေးတယ်။

Suicide Squad သရုပ်ဆောင် Viola Davis က Kung Fu Panda 4 ရဲ့ အဓိကဗီလိန်ဇာတ်ကောင် ပုတ်သင်ညို Chameleon အဖြစ်၊ Everything Everywhere All At Once သရုပ်ဆောင် Ke Huy Quan ကတော့ Han ဆိုတဲ့ ဇာတ်ကောင်အဖြစ်၊ Shang-Chi and the Legend of the Ten Rings သရုပ်ဆောင် Awkwafina က Po ရဲ့ နဂါးသူရဲကောင်းဘွဲ့ကိုဆက်ခံမယ့် မြေခွေး Zhen အဖြစ် ပါဝင်ထားပါသေးတယ်။

ဒါရိုက်တာ Denis Villeneuve ရဲ့ Dune: Part II ရုပ်ရှင်ဟာလည်း ယခုအချိန်မှာ မြောက်အမေရိကဒေသတွင်းရုံတင်ငွေ ကန်ဒေါ်လာ ၁၈၄.၃ သန်း၊ နိုင်ငံတကာရုံတင်ငွေ ကန်ဒေါ်လာ ၂၁၂.၄ သန်း၊ စုစုပေါင်း ကန်ဒေါ်လာ ၃၉၆.၇ သန်းအထိ ရရှိခဲ့ပြီဖြစ်ပါတယ်။

ပြသချိန် ၁၆၅ မိနစ် (၂ နာရီ ၄၅ မိနစ်) ရှိတဲ့ Dune: Part II ကို ရုပ်ရှင်ရုံပေါင်း ၄၅၀၀ ထက်မနည်းမှာ ရုံတင်ပြသနေတာဖြစ်ပြီး လက်ရှိမှာ ဝေဖန်ရေးသမားတွေရဲ့အကြိုက်တွေ့မှုကိုသာမက ပရိသတ်တွေအားပေးမှုကိုပါ တခဲနက်ရရှိထားပါတယ်။
ဒါရိုက်တာ Denis Villeneuve ရဲ့ Dune နဲ့ Dune: Part II ဟာ စာရေးဆရာ Frank Herbert ရဲ့ Dune ဝတ္ထုစာစဥ်တွေထဲက ၁၉၆၅ ထုတ် Dune ဝတ္ထုကို အခြေတည်ရိုက်ကူးခဲ့တာဖြစ်ပြီး Dune: Part II မှာ Timothée Chalamet ရဲ့ Paul Atreides နဲ့ Zendaya ရဲ့ Chani တို့ကို ပြန်တွေ့ရမှာဖြစ်သလို Rebecca Ferguson, Josh Brolin, Javier Bardem, Dave Bautista, Charlotte Rampling, Stephen McKinley Henderson and Stellan Skarsgård, Austin Butler, Florence Pugh, Christopher Walken, Léa Seydoux နဲ့ Anya Taylor-Joy တို့လည်း ပါဝင်ထားပါတယ်။

ဒါ့အပြင် မကြာသေးခင်ကမှ ရုံတင်လိုက်တဲ့ မင်းသား Mark Wahlberg ရဲ့ Arthur the King ဆိုတဲ့ ဒရာမာရုပ်ရှင်ဟာလည်း ရလဒ်ကောင်းတစ်ခုရရှိနေပြီး CinemaScore A အဆင့် ရရှိထားပါတယ်။

Ref: Internet

ရေးသားသူ –Myanmar Varient Entertainment II

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

 https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

 

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...