နှလုံးအားနည်းသောသူတွေအတွက် အရမ်းကောင်းတဲ့ ဂုံခါးအမြစ်
ဂုံခါးသည် နွယ်ပင်ဖြစ်၏၊ နွယ်တွင် အမွှေး များရှိသည်၊ ကြီးရင့်သောအကိုင်းများသည် ခြေသလုံးအရွယ်ပင်ရှိသည်၊ အရွက်သည် ဗျက်ကျယ်သော နှလုံးပုံရှိကာ အဖျားသွယ်သည်၊
အရွက်အရောင် အဖြူရောင်အနဲငယ်စွတ်သည်၊ အဖြူရောင်မွှေးများအောက်ဖက်တွင်ဖုံးထားသည်။ ရွက်ထီးရွက်ဆိုင်ထွက်သည်၊ အဖြူရောင်ပန်းလေးများပွင့်သည်၊ဟင်းချိုချက်သော ဂုံပင် ခေါ် ဂုံချိုပင်ကမူ အဝါရောင်ဖြော့ဖြော့ပန်းလေးတွေပွင့်သည် အရွက်က အနဲငယ်သွယ်ပြီး ovate or elliptic ရှိသည်
ဆေးဖက်ဝင်သည့် အမြစ် အရွက်ပူ၏ ခါး၏ စပ်၏ ချို၏ ဝမ်းမီးကိုတောက်စေ၏ အစာကြေစေ၏ လေသလိပ်ကို နိုင်၏ လူကို ဝဖြိုးစေ၏ ဒူလာသရော ပါဒရက် ရောဂါများပျောက်စေ၏ ကာမအားတိုးစေပြီး ရသာယန အသက်ရှည်စေဖသာအပင်ဖြစ်သည်၊
ဆေးဘက်ဝင်ပုံ
၁။ သားသည်မိခင်များ နိုထွက်နည်းလျှင် အရွက်ကို ဟင်းချိုသောက်လျှင် နို့ရွှင်စေသည်။
၂။ နှလုံးအားနည်းသောရောဂါများအတွက် အမြစ်ကို ၃ခွက်တခွက်တင်ပြုတ်ရည်ပြု၍ တနေ့၂ကြိမ်သောက်ပါက သက်သာစေသည်။
၃။ မှတ်ဉာဏ်အားနည်းသောရောဂါ အတွက်အမြှစ်ကိုရှဥ့်မတက်ဥနှင့်ရောကြိတ်၍ ထောပတ် ပျားရည်များဖြင့်သောက်ပါက မှတ်ဉာဏ်တိုးတက်ကောင်းမွန်စေသည်။အရိုး အရွက် အပင် အမြှစ် ပဥ်စငါးပါးလုံး ခါးသည်။အရွက် အပင် အမြစ်ကို အဖျားဖြတ်ဆေးများတွင်၎င်း လျှာပွတ်ဆေးများတွင်၎င်း အသုံးပြုကြသည်။
ဆေး အ ဘိ ဓာန်များ တွင်ဂုံ ခါး ရွက်သည် အဆိပ်အတောက်များကို၄င်း အဖျားနာ-ငှက် ဖျား နာ များ ကို နိင်သည်။အပွင့်သည် သွေးချောက်၍ကြုံလှီသောအနာ-ချောင်းဆိုးနာ ဆာလောင်သောအနာ-ချွေးထွက်နည်းသော အနာတို့ကိုနိုင်သည်။
အမြစ်သည် ကျော တင်း သော အ နာ-ဝမ်းပြည့်နာ-ဝမ်း ၌ အ လုံး ရှိ သောအနာကို နိုင်၏။အ ဆိပ်အ တောက်နှင့်အဖျားတို့ပယ်ဖျောက်စေ တတ်၏။သွေး သည်ခြေ သ လိပ်နာ-လည် ချောင်း နာလျှာ နာ-အာခြောက်သွေ့သော အ နာတို့ကို နိုင်၏ဟု ဖွင့်ဆို သည်။
credit:မူရင်းရေးသားသူကိုလေးစားစွာဖြင့်
ရေးသားသူ –Shweu
မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။
မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။