နှစ် ၇၀ ကြာ သံအဆုတ်နဲ့ ရှင်သန်ပြီး ဂင်းနက်စ်စံချိန်တင်ခဲ့သူ ကွယ်လွန်ပြီ

International News
နှစ် ၇၀ ကြာ သံအဆုတ်နဲ့ ရှင်သန်ပြီး ဂင်းနက်စ်စံချိန်တင်ခဲ့သူ ကွယ်လွန်ပြီ

ထင်ကြေးတွေမှားကြောင်း သက်သေပြပြီး နှစ် ၇၀ ကြာ သံအဆုပ်နဲ့ အသက်ရှင်သန်နိုင်ခဲ့တဲ့ ရှေ့နေ ပေါလ်အလက်ဇန္ဒားဟာ ပြီးခဲ့တဲ့ တနင်္လာနေ့မွန်းလွဲပိုင်းက အသက် ၇၈ နှစ်အရွယ်မှာ ကွယ်လွန်သွားခဲ့ပါပြီ။ ပေါလ်ဟာ ၁၉၅၂ ခုနှစ် နွေရာသီက အသက် ၆ နှစ်သားအရွယ်မှာ ပိုလီယိုရောဂါ ဖြစ်ခဲ့ပါတယ်။ အဲဒီအချိန်က ပိုလီယိုကပ်ရောဂါရဲ့ အထွတ်အထိပ်ကာလဖြစ်ပြီး အမေရိကန်နိုင်ငံမှာ ပိုလီယိုရောဂါ ခံစားရသူ ၂၁၀၀၀ ကျော် ရှိခဲ့ပါတယ်။

ပေါလ်ဟာ ပိုလီယိုရောဂါကြောင့် လည်ပင်းကနေ ခန္ဓာကိုယ်အောက်ပိုင်းအထိ အကြောသေခဲ့ပြီး အသက်မရှူနိုင်ဘဲ ဖြစ်ခဲ့တာကြောင့် သံအဆုပ် အစားထိုး ထည့်သွင်းခဲ့ရတာပါ။ သံအဆုတ်ဆိုတာကတော့ လေဖိအားပြောင်းလဲပြီး အသက်ရှူသလို လုပ်ပေးနိုင်တဲ့ သံစည်ပိုင်းဖစ်ပါတယ်။ ပေါလ်က အဲဒီသံစည်ပိုင်းထဲမှာ လဲလျောင်းပြီး ရှင်သန်ခဲ့ရတာပါ။
ဆရာဝန်တွေက ပေါလ်ကို အသက်ဆက်ရှင်မယ်လို့ မထင်ကြပါဘူး။ သံအဆုတ်မှာ လျှပ်စစ်စွမ်းအင် ပြတ်တောက်သွားတာမျိုးကြုံခဲ့ပြီး အသက်ရှူအောင် လက်နဲ့ဖိပေးရတာမျိုး ကြုံခဲ့ပါသေးတယ်။ အိမ်နီးနားချင်းတွေ ကောင်းလို့လည်း ပေါလ် အသက်ရှည်ရှည် နေနိုင်ခဲ့တာပါ။ သူတို့က ကူညီပေးခဲ့ကြပါတယ်။

ပေါလ်ဟာ သံအဆုတ်ဆပ်ပြီး အချိန်အကြာဆုံးအသက်ရှင်နိုင်သူအဖြစ် ၂၀၂၃ ခုနှစ် မတ်လမှာ ဂင်းနက်စ်စံချိန် တင်ခဲ့ပါတယ်။ ပေါလ်ဟာ ကျန်းမာရေးမကောင်းပေမဲ့ သူ့အိပ်မက်တွေကို စူးစိုက်စွာ အကောင်အထည်ဖော်ခဲ့ပြီး ဥပဒေဘွဲ့ယူကာ ရှေ့နေအဖြစ် နှစ် ၃၀ ကျော် ဆောင်ရွက်ခဲ့သူပါ။

သူ့ရဲ့အတ္တုပ္ပတ္တိစာအုပ်ကိုလည်း သူကိုယ်တိုင် ထုတ်ဝေခဲ့ပါသေးတယ်။ သူက သံစည်ပိုင်းထဲမှာ လဲလျောင်းနေရပေမဲ့ ဘောပင်ကို ပါးစပ်ကကိုက်ပြီး စာရေးတာပါ။ ၂၀၂၂ ခုနှစ်မှာ သူ့ရဲ့ ဒုတိယမြောက်စာအုပ်ကို ရေးသားခဲ့ပါသေးတယ်။

ရေးသားသူ –Yoyarlay

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

 

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...