ကြက်သွန်မြိတ်တွေ ကြာရှည်အထားခံစေမယ့် နည်းလမ်းကောင်းနှစ်သွယ်

Knowledge
ကြက်သွန်မြိတ်တွေ ကြာရှည်အထားခံစေမယ့် နည်းလမ်းကောင်းနှစ်သွယ်

ကြက်သွန်မြိတ်ဆိုတာ အထိခိုက်မခံတဲ့ ဟင်းသီးဟင်းရွက် တစ်မျိုးပါ။ ဈေးထဲက ဝယ်လာတဲ့ ကြက်သွန်မြိတ်တွေကို သိမ်းဆည်းနည်း မမှန်လို့ကတော့ ခဏလေးနဲ နွမ်းသွားမှာ ဖြစ်ပါတယ်။ ဒီလိုဆိုတော့ ကြာရှည်အထားခံအောင် ကြက်သွန်မြိတ်တွေကို ဘယ်လိုသိမ်းရင် ကောင်းမလဲ။

ကြက်သွန်နီဥတွေက အခန်းအပူချိန်မှာ ထားရတာ ဖြစ်ပေမဲ့ ကြက်သွန်မြိတ်ကတော့ ရေခဲသေတ္တာထဲမှာမှ အထားခံတာပါ။ ဒါကြောင့် နည်းမှန်လမ်းမှန် သိမ်းဆည်းနည်းလေးကို ပြောပြပေးချင်ပါတယ်။

ပထမဆုံးအနေနဲ့ ကြက်သွန်မြိတ်တွေကို စည်းထားတဲ့ သားရေကွင်းကို ဖယ်ပါ။ ကြက်သွန်မြိတ်တွေကို အတိုအရှည် ညီအောင်စီပြီး အမြစ်ဖြတ်ပါ။ ဇစ်အိတ်ထဲမှာ အံကိုက် ထည့်လို့ရအောင် ထက်ဝက်ပိုင်းပါ။ ဇစ်အိတ်ထဲ ထည့်ကြည့်လို့မှ ထိုးထွက်နေတာတွေရှိရင် အဖျားတွေကို ညီအောင်လေး တိလိုက်ပါ။ ရေဆေးပြီးသားဖြစ်လို့ နည်းနည်းလေး ရေတင်နေတယ်လို့ထင်ရင် စက္ကူပုဝါလေးနဲ့ ညင်ညင်သာသာ သုတ်ပေးပါ။ ပြီးတာနဲ့ စက္ကူပုဝါအသစ်ထဲမှာ ကြက်သွန်မြိတ်အဖြူပိုင်းနဲ့ အစိမ်းပိုင်းတို့ကို သပ်သပ်စီ ထုတ်ပြီး ဇစ်အိတ်ထဲထည့်ပိတ်ကာ ရေခဲသေတ္တာအောက်ဆုံး ဟင်းရွက်ထည့်တဲ့အထပ်မှာ ထားလိုက်ရုံပါပဲ။

နောက်တစ်နည်းကတော့ ကြက်သွန်မြိတ်တွေကို ဖန်ပုလင်းထဲထည့်ပြီး အောက်ခြေတစ်လက်မ နှစ်လက်မ မြုပ်ရုံ ရေထည့်ပါ။ ပြီးရင် မီးဖိုချောင်ထဲက ပြတင်းပေါက်ဘောင်လေးနားမှာ ချထားပါ။ ဒါဆို အလင်းရောင် ထိတွေ့မှု ရတဲ့အတွက် ကြက်သွန်မြိတ်တွေက လတ်ဆတ်ပြီး ကြီးထွားမှာ ဖြစ်ပါတယ်။ နေ့တိုင်း ရေလဲပေးဖို့တော့ မေ့လို့မရပါဘူးနော်။
ဒီနည်းလမ်း၂ ခုကတော့ အိမ်ရှင်မတွေအတွက် ကျိန်းသေပေါက် အထောက်အကူ ဖြစ်စေမှာပါ။

ရေးသားသူ –Yoyarlay

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

 

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...