အကြွေးတောင်းလို့မရ၍သောကရောက်နေသူများအတွက် ယတြာ

Astrology
အကြွေးတောင်းလို့မရ၍သောကရောက်နေသူများအတွက် ယတြာ

အကြွေးတောင်းလို့မရ၍သောကရောက်နေသူများ မိမိ သားသမီး / ချစ်သူ /အိမ်ထောင်ဘက်နင့် အဆက်အသွယ်မရ၍သောကကြီးနေသူများအတွက် အရှေ့ဘက် အရပ်တွင် မျက်နာမူ၍ စတီးလင်ပန်း၁ချပ်ပေါ်ကွမ်း၂ရွက်မှောက်ရက်တင်ပါ။ ကွမ်းရွက်ပေါ် ပရုပ်ပြား ၂ချပ် တင်ပါ။ ပရုပ်ပြားကိုအစိမ်းရောင်အရောင်တင်မှုန့်ဖြင့်
ဖြူးထားရမည် (သို့မဟုတ်)ဆော့ပန် အစိမ်းဖြင့် ချယ်ထားရမည် ။ ကွမ်းရွက်ပေါ် တင်ပြီး မီးရှို့ ကာ အခြား စတီး လင်ပန်း ၁ချပ် ကို အုပ်ရပါမည်။

ထိုအခါ အုပ်ထားသော လင်ပန်းတွင် အမဲရောင် သန်းလာပါမည် ။ ထိုမီးခိုး အား လက် ခလယ် ဖြင့် တို့ပြီး စာရွက်ပြောင်အဖြူဖြင့် မိမိ အကြွေး ရမည့်သူ ( သို့မဟုတ် ) မိမိ ဆက်သွယ်ရစေချင်သူ ၏ နာမည်ကို ရေးပါ။ ပြီးပါက စာရွက်အား ခေါက်ပြီး စားပွဲ တခု ပေါ်တင်ပီး ခဲလုံး တခု ဖြင့် ဖိထားလိုက်ပါ။ အဆက်အသွယ် ရလာပါမည် ။

ဤ နည်းသည် ရှေးဆာဒူးများ၏ အလွန်အစွမ်းထက်သော နည်းဖြစ်ပါသည်။
မိမိဘက်မှ မှန်မှသာ ပြုလုပ်ရပါမည်။မိမိ ဘက်မမှန်ပါက မိမိအား ထိခိုက်မူ ချက်ချင်း ဖြစ်တတ်ပါသည်။မိမိရမည့်အကြွေး သည် မှန်ကန်ရမည်။အတိုးကြီးစားထားသောငွေမဖြစ်ရပါ။မိမိ အိမ်ထောင်ဘက်ကို ပြန်လာစေချင်သူများ မိမိ၏တရားဝင် အိမ်ထောင်ဘက် ဖြစ်ရပါမည်။

ရေးသားသူ –ဇာဇာ ဗေဒင် ယတြာ

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။