သင့်စည်းစိမ်တိုးပွားစေမည့် ဖုန်းရွှေငွေကြေးကုထုံးများ

Astrology
သင့်စည်းစိမ်တိုးပွားစေမည့် ဖုန်းရွှေငွေကြေးကုထုံးများ

ဖုန်းရွှေဟာ ငွေရေးကြေးရေးပြဿနာတွေကို ကုစားဖို့ နည်းလမ်းများစွာ ပေးပါတယ်။ သင့်အနေနဲ့ ငွေကြေးအကျပ်အတည်းတစ်စုံတစ်ရာ ကြုံဆုံနေရတယ်ဆိုရင် သင့်အိမ်မှာ နှိုးဆွအသက်သွင်းပေးရမယ့် အရာအချို့၊ နေရာအချို့ ကျိန်းသေပေါက်ရှိနေပါပြီ။
ဖုန်းရွှေနိယာမတွေဟာ ငွေကြေးကိုဆွဲဆောင်နိုင်တဲ့ ကံကောင်းခြင်းညှို့ဓာတ်တွေလည်း ပေးပါတယ်။

ဖုန်းရွှေမှာ အိမ်ရဲ့အရှေ့တောင်ပိုင်းဟာ စည်းစိမ်ဥစ္စာကို ကြီးစိုးပါတယ်။

– ငွေပြတ်လို့ ဖုန်းရွှေကုထုံးတွေရှာတဲ့အခါ ကိုင်တွယ်ရမယ့် ပထမဆုံးနေရာကတော့ သင့်အိမ်ရဲ့ အရှေ့တောင်ပိုင်းပဲဖြစ်ပါတယ်။ ဒီအပိုင်းဟာ ငွေကြေးစီးဆင်းမှုကို ကြီးစိုးတဲ့ဧရိယာပါ။ သင့်အနေနဲ့ အဲဒီနေရာမှာ နိမိတ်ကောင်းတဲ့ ချီစွမ်းအင်တွေနဲ့ချည်း ပြည့်နှက်နေစေချင်မှာ မလွဲပါဘူး။ ငွေကံရှိစေဖို့ အထူးသဖြင့် ငွေကြေးကုထုံးတစ်ရပ်ကို သင်လိုအပ်တယ်ဆိုရင် သင့်အနေနဲ့ လုပ်ဆောင်နိုင်တာလေးတွေ အနည်းငယ်ရှိပါတယ်။

ငွေကြေးထောင့်တွင် ချီစွမ်းအင်ကို အသက်သွင်းလှုံ့ဆော်ရန် ဗြုတ်စဗျင်းတောင်းဖြစ်မှုများအား လျှော့ချပါ။

– ရုတ်တရက်ကြည့်ရင်တော့ ဒီအချက်က အလွန်ရိုးရှင်းတဲ့စည်းမျဉ်းဆိုပေမဲ့ ငွေကြေးပေါကြွယ်ဝဖို့အတွက်တော့ အသက်သွေးကြောတမျှ အရေးကြီးလှပါတယ်။ သင့်အိမ် အထူးသဖြင့် အိမ်ရဲ့အရှေ့တောင်ပိုင်းမှာ အမှိုက်သရိုက်၊ ရှုပ်ပွမှုမှန်သမျှ ရှင်းထုတ်ပစ်ပါ။

စည်းစိမ်ဥစ္စာအား ဒင်္ဂါးပြားများဖြင့် ဆွဲဆောင်လိုက်ပါ။

– အလယ်မှာ စတုရန်းပုံအပေါက်ရှိတဲ့ တရုတ်ဒင်္ဂါးပြားဝိုင်းတွေဟာ ကမ္ဘာမြေနဲ့ ကောင်းကင်ဘုံအကြား စည်းလုံးညီညွတ်မှုကို ကိုယ်စားပြုပါတယ်။ ဒင်္ဂါးပြား သုံးပြား သို့မဟုတ် ခြောက်ပြားကို ဖဲကြိုးနီနဲ့တွဲချည်ပြီး အရှေ့တောင်ထောင့်မှာ ထားပြီး ငွေကံကို ဆွဲဆောင်လိုက်ပါ။

ငွေကြေးကံအတွက် ရေရုပ်တစ်ရုပ်ကိုပါ ထားရှိပါ။

– ငါးကန် သို့မဟုတ် ရေတံခွန် လိုမျိုး ရေရုပ်တစ်ရုပ်ကို ၎င်းအရှေ့တောင်ထောင့်ဧရိယာမှာ ထည့်သွင်းထားရှိနိုင်ပါတယ်။ သင့်ရဲ့ရေရုပ်ကို အမြဲတစေသန့်ရှင်းနေစေဖို့တော့ လိုပါတယ်။ သန့်သန့်ရှင်းရှင်းမထားဘူးဆိုရင်တော့ သင့်ငွေကြေးကံ ဆိုးသွားပါလိမ့်မယ်။

သစ်သားရုပ်ကိုလည်း ထားရှိပါ။

– သစ်သားဓာတ်ဟာ သင့်အိမ်ရဲ့ အရှေ့တောင်အပိုင်းကို ကြီးစိုးပါတယ်။ သစ်ပရိဘောဂတွေ၊ အရွက်ချွန်မပါတဲ့ သစ်ပင်တွေ စတဲ့ သစ်သားဓာတ်ရုပ်တွေကို ထားရှိပြီး သင့်အိမ်ရဲ့သစ်သားဓာတ်ကို နှိုးဆွလိုက်ပါ။

ကြွယ်ဝပေါများရန် အရောင်ထည့်ပါ။

– ငွေကြေးကံဂုဏ်သတ္တိ ပိုမိုအားကောင်းစေချင်တယ်ဆိုရင်တော့ အိမ်ရဲ့ အရှေ့တောင်ပိုင်းမှာ အရောင်လေးတွေကိုလည်း အသုံးပြုနိုင်ပါတယ်။ ဘယ်လိုအရောင်တွေလဲဆိုတော့ ရေဓာတ်အားဖြည့်ထားတဲ့ သစ်သားရောင်လေးတွေပဲဖြစ်ပါတယ်။ ဥပမာ – အစိမ်း၊ အညိုနဲ့ အပြာ။ တစ်ရောင်ထက်ပိုပြီး အသုံးပြုလို့ရပါတယ်။

၎င်းအရပ်တွင် မီးအလင်းရောင်ကောင်းကောင်းရှိပါစေ။

– မီးအလင်းရောင်ဆိုတာကတော့ ဖုန်းရွှေကုထုံးလိုအပ်နေတဲ့ ဧရိယာအများစုအတွက် ဖုန်းရွှေကုထုံးတစ်ခုပဲဖြစ်ပါတယ်။ အိမ်ရဲ့အရှေ့တောင်ထောင့်မှာ မီးအလင်းရောင်ကောင်းကောင်းရပြီး အားဖြည့်ပေးဖို့ စားပွဲတင်မီးအိမ်၊ ကြမ်းခင်းမီးချောင်း စတာတွေကို နေ့စဉ် အနည်းဆုံး ငါးနာရီကြာ ထွန်းလင်းပေးရပါမယ်။

အသပြာဖုန်းရွှေအတွက် အသပြာပန်းအိုးတစ်လုံးဖန်တီးပါ။

– ဒီရှေးဟောင်းလျှို့ဝှက်ငွေကြေးကုထုံးက ဘယ်သူ့အတွက်မဆို အလုပ်ဖြစ်ပါတယ်။
– အဝကျယ်ကျယ်၊ လည်ပင်းကျဉ်းကျဉ်း (ဝင်ပြီးငွေများပြန်မထွက်နိုင်ရန်)၊ ဖင်ကျယ်ကျယ်နဲ့ အဖုံးပါတဲ့ ကြွေပန်းအိုးတစ်လုံးကို အသုံးပြုပါ။
– သူဌေးတစ်ယောက်ရဲ့ငွေ၊ မိမိနှစ်သက်ရာအိမ်ပုံ၊ ကားပုံ၊ ရတနာပစ္စည်းပုံ စသဖြင့် အဖိုးတန်ပစ္စည်းပုံဆောင်လေးတွေကို ၎င်းအိုးထဲထည့်ပါ။

– အိုးအဖုံးကိုပိတ်ပြီး လည်ပင်းနေရာကို အနီ၊ အဝါ၊ အပြာ၊ အစိမ်းနဲ့ အဖြူ (ဓာတ်ကြီးငါးပါးကိုယ်စားပြုအရောင်များ) အရောင်တွေရှိတဲ့ ဖဲကြိုးငါးခုနဲ့ စီးပါ။

– ပြီးလျှင် ထိုအိုးကို လုံခြုံတဲ့အမြင့်တစ်နေရာမှာ ဘယ်သူမှမမြင်၊ မသိအောင် ထားရှိသိမ်းဆည်းပါ။ သိုလှောင်တဲ့နေရာဟာ သူများတွေ လက်လှမ်းမမီအသုံးမပြုကြတဲ့နေရာဖြစ်လေ ကောင်းလေပါပဲ။

– ငွေအိုးကို တံခါးနား မထားရ။ မလှုပ်ရ။ မီးဖိုချောင်နှင့် ရေချိုးခန်းအိမ်သာတို့တွင် ထားရှိခြင်းမှလည်း ရှောင်ကြဉ်ပါ။

– အိမ်ရဲ့အရှေ့တောင်အပိုင်းက အကောင်းဆုံးနေရာဖြစ်ပါတယ်။ အထူးသဖြင့် သင့်အိမ်ရဲ့အတွင်းပိုင်းကျလေ ကောင်းလေပါပဲ။

ငွေသင်္ဘောရွက်လွှင့်ခြင်းကုထုံး

– ငွေသင်္ဘောဟာ အတော်လေးကောင်းတဲ့ဓနဥစ္စာကုထုံးပါ။ နိမိတ်ကောင်းတဲ့လေတွေကို ဖြတ်သန်းလာတဲ့ ရွက်လှေဟာ သင့်ဆီကိုလည်း ဓနဥစ္စာတွေ ဆောင်ကြဉ်းလာမှာပါ။ ဒီကုထုံးကတော့ သင့်ဝင်ငွေကို တိုးစေဖို့အသုံးပြုရတာပဲဖြစ်ပါတယ်။
– ရွက်တွေ ရှိပြီး အမြောက်လိုမျိုး လက်နက်တစ်စုံတစ်ရာမရှိတဲ့ သင်္ဘောပုံဆောင်ရုပ်ကို ရွေးချယ်ပါ။
– သင်္ဘောကုန်းပတ်မှာ ငွေစက္ကူအစစ်နဲ့ အခြားငွေကြေးသင်္ကေတပုံဆောင် (ဥပမာ- ရွှေတုံးရုပ်၊ ကျောက်မျက်ရတနာ) တွေကို ထားရှိပါ။

– သင်္ဘောတွေကို အိမ်ရဲ့အရှေ့တောင်အပိုင်းမှာ အရပ်မျက်နှာအမျိုးမျိုးကို မျက်နှာမူကာ ထားရှိပါ။ ပြတင်းတံခါးတွေဘက်မျက်နှာမူခြင်းကို ရှောင်ကြဉ်ပြီး အိမ်အတွင်းဘက်ကိုတော့ မဖြစ်မနေမျက်နှာမူရပါမယ်။
– တစ်စင်းထက်ပိုတဲ့ သင်္ဘောတွေက ဝင်ငွေလမ်းကြောင်းများစွာကို ကူညီဖန်တီးပေးမှာပါ။

ငွေကြေးကံအတွက် ယေဘုယျဖုန်းရွှေကုထုံးများ
ခြေသုံးချောင်းဖား

– ငွေဖားလို့လည်း ခေါ်ကြတဲ့ ဒီအထင်ကရရုပ်တုကို ငွေကြေးကံပြုပြင်ဖို့ အသုံးပြုနိုင်ပါတယ်။ ဖားပါးစပ်ထဲ ဒင်္ဂါးပြားတစ်ပြား ထည့်ပြီး ၎င်းဖားကို စားပွဲ၊ စာအုပ်စင်တွေပေါ် ထင်ထင်ရှားရှားထားရှိပါ။

ပိုက်ဆံအိတ်

– အနီရောင်ဖဲကြိုးချည်ထားတဲ့ ဒင်္ဂါးသုံးပြားကို သင့်ပိုက်ဆံအိမ်ထဲ ထည့်ထားပါ။ တရုတ်ငွေဒင်္ဂါးပြားထည့်ပိတ်ထားတဲ့ အနီရောင်တရုတ်စာအိတ်တစ်အိတ်ကိုလည်း ထည့်ပါ။ နှစ်ခုစလုံးက ငွေကံကို ဆွဲဆောင်ပါလိမ့်မယ်။

အနီရောင်နှင့်ရွှေရောင်စပ်

– ၎င်းအရောင်စပ်က မီးနဲ့သတ္တုကို ကိုယ်စားပြုပါတယ်။ ဒီအရောင်စပ်ကို အရှေ့တောင်အရပ်မှာ အသုံးပြုပေးပါက ငွေကြေးကံကို ဆွဲဆောင်ပေးပါလိမ့်မယ်။

ရေးသားသူ –ဇာဇာ ဗေဒင် ယတြာ

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

 

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...